[Zawgyi]

Gaming Smartphone နယ္ပယ္မွာ ၿပိဳင္ဆိုင္မႈေတြ ျပင္းထန္လာေတာ့မွာပါ။ တရားခံကေတာ့ မၾကာခင္က Qualcomm ေၾကညာလိုက္တဲ့ Snapdragon 855 Plus Chipset အသစ္ေၾကာင့္ပါ။  Asus က သူ႔ရဲ႕ ROG Phone အသစ္မွာ Snapdragon 855 Plus ကို အသံုးျပဳမယ္လို႔ ေၾကညာၿပီး ရက္ပိုင္းအတြင္းမွာပဲ ZTE ရဲ႕ ဘရန္းခြဲ Nubia ကလည္း အားက်မခံ Red Magic 3 ကို Snapdragon 855 Plus နဲ႔ အဆင့္ျမွင့္မယ္လို႔ တုန္႔ျပန္လိုက္ပါတယ္။

တရုတ္လူမႈကြန္ရက္ ၀ီဘိုမွာ Red Magic Account ကေန “ စိန္ေခၚမႈေတြကို မေၾကာက္ပါဘူး။ Trends ေတြ ေျပာင္းလဲတာ ျမန္ဆန္လြန္းပါတယ္။ ေနာက္ဆံုးထုတ္ထားတဲ့ Gaming Smartphone မွာ Snapdragon 855 Plus နဲ႔ အဆင့္ျမွင့္ထားမွာ ျဖစ္ပါတယ္။ “ လို႔ သတင္းထုတ္ျပန္လိုက္ပါတယ္။ လက္ရွိ ေရာင္းခ်ထားတဲ့ Red Magic 3 ကို ေစ်းေလွ်ာ့ေပးမလား၊ ေမာ္ဒယ္ အသစ္နဲ႔အတူ ေမာ္ဒယ္ အေဟာင္းကိုပါ ေရာင္းခ်မလား၊ အေဟာင္းကို ရပ္နားၿပီး အသစ္ကိုသာ ေရာင္းခ်မလား ဆိုတဲ့ သတင္းအခ်က္အလက္မ်ားကို မသိရေသးပါဘူး။ မၾကာခင္မွာ အဲဒီ သတင္းအခ်က္အလက္မ်ားကို သိလာရမယ္လို႔ ထင္ရပါတယ္။

အေစာပိုင္းက Vivo ဟာ  5G ဆက္သြယ္မႈ ပါတဲ့ iQOO ေမာ္ဒယ္ အသစ္ကို ျပင္ဆင္ေနတယ္လို႔ သတင္းထြက္ခဲ့ပါတယ္။ အဲဒီ စမတ္ဖုန္းမွာ Snapdragon 855 Plus ကို ထည့္သြင္းထားႏုိင္ပါတယ္။ Gaming Phone နယ္ပယ္မွာ ယွဥ္ၿပိဳင္ေနတဲ့ Xiaomi က ၿပီးခဲ့တဲ့ ႏွစ္မွာ Black Shark Devices ၂ လံုးကို ေရာင္းခ်ခဲ့ပါတယ္။ Black Shark 2 ကိုလည္း ဒီႏွစ္မွာ ေရာင္းခ်ထားပါတယ္။ ေနာက္ေမာ္ဒယ္ အသစ္ကို ေအာက္တိုဘာလေလာက္မွာ ေၾကညာႏိုင္ပါတယ္။ သူ႔မွာလည္း Snapdragon 855 Plus ပါလာဖို႔ မ်ားပါတယ္။

Ref : gsmarena

[Unicode]

Nubia က Red Magic 3 ကို Snapdragon 855 Plus နဲ့ အဆင့်မြှင့်မည်

Gaming Smartphone နယ်ပယ်မှာ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာတော့မှာပါ။ တရားခံကတော့ မကြာခင်က Qualcomm ကြေညာလိုက်တဲ့ Snapdragon 855 Plus Chipset အသစ်ကြောင့်ပါ။ Asus က သူ့ရဲ့ ROG Phone အသစ်မှာ Snapdragon 855 Plus ကို အသုံးပြုမယ်လို့ ကြေညာပြီး ရက်ပိုင်းအတွင်းမှာပဲ ZTE ရဲ့ ဘရန်းခွဲ Nubia ကလည်း အားကျမခံ Red Magic 3 ကို Snapdragon 855 Plus နဲ့ အဆင့်မြှင့်မယ်လို့ တုန့်ပြန်လိုက်ပါတယ်။

တရုတ်လူမှုကွန်ရက် ဝီဘိုမှာ Red Magic Account ကနေ “ စိန်ခေါ်မှုတွေကို မကြောက်ပါဘူး။ Trends တွေ ပြောင်းလဲတာ မြန်ဆန်လွန်းပါတယ်။ နောက်ဆုံးထုတ်ထားတဲ့ Gaming Smartphone မှာ Snapdragon 855 Plus နဲ့ အဆင့်မြှင့်ထားမှာ ဖြစ်ပါတယ်။ “ လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။ လက်ရှိ ရောင်းချထားတဲ့ Red Magic 3 ကို ဈေးလျှော့ပေးမလား၊ မော်ဒယ် အသစ်နဲ့အတူ မော်ဒယ် အဟောင်းကိုပါ ရောင်းချမလား၊ အဟောင်းကို ရပ်နားပြီး အသစ်ကိုသာ ရောင်းချမလား ဆိုတဲ့ သတင်းအချက်အလက်များကို မသိရသေးပါဘူး။ မကြာခင်မှာ အဲဒီ သတင်းအချက်အလက်များကို သိလာရမယ်လို့ ထင်ရပါတယ်။

အစောပိုင်းက Vivo ဟာ 5G ဆက်သွယ်မှု ပါတဲ့ iQOO မော်ဒယ် အသစ်ကို ပြင်ဆင်နေတယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အဲဒီ စမတ်ဖုန်းမှာ Snapdragon 855 Plus ကို ထည့်သွင်းထားနိုင်ပါတယ်။ Gaming Phone နယ်ပယ်မှာ ယှဉ်ပြိုင်နေတဲ့ Xiaomi က ပြီးခဲ့တဲ့ နှစ်မှာ Black Shark Devices ၂ လုံးကို ရောင်းချခဲ့ပါတယ်။ Black Shark 2 ကိုလည်း ဒီနှစ်မှာ ရောင်းချထားပါတယ်။ နောက်မော်ဒယ် အသစ်ကို အောက်တိုဘာလလောက်မှာ ကြေညာနိုင်ပါတယ်။ သူ့မှာလည်း Snapdragon 855 Plus ပါလာဖို့ များပါတယ်။

Ref : gsmarena