လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ပြုလုပ်သွားဖို့ ရှိနေတဲ့ Mobile World Congress (MWC) Event ဟာ အခုအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရားဝင်ဖျက်သိမ်းသွားပြီဖြစ်ပါတယ်။

အဲ့ဒီအတွက် အဆိုပါ MWC 2020 Event မှာ Product အသစ်တွေကိုမိတ်ဆက်သွားဖို့ရှိနေတဲ့ စမတ်ဖုန်းကုမ္ပဏီအများအပြားက လာရောက်မိတ်ဆက်မယ့် အစီအစဥ်တွေကို အသီးသီးဖျက်သိမ်းသွားကြသလို တချို့ ကုမ္ပဏီတွေကလည်း Online-only Event ပဲ ပြုလုပ်သွားတော့မှာဖြစ်ပါတယ်။

အခုလည်း Nubia ကနေ MWC 2020 Event မှာ စမတ်ဖုန်းအသစ်ဖြစ်တဲ့ Red Magic 5G စမတ်ဖုန်းကို ပြသသွားမှာမဟုတ်တော့ဘူးဆိုပြီး တရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ကုမ္ပဏီရဲ့ Weibo Account မှာ တရားဝင်တင်ထားခဲ့တာဖြစ်ပြီး MWC လိုမျိုး Global Launch အစား တရုတ်နိုင်ငံမှာပဲ ပြောင်းလဲမိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။

Nubia ရဲ့ Red Magic 5G စမတ်ဖုန်းဟာ 144Hz Refresh Rate ကို Support ပြုလုပ်တဲ့ ကမ္ဘာ့ပထမဆုံး Gaming ဖုန်းတစ်လုံးဖြစ်လာမှာဖြစ်ပြီး ယခင်ထွက်ရှိထားတဲ့သတင်းတွေအရဆိုရင် 80W Fast Charging ကိုပါ Support ပြုလုပ်လာနိုင်ဖွယ်ရှိနေပါတယ်။ အခုလိုမျိုး တရုတ်နိုင်ငံမှာပဲ ပြောင်းလဲမိတ်ဆက်သွားမယ်ဆိုပေမယ့် အချိန်အတိအကျကိုတော့ ထုတ်ပြန်ထားခြင်းမရှိပါဘူး။

Ref – GSM Arena