[Zawgyi]

Nubia Z20 ကိုု ၿပီးခဲ့တဲ့ လက ေၾကညာခဲ့ၿပီး လက္ရွိမွာ တရုတ္မွာသာ ေရာင္းခ်ေပးထားပါတယ္။ ေအာက္တိုဘာလ ၁၄ ရက္ေန႔မွာ US, Europe, Canada နဲ႔ UK တို႔မွာ ေရာင္းခ်ေတာ့မွာ ျဖစ္ပါတယ္။ Nubia က “Unbox the Future” Campaign ရဲ႕ တစ္စိတ္တစ္ပိုင္း အေနနဲ႔ Z20 ကို လက္ေဆာင္ေပးမယ့္ အစီအစဥ္ကိုလည္းျပဳလုပ္ေပးမွာ ျဖစ္ပါတယ္။ ကုမၸဏီက Google Play နဲ႔ Amazon တို႔ရဲ႕ Gift Cards ေတြကိုလည္း လက္ေဆာင္ေပးမွာပါ။

အဲဒီဖုန္းမွာ စြမ္းေဆာင္ရည္ျမင့္ Snapdragon 855+ Chipset ထည့္သြင္းထားၿပီး 512GB Storage အထိ ေရြးခ်ယ္ႏိုင္ပါတယ္။ အေနာက္ဘက္မွာ မ်က္ႏွာျပင္ အပို ၁ ခု ပါတာက ထူးျခားခ်က္ပါ။ မ်က္ႏွာျပင္ ၂ ခုကို သီးျခား ဖြင့္ႏုိင္၊ ပိတ္ႏုိင္ပါတယ္။ App ေတြကိုလည္း မ်က္ႏွာျပင္ ၂ ခု အၾကားမွာ ေျပာင္းလဲသံုးႏုိင္ပါတယ္။ အေနာက္ဘက္ မ်က္ႏွာျပင္ကို Always-on Display အေနနဲ႔ သံုးႏုိင္ပါတယ္။ Android Pie အေျချပဳ Nubia UI 7.0 ထည့္သြင္းထားပါတယ္။

Nubia က အရင္ႏွစ္ကလည္း မ်က္ႏွာျပင္ ၂ ခု ပါတဲ့ Nubia X ကို ေရာင္းခ်ခဲ့ဖူးပါတယ္။ Nubia Z20 ရဲ႕  အေရွ႕မွာ ၆.၄၂ လက္မ FHD+ AMOLED Display ပါၿပီး မ်က္ႏွာျပင္ ေဘးေဘာင္ေတြဟာ မရွိသေလာက္ ပါးလႊာပါတယ္။  အေရွ႕ ကင္မရာေတြ မပါပါဘူး။ အေနာက္မွာ ၅.၁ လက္မ HD+ AMOLED Display ၁ ခု အပိုပါတဲ့အတြက္ အေနာက္ကင္မရာေတြကေန ဆဲလ္ဖီးဆြဲႏုိင္ပါတယ္။

Nubia Z20 မွာ အေနာက္ ကင္မရာ ၃ လံုး ထည့္သြင္းထားပါတယ္။ ပင္မ ကင္မရာက 48MP Sony IMX 585 Sensor ျဖစ္ၿပီး OIS ပါပါတယ္။ ေနာက္ထပ္ ကင္မရာ ၂ လံုးက 16MP Ultrawide နဲ႔ 8MP Telephoto 3X Optical Zoom ေတြ ျဖစ္ပါတယ္။ LED Flash ၂ လံုး ပါပါတယ္။ 8K Video ေတြကို ရိုက္ကူးေပးႏိုင္ပါတယ္။ 6GB or 8GB RAM နဲ႔ 128GB or 512GB  UFS 3.0 Storage ေတြ ေရြးခ်ယ္ႏုိင္ပါတယ္။ 27W Fast Charging ပါတဲ့ 4,000mAh Battery ထည့္သြင္းထားပါတယ္။

လက္ေဗြရာ ကိရိယာကို ဖုန္းရဲ႕ ေဘး ၂ ဖက္စလံုးမွာ ထည့္ထားတဲ့ အတြက္ ဘယ္ Display ကိုပဲ သံုးသည္ျဖစ္ေစ အဆင္ေျပေစမွာပါ။ ဖုန္းရဲ႕ ေဘးဘက္ေတြဟာ ဖိအားကို အာရံုခံႏိုင္ေအာင္ ဖန္တီးထားၿပီး ေဘးဘက္ကို ႏွိပ္ျခင္းျဖင့္ Digital Assistant ကို ဆင့္ေခၚႏုိင္တဲ့ အလုပ္ေတြကို ျပဳလုပ္ႏုိင္ပါတယ္။ အနက္၊ အျပာနဲ႔ လိေမၼာ္ေရာင္ေတြ ထုတ္လုပ္ေပးထားၿပီး တရုတ္မွာ ႀကိဳတင္မွာယူႏိုင္ပါၿပီ။   6/128GB , 8/128GB , 8/512GB ေတြ ထုတ္လုပ္ထားၿပီး ျမန္မာေငြ ၇၄၀ ၀၀၀ ၊ ၇၉၀ ၀၀၀ နဲ႔ ၈၉၀ ၀၀၀ ေလာက္ အသီးသီး က်သင့္ႏုိင္ပါတယ္။

Ref : gsmarena

[Unicode]

အောက်တိုဘာလ ၁၄ ရက်နေ့မှာ Nubia Z20 ကို ကမ္ဘာအဝန်းမှာ ရောင်းမည်

Nubia Z20 ကို ပြီးခဲ့တဲ့ လက ကြေညာခဲ့ပြီး လက်ရှိမှာ တရုတ်မှာသာ ရောင်းချပေးထားပါတယ်။ အောက်တိုဘာလ ၁၄ ရက်နေ့မှာ US, Europe, Canada နဲ့ UK တို့မှာ ရောင်းချတော့မှာ ဖြစ်ပါတယ်။ Nubia က “Unbox the Future” Campaign ရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ Z20 ကို လက်ဆောင်ပေးမယ့် အစီအစဉ်ကိုလည်းပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ကုမ္ပဏီက Google Play နဲ့ Amazon တို့ရဲ့ Gift Cards တွေကိုလည်း လက်ဆောင်ပေးမှာပါ။

အဲဒီဖုန်းမှာ စွမ်းဆောင်ရည်မြင့် Snapdragon 855+ Chipset ထည့်သွင်းထားပြီး 512GB Storage အထိ ရွေးချယ်နိုင်ပါတယ်။ အနောက်ဘက်မှာ မျက်နှာပြင် အပို ၁ ခု ပါတာက ထူးခြားချက်ပါ။ မျက်နှာပြင် ၂ ခုကို သီးခြား ဖွင့်နိုင်၊ ပိတ်နိုင်ပါတယ်။ App တွေကိုလည်း မျက်နှာပြင် ၂ ခု အကြားမှာ ပြောင်းလဲသုံးနိုင်ပါတယ်။ အနောက်ဘက် မျက်နှာပြင်ကို Always-on Display အနေနဲ့ သုံးနိုင်ပါတယ်။ Android Pie အခြေပြု Nubia UI 7.0 ထည့်သွင်းထားပါတယ်။

Nubia က အရင်နှစ်ကလည်း မျက်နှာပြင် ၂ ခု ပါတဲ့ Nubia X ကို ရောင်းချခဲ့ဖူးပါတယ်။ Nubia Z20 ရဲ့ အရှေ့မှာ ၆.၄၂ လက်မ FHD+ AMOLED Display ပါပြီး မျက်နှာပြင် ဘေးဘောင်တွေဟာ မရှိသလောက် ပါးလွှာပါတယ်။ အရှေ့ ကင်မရာတွေ မပါပါဘူး။ အနောက်မှာ ၅.၁ လက်မ HD+ AMOLED Display ၁ ခု အပိုပါတဲ့အတွက် အနောက်ကင်မရာတွေကနေ ဆဲလ်ဖီးဆွဲနိုင်ပါတယ်။

Nubia Z20 မှာ အနောက် ကင်မရာ ၃ လုံး ထည့်သွင်းထားပါတယ်။ ပင်မ ကင်မရာက 48MP Sony IMX 585 Sensor ဖြစ်ပြီး OIS ပါပါတယ်။ နောက်ထပ် ကင်မရာ ၂ လုံးက 16MP Ultrawide နဲ့ 8MP Telephoto 3X Optical Zoom တွေ ဖြစ်ပါတယ်။ LED Flash ၂ လုံး ပါပါတယ်။ 8K Video တွေကို ရိုက်ကူးပေးနိုင်ပါတယ်။ 6GB or 8GB RAM နဲ့ 128GB or 512GB UFS 3.0 Storage တွေ ရွေးချယ်နိုင်ပါတယ်။ 27W Fast Charging ပါတဲ့ 4,000mAh Battery ထည့်သွင်းထားပါတယ်။

လက်ဗွေရာ ကိရိယာကို ဖုန်းရဲ့ ဘေး ၂ ဖက်စလုံးမှာ ထည့်ထားတဲ့ အတွက် ဘယ် Display ကိုပဲ သုံးသည်ဖြစ်စေ အဆင်ပြေစေမှာပါ။ ဖုန်းရဲ့ ဘေးဘက်တွေဟာ ဖိအားကို အာရုံခံနိုင်အောင် ဖန်တီးထားပြီး ဘေးဘက်ကို နှိပ်ခြင်းဖြင့် Digital Assistant ကို ဆင့်ခေါ်နိုင်တဲ့ အလုပ်တွေကို ပြုလုပ်နိုင်ပါတယ်။ အနက်၊ အပြာနဲ့ လိမ္မော်ရောင်တွေ ထုတ်လုပ်ပေးထားပြီး တရုတ်မှာ ကြိုတင်မှာယူနိုင်ပါပြီ။ 6/128GB , 8/128GB , 8/512GB တွေ ထုတ်လုပ်ထားပြီး မြန်မာငွေ ၇၄၀ ၀၀၀ ၊ ၇၉၀ ၀၀၀ နဲ့ ၈၉၀ ၀၀၀ လောက် အသီးသီး ကျသင့်နိုင်ပါတယ်။

Ref : gsmarena