[Zawgyi]

Display ၂ ခုပါၿပီး ဒီဇိုင္းဆန္းတဲ့ Nubia Z20 ကို ၾသဂုတ္လက ေၾကညာခဲ့ပါတယ္။ အဲဒီ အခ်ိန္တုန္းက Diamond Black နဲ႔ Koi Red အေရာင္ေတြသာ ၀ယ္ယူႏုိင္ခဲ့ပါတယ္။ အခုေတာ့ Star Blue အေရာင္ကို ေအာက္တိုဘာလ ၅ ရက္မွာ ေရာင္းမယ္လို႔ ကုမၸဏီက ေၾကညာလိုက္ပါတယ္။ Z20 အတြက္ 6/128GB , 8/128GB , 8/512GB ေတြ ထုတ္လုပ္ထားၿပီး ယြမ္ ၃,၄၉၉ ၊ ၃,၆၉၉ နဲ႔ ၄,၁၉၉ အသီးသီး သတ္မွတ္ထားပါတယ္။  ျမန္မာေငြ ၇၅၀,၀၀၀ ၊ ၇၉၀,၀၀၀ နဲ႔ ၉၀၀,၀၀၀ ေလာက္ အသီးသီး က်သင့္ႏုိင္ပါတယ္။ Star Blue အေရာင္အတြက္ 8/128GB သာ ထုတ္လုပ္ေပးထားၿပီး Crystal Touch Protection Cover ပါပါတယ္။

Nubia Z20 မွာ စြမ္းေဆာင္ရည္ျမင့္ Snapdragon 855+ Chipset ထည့္သြင္းထားပါတယ္။ အေနာက္ဘက္မွာ မ်က္ႏွာျပင္ အပို ၁ ခု ပါတာက ထူးျခားခ်က္ပါ။ မ်က္ႏွာျပင္ ၂ ခုကို သီးျခား ဖြင့္ႏုိင္၊ ပိတ္ႏုိင္ပါတယ္။ App ေတြကိုလည္း မ်က္ႏွာျပင္ ၂ ခု အၾကားမွာ ေျပာင္းလဲသံုးႏုိင္ပါတယ္။ အေနာက္ဘက္ မ်က္ႏွာျပင္ကို Always-on Display အေနနဲ႔ သံုးႏုိင္ပါတယ္။ Android Pie အေျချပဳ Nubia UI 7.0 ထည့္သြင္းထားပါတယ္။

Nubia Z20 ရဲ႕  အေရွ႕မွာ ၆.၄၂ လက္မ FHD+ AMOLED Display ပါၿပီး မ်က္ႏွာျပင္ ေဘးေဘာင္ေတြဟာ မရွိသေလာက္ ပါးလႊာပါတယ္။  အေရွ႕ ကင္မရာေတြ မပါပါဘူး။ အေနာက္မွာ ၅.၁ လက္မ HD+ AMOLED Display ၁ ခု အပိုပါတဲ့အတြက္ အေနာက္ကင္မရာေတြကေန ဆဲလ္ဖီးဆြဲႏုိင္ပါတယ္။

Nubia Z20 မွာ အေနာက္ ကင္မရာ ၃ လံုး ထည့္သြင္းထားပါတယ္။ ပင္မ ကင္မရာက 48MP Sony IMX 585 Sensor ျဖစ္ၿပီး OIS ပါပါတယ္။ ေနာက္ထပ္ ကင္မရာ ၂ လံုးက 16MP Ultrawide နဲ႔ 8MP Telephoto 3X Optical Zoom ေတြ ျဖစ္ပါတယ္။ LED Flash ၂ လံုး ပါပါတယ္။ 8K Video ေတြကို ရိုက္ကူးေပးႏိုင္ပါတယ္။ 27W Fast Charging ပါတဲ့ 4,000mAh Battery ထည့္သြင္းထားပါတယ္။

လက္ေဗြရာ ကိရိယာကို ဖုန္းရဲ႕ ေဘး ၂ ဖက္စလံုးမွာ ထည့္ထားတဲ့ အတြက္ ဘယ္ Display ကိုပဲ သံုးသည္ျဖစ္ေစ အဆင္ေျပေစမွာပါ။ ဖုန္းရဲ႕ ေဘးဘက္ေတြဟာ ဖိအားကို အာရံုခံႏိုင္ေအာင္ ဖန္တီးထားၿပီး ေဘးဘက္ကို ႏွိပ္ျခင္းျဖင့္ Digital Assistant ကို ဆင့္ေခၚႏုိင္တဲ့ အလုပ္ေတြကို ျပဳလုပ္ႏုိင္ပါတယ္။

Ref : gizmochina

[Unicode]

Nubia Z20 ရဲ့ Star Blue Edition ကို အောက်တိုဘာလ ၅ ရက်မှာ ရောင်းမည်

Display ၂ ခုပါပြီး ဒီဇိုင်းဆန်းတဲ့ Nubia Z20 ကို သြဂုတ်လက ကြေညာခဲ့ပါတယ်။ အဲဒီ အချိန်တုန်းက Diamond Black နဲ့ Koi Red အရောင်တွေသာ ဝယ်ယူနိုင်ခဲ့ပါတယ်။ အခုတော့ Star Blue အရောင်ကို အောက်တိုဘာလ ၅ ရက်မှာ ရောင်းမယ်လို့ ကုမ္ပဏီက ကြေညာလိုက်ပါတယ်။ Z20 အတွက် 6/128GB , 8/128GB , 8/512GB တွေ ထုတ်လုပ်ထားပြီး ယွမ် ၃,၄၉၉ ၊ ၃,၆၉၉ နဲ့ ၄,၁၉၉ အသီးသီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၇၅၀,၀၀၀ ၊ ၇၉၀,၀၀၀ နဲ့ ၉၀၀,၀၀၀ လောက် အသီးသီး ကျသင့်နိုင်ပါတယ်။ Star Blue အရောင်အတွက် 8/128GB သာ ထုတ်လုပ်ပေးထားပြီး Crystal Touch Protection Cover ပါပါတယ်။

Nubia Z20 မှာ စွမ်းဆောင်ရည်မြင့် Snapdragon 855+ Chipset ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ မျက်နှာပြင် အပို ၁ ခု ပါတာက ထူးခြားချက်ပါ။ မျက်နှာပြင် ၂ ခုကို သီးခြား ဖွင့်နိုင်၊ ပိတ်နိုင်ပါတယ်။ App တွေကိုလည်း မျက်နှာပြင် ၂ ခု အကြားမှာ ပြောင်းလဲသုံးနိုင်ပါတယ်။ အနောက်ဘက် မျက်နှာပြင်ကို Always-on Display အနေနဲ့ သုံးနိုင်ပါတယ်။ Android Pie အခြေပြု Nubia UI 7.0 ထည့်သွင်းထားပါတယ်။

Nubia Z20 ရဲ့ အရှေ့မှာ ၆.၄၂ လက်မ FHD+ AMOLED Display ပါပြီး မျက်နှာပြင် ဘေးဘောင်တွေဟာ မရှိသလောက် ပါးလွှာပါတယ်။ အရှေ့ ကင်မရာတွေ မပါပါဘူး။ အနောက်မှာ ၅.၁ လက်မ HD+ AMOLED Display ၁ ခု အပိုပါတဲ့အတွက် အနောက်ကင်မရာတွေကနေ ဆဲလ်ဖီးဆွဲနိုင်ပါတယ်။

Nubia Z20 မှာ အနောက် ကင်မရာ ၃ လုံး ထည့်သွင်းထားပါတယ်။ ပင်မ ကင်မရာက 48MP Sony IMX 585 Sensor ဖြစ်ပြီး OIS ပါပါတယ်။ နောက်ထပ် ကင်မရာ ၂ လုံးက 16MP Ultrawide နဲ့ 8MP Telephoto 3X Optical Zoom တွေ ဖြစ်ပါတယ်။ LED Flash ၂ လုံး ပါပါတယ်။ 8K Video တွေကို ရိုက်ကူးပေးနိုင်ပါတယ်။ 27W Fast Charging ပါတဲ့ 4,000mAh Battery ထည့်သွင်းထားပါတယ်။

လက်ဗွေရာ ကိရိယာကို ဖုန်းရဲ့ ဘေး ၂ ဖက်စလုံးမှာ ထည့်ထားတဲ့ အတွက် ဘယ် Display ကိုပဲ သုံးသည်ဖြစ်စေ အဆင်ပြေစေမှာပါ။ ဖုန်းရဲ့ ဘေးဘက်တွေဟာ ဖိအားကို အာရုံခံနိုင်အောင် ဖန်တီးထားပြီး ဘေးဘက်ကို နှိပ်ခြင်းဖြင့် Digital Assistant ကို ဆင့်ခေါ်နိုင်တဲ့ အလုပ်တွေကို ပြုလုပ်နိုင်ပါတယ်။

Ref : gizmochina