Zawgyi

ၿပီးခဲ့တဲ့အပတ္က တရုတ္ျပည္တြင္းမွာ မိတ္ဆက္ခဲ့တဲ့ Nubia Z20 ဖုန္းဟာ အခုအခါမွာ ကုမၸဏီရဲ႕ တရုတ္ျပည္တြင္းဝက္ဆုိက္ကေန ဝယ္ယူႏုိင္ၿပီျဖစ္ပါတယ္။

Nubia Z20 ဟာ မန္မုိရီ 6/128 GB, 8/128 GB နဲ႔ 8/512 GB ဆုိၿပီး သုံးမ်ဳိးထြက္လာကာ ေစ်းႏႈန္းေတြက တရုတ္ယြမ္ ၃၄၉၉ (ျမန္မာေငြ ၇ သိန္းခြဲ)၊ တရုတ္ယြမ္ ၃၆၉၉ (ျမန္မာေငြ ရွစ္သိန္းနီးပါး) နဲ႔ ယြမ္ေငြ ၄၁၉၉ (ျမန္မာေငြ ကိုးသိန္းေက်ာ္) ဆုိၿပီး အသီးသီးျဖစ္ပါတယ္။ ဒါေပမယ့္ ေလာေလာဆယ္မွာ အျမင့္ဆုံးျဖစ္တဲ့ 8/512 GB ေမာ္ဒယ္ကို Stock မေတြ႕ရေသးဘူးလို႔ ဆုိပါတယ္။

Nubia Z20 ကိုမသိေသးတဲ့သူေတြအတြက္ေတာ့ ဒီဖုန္းဟာ ထူးထူးျခားျခား Secondary Display တစ္ခုပါ ပါဝင္တဲ့အတြက္ ဖုန္းရဲ႕ႏွစ္ဖက္စလုံးကို အသုံးျပဳႏုိင္မယ့္ Nubia ရဲ႕ထုတ္ကုန္သစ္တစ္ခုျဖစ္ပါတယ္။ တစ္ဖက္မွာ 6.42” လက္မအရြယ္ FHD+ Super AMOLED Display ႀကီးပါဝင္ၿပီး ေနာက္တစ္ဖက္မွာ 5.1” လက္မအရြယ္ ဒုတိယ AMOLED Display ထည့္သြင္းထားပါတယ္။

ေနာက္ဆုံးေပၚ Snapdragon 855+ အသုံးျပဳထားၿပီး Android Pie ကိုအေျခခံထားတဲ့ Nubia UI 7 နဲ႔ ပြဲထြက္လာတဲ့ဖုန္းဟာ မ်က္ႏွာျပင္ႀကီးမွာ Notch မပါေပမယ့္ အဓိက ကင္မရာရဲ႕ေအာက္ေျခမွာလည္း Display ငယ္ ပါဝင္တာေၾကာင့္ ဆယ္ဖီရုိက္ဖို႔ ျပႆနာရွိမွာမဟုတ္ပါဘူး။ သူ႕မွာပါဝင္တဲ့ 48MP + 16MP + 8MP ကင္မရာသုံးလုံးတြဲဟာ Selfie ဓါတ္ပုံေတြနဲ႔ ဗီဒီယုိေကာလ္ ေခၚဆုိမႈေတြအတြက္ အသုံးျပဳႏုိင္မွာျဖစ္ၿပီး ေရွ႕ဘက္ Display က လုံးဝလြတ္လပ္စြာ အသုံးခ်ႏုိင္မွာျဖစ္ပါတယ္။

Nubia Z20 ဟာ အေရာင္သုံးမ်ဳိးနဲ႔ထြက္ရွိလာၿပီး Black, Blue နဲ႔ Orange တုိ႔ျဖစ္ပါတယ္။ ဘကၳရီက 4,000 mAh ကို 27W Fast Charging စနစ္နဲ႔ျဖစ္ပါတယ္။ သူ႕မွာ Fingerprint ကလည္း ႏွစ္ခုပါဝင္ၿပီး ဘယ္နဲ႔ညာ ေဘးႏွစ္ဖက္စလုံးမွာ တစ္ခုစီ ပါဝင္တာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

ပြီးခဲ့တဲ့အပတ်က တရုတ်ပြည်တွင်းမှာ မိတ်ဆက်ခဲ့တဲ့ Nubia Z20 ဖုန်းဟာ အခုအခါမှာ ကုမ္ပဏီရဲ့ တရုတ်ပြည်တွင်းဝက်ဆိုက်ကနေ ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။

Nubia Z20 ဟာ မန်မိုရီ 6/128 GB, 8/128 GB နဲ့ 8/512 GB ဆိုပြီး သုံးမျိုးထွက်လာကာ ဈေးနှုန်းတွေက တရုတ်ယွမ် ၃၄၉၉ (မြန်မာငွေ ၇ သိန်းခွဲ)၊ တရုတ်ယွမ် ၃၆၉၉ (မြန်မာငွေ ရှစ်သိန်းနီးပါး) နဲ့ ယွမ်ငွေ ၄၁၉၉ (မြန်မာငွေ ကိုးသိန်းကျော်) ဆိုပြီး အသီးသီးဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆယ်မှာ အမြင့်ဆုံးဖြစ်တဲ့ 8/512 GB မော်ဒယ်ကို Stock မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

Nubia Z20 ကိုမသိသေးတဲ့သူတွေအတွက်တော့ ဒီဖုန်းဟာ ထူးထူးခြားခြား Secondary Display တစ်ခုပါ ပါဝင်တဲ့အတွက် ဖုန်းရဲ့နှစ်ဖက်စလုံးကို အသုံးပြုနိုင်မယ့် Nubia ရဲ့ထုတ်ကုန်သစ်တစ်ခုဖြစ်ပါတယ်။ တစ်ဖက်မှာ 6.42” လက်မအရွယ် FHD+ Super AMOLED Display ကြီးပါဝင်ပြီး နောက်တစ်ဖက်မှာ 5.1” လက်မအရွယ် ဒုတိယ AMOLED Display ထည့်သွင်းထားပါတယ်။

နောက်ဆုံးပေါ် Snapdragon 855+ အသုံးပြုထားပြီး Android Pie ကိုအခြေခံထားတဲ့ Nubia UI 7 နဲ့ ပွဲထွက်လာတဲ့ဖုန်းဟာ မျက်နှာပြင်ကြီးမှာ Notch မပါပေမယ့် အဓိက ကင်မရာရဲ့အောက်ခြေမှာလည်း Display ငယ် ပါဝင်တာကြောင့် ဆယ်ဖီရိုက်ဖို့ ပြဿနာရှိမှာမဟုတ်ပါဘူး။ သူ့မှာပါဝင်တဲ့ 48MP + 16MP + 8MP ကင်မရာသုံးလုံးတွဲဟာ Selfie ဓါတ်ပုံတွေနဲ့ ဗီဒီယိုကောလ် ခေါ်ဆိုမှုတွေအတွက် အသုံးပြုနိုင်မှာဖြစ်ပြီး ရှေ့ဘက် Display က လုံးဝလွတ်လပ်စွာ အသုံးချနိုင်မှာဖြစ်ပါတယ်။

Nubia Z20 ဟာ အရောင်သုံးမျိုးနဲ့ထွက်ရှိလာပြီး Black, Blue နဲ့ Orange တို့ဖြစ်ပါတယ်။ ဘက္ထရီက 4,000 mAh ကို 27W Fast Charging စနစ်နဲ့ဖြစ်ပါတယ်။ သူ့မှာ Fingerprint ကလည်း နှစ်ခုပါဝင်ပြီး ဘယ်နဲ့ညာ ဘေးနှစ်ဖက်စလုံးမှာ တစ်ခုစီ ပါဝင်တာဖြစ်ပါတယ်။

Ref – GSM Arena