[Zawgyi]

ZTE ရဲ႕ ကုမၸဏီခြဲ Nubia က စြမ္းေဆာင္ရည္ျမင့္ Z20 ကို ေၾကညာလိုက္ပါတယ္။ အဲဒီဖုန္းမွာ စြမ္းေဆာင္ရည္ျမင့္ Snapdragon 855+ Chipset ထည့္သြင္းထားၿပီး 512GB Storage အထိ ေရြးခ်ယ္ႏိုင္ပါတယ္။ အေနာက္ဘက္မွာ မ်က္ႏွာျပင္ အပို ၁ ခု ပါတာက ထူးျခားခ်က္ပါ။ မ်က္ႏွာျပင္ ၂ ခုကို သီးျခား ဖြင့္ႏုိင္၊ ပိတ္ႏုိင္ပါတယ္။ App ေတြကိုလည္း မ်က္ႏွာျပင္ ၂ ခု အၾကားမွာ ေျပာင္းလဲသံုးႏုိင္ပါတယ္။ အေနာက္ဘက္ မ်က္ႏွာျပင္ကို Always-on Display အေနနဲ႔ သံုးႏုိင္ပါတယ္။ Android Pie အေျချပဳ Nubia UI 7.0 ထည့္သြင္းထားပါတယ္။

Nubia က အရင္ႏွစ္ကလည္း မ်က္ႏွာျပင္ ၂ ခု ပါတဲ့ Nubia X ကို ေရာင္းခ်ခဲ့ဖူးပါတယ္။ Nubia Z20 ရဲ႕  အေရွ႕မွာ ၆.၄၂ လက္မ FHD+ AMOLED Display ပါၿပီး မ်က္ႏွာျပင္ ေဘးေဘာင္ေတြဟာ မရွိသေလာက္ ပါးလႊာပါတယ္။  အေရွ႕ ကင္မရာေတြ မပါပါဘူး။ အေနာက္မွာ ၅.၁ လက္မ HD+ AMOLED Display ၁ ခု အပိုပါတဲ့အတြက္ အေနာက္ကင္မရာေတြကေန ဆဲလ္ဖီးဆြဲႏုိင္ပါတယ္။

Nubia Z20 မွာ အေနာက္ ကင္မရာ ၃ လံုး ထည့္သြင္းထားပါတယ္။ ပင္မ ကင္မရာက 48MP Sony IMX 585 Sensor ျဖစ္ၿပီး OIS ပါပါတယ္။ ေနာက္ထပ္ ကင္မရာ ၂ လံုးက 16MP Ultrawide နဲ႔ 8MP Telephoto 3X Optical Zoom ေတြ ျဖစ္ပါတယ္။ LED Flash ၂ လံုး ပါပါတယ္။ 8K Video ေတြကို ရိုက္ကူးေပးႏိုင္ပါတယ္။ 6GB or 8GB RAM နဲ႔ 128GB or 512GB  UFS 3.0 Storage ေတြ ေရြးခ်ယ္ႏုိင္ပါတယ္။ 27W Fast Charging ပါတဲ့ 4,000mAh Battery ထည့္သြင္းထားပါတယ္။

လက္ေဗြရာ ကိရိယာကို ဖုန္းရဲ႕ ေဘး ၂ ဖက္စလံုးမွာ ထည့္ထားတဲ့ အတြက္ ဘယ္ Display ကိုပဲ သံုးသည္ျဖစ္ေစ အဆင္ေျပေစမွာပါ။ ဖုန္းရဲ႕ ေဘးဘက္ေတြဟာ ဖိအားကို အာရံုခံႏိုင္ေအာင္ ဖန္တီးထားၿပီး ေဘးဘက္ကို ႏွိပ္ျခင္းျဖင့္ Digital Assistant ကို ဆင့္ေခၚႏုိင္တဲ့ အလုပ္ေတြကို ျပဳလုပ္ႏုိင္ပါတယ္။ အနက္၊ အျပာနဲ႔ လိေမၼာ္ေရာင္ေတြ ထုတ္လုပ္ေပးထားၿပီး တရုတ္မွာ ႀကိဳတင္မွာယူႏိုင္ပါၿပီ။ ၾသဂုတ္လ ၁၆ ရက္မွာ ေရာင္းေပးမွာပါ။ ႏုိင္ငံတကာမွာ စက္တင္ဘာလမွာ ၀ယ္ယူႏုိင္မွာပါ။ 6/128GB , 8/128GB , 8/512GB ေတြ ထုတ္လုပ္ထားၿပီး ျမန္မာေငြ ၇၄၀ ၀၀၀ ၊ ၇၉၀ ၀၀၀ နဲ႔ ၈၉၀ ၀၀၀ ေလာက္ အသီးသီး က်သင့္ႏုိင္ပါတယ္။

Ref : gsmarena

[Unicode]

AMOLED Display ၂ ခုနဲ့ Snapdragon 855+ ပါတဲ့ Nubia Z20 ကို ကြေညာ

ZTE ရဲ့ ကုမ္ပဏီခွဲ Nubia က စွမ်းဆောင်ရည်မြင့် Z20 ကို ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းမှာ စွမ်းဆောင်ရည်မြင့် Snapdragon 855+ Chipset ထည့်သွင်းထားပြီး 512GB Storage အထိ ရွေးချယ်နိုင်ပါတယ်။ အနောက်ဘက်မှာ မျက်နှာပြင် အပို ၁ ခု ပါတာက ထူးခြားချက်ပါ။ မျက်နှာပြင် ၂ ခုကို သီးခြား ဖွင့်နိုင်၊ ပိတ်နိုင်ပါတယ်။ App တွေကိုလည်း မျက်နှာပြင် ၂ ခု အကြားမှာ ပြောင်းလဲသုံးနိုင်ပါတယ်။ အနောက်ဘက် မျက်နှာပြင်ကို Always-on Display အနေနဲ့ သုံးနိုင်ပါတယ်။ Android Pie အခြေပြု Nubia UI 7.0 ထည့်သွင်းထားပါတယ်။

Nubia က အရင်နှစ်ကလည်း မျက်နှာပြင် ၂ ခု ပါတဲ့ Nubia X ကို ရောင်းချခဲ့ဖူးပါတယ်။ Nubia Z20 ရဲ့ အရှေ့မှာ ၆.၄၂ လက်မ FHD+ AMOLED Display ပါပြီး မျက်နှာပြင် ဘေးဘောင်တွေဟာ မရှိသလောက် ပါးလွှာပါတယ်။ အရှေ့ ကင်မရာတွေ မပါပါဘူး။ အနောက်မှာ ၅.၁ လက်မ HD+ AMOLED Display ၁ ခု အပိုပါတဲ့အတွက် အနောက်ကင်မရာတွေကနေ ဆဲလ်ဖီးဆွဲနိုင်ပါတယ်။

Nubia Z20 မှာ အနောက် ကင်မရာ ၃ လုံး ထည့်သွင်းထားပါတယ်။ ပင်မ ကင်မရာက 48MP Sony IMX 585 Sensor ဖြစ်ပြီး OIS ပါပါတယ်။ နောက်ထပ် ကင်မရာ ၂ လုံးက 16MP Ultrawide နဲ့ 8MP Telephoto 3X Optical Zoom တွေ ဖြစ်ပါတယ်။ LED Flash ၂ လုံး ပါပါတယ်။ 8K Video တွေကို ရိုက်ကူးပေးနိုင်ပါတယ်။ 6GB or 8GB RAM နဲ့ 128GB or 512GB UFS 3.0 Storage တွေ ရွေးချယ်နိုင်ပါတယ်။ 27W Fast Charging ပါတဲ့ 4,000mAh Battery ထည့်သွင်းထားပါတယ်။

လက်ဗွေရာ ကိရိယာကို ဖုန်းရဲ့ ဘေး ၂ ဖက်စလုံးမှာ ထည့်ထားတဲ့ အတွက် ဘယ် Display ကိုပဲ သုံးသည်ဖြစ်စေ အဆင်ပြေစေမှာပါ။ ဖုန်းရဲ့ ဘေးဘက်တွေဟာ ဖိအားကို အာရုံခံနိုင်အောင် ဖန်တီးထားပြီး ဘေးဘက်ကို နှိပ်ခြင်းဖြင့် Digital Assistant ကို ဆင့်ခေါ်နိုင်တဲ့ အလုပ်တွေကို ပြုလုပ်နိုင်ပါတယ်။ အနက်၊ အပြာနဲ့ လိမ္မော်ရောင်တွေ ထုတ်လုပ်ပေးထားပြီး တရုတ်မှာ ကြိုတင်မှာယူနိုင်ပါပြီ။ သြဂုတ်လ ၁၆ ရက်မှာ ရောင်းပေးမှာပါ။ နိုင်ငံတကာမှာ စက်တင်ဘာလမှာ ဝယ်ယူနိုင်မှာပါ။ 6/128GB , 8/128GB , 8/512GB တွေ ထုတ်လုပ်ထားပြီး မြန်မာငွေ ၇၄၀ ၀၀၀ ၊ ၇၉၀ ၀၀၀ နဲ့ ၈၉၀ ၀၀၀ လောက် အသီးသီး ကျသင့်နိုင်ပါတယ်။

Ref : gsmarena