nubia က နောက်ဆုံးထုတ် စွမ်းရည်မြင့် Z Series စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ nubia Z50 လို့ အမည်ပေးထားပြီး Qualcomm ရဲ့ နောက်ဆုံးထုတ် စွမ်းရည်မြင့် Snapdragon 8 Gen 2 Chipset မောင်းနှင်ထားကာ 35mm ပင်မ ကင်မရာ တပ်ဆင်ထားပါတယ်။

nubia Z50

၆.၆၇ လက်မ AMOLED FHD+ မျက်နှာပြင် ပါလာပြီး 144Hz Refresh Rate ထောက်ပံ့ထားပါတယ်။ မျက်နှာပြင် အထက်အလယ်မှာ Punch Hole တပ်ဆင်ထားပြီး 16MP ဆဲလ်ဖီး ကင်မရာ ထည့်သွင်းထားပါတယ်။ nubia က DTS:X Ultra , Snapdragon Sound နဲ့ Tune လုပ်ထားတဲ့ စတီရီယို စပီကာတွေ တပ်ဆင်ထားပါတယ်။

nubia Z50 camera setup

Portrait ဓါတ်ပုံတွေအတွက် ကောင်းမွန်တဲ့ 35mm Lens ထောက်ပံ့တဲ့ 64MP Sony IMX 787 ပင်မ ကင်မရာနဲ့အတူ 50MP Ultrawide (Autofocus, Macro လိုလည်း သုံးနိုင်) ကင်မရာ ထည့်သွင်းထားပါတယ်။

nubia Z50 announced with Snapdragon 8 Gen 2 chip and 35mm main cam - GSMArena.com news

Snapdragon 8 Gen 2 နဲ့အတူ 16GB LPDDR5X RAM နဲ့ 1TB UFS 4.0 Storage အထိ ရွေးချယ်နိုင်ပြီး Android  13 အခြေပြု MyOS 13 မောင်းနှင်ထားပါတယ်။ 80W Wired Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ပါပါတယ်။

nubia Z50 အတွက် အနက်၊ အဖြူနဲ့ အစိမ်းရောင်တွေ ထုတ်လုပ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး 8/128GB ကို ၄၃၀ ဒေါ်လာ ၊ 12/256GB ကို ၅၃၀ ဒေါ်လာ 12/512GB ကို ၅၇၃ ဒေါ်လာနဲ့ 16GB RAM/1TB Storage ကို ၈၆၀ ဒေါ်လာ သတ်မှတ်ထားပြီး ဒီလ ၂၃ ရက်နေ့ တရုတ်မှာ ရောင်းမှာပါ။

Ref : gsmarena