ARM ဟာ လက်ရှိစမတ်ဖုန်း Processor တွေမှာ အဓိကအသုံးပြုနေတဲ့ CPU Core တွေအတွက် ဒီဇိုင်းထုတ်ပေးနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အဆိုပါ ARM ကို ဂျပန်နိုင်ငံအခြေစိုက် Soft Bank က ပိုင်ဆိုင်တာဖြစ်ပေမယ့် အခုအချိန်မှာ ရောင်းချဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

ARM ကို ဝယ်ယူဖို့စိတ်ဝင်စားပြီး ဆွေးနွေးနေတဲ့သူကတော့ Graphic Card လောကကို လက်ဝါးကြီးအုပ်ထားတယ်လို့တောင် သတ်မှတ်နိုင်တဲ့ Nvidia ပဲဖြစ်ပါတယ်။ Bloomberg ရဲ့ ပြောကြားချက်အရတော့ Nvidia ဟာ ARM ကိုဝယ်ယူဖို့ ဆွေးနွေးမှုဟာ အဆင့်တစ်ခုကို ရောက်ရှိနေပြီဖြစ်သလို စျေးနှုန်းအနေနဲ့လည်း ဒေါ်လာ ၃၂ ဘီလီယံကျော်နဲ့ ဝယ်ယူဖို့ စီစဥ်နေတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် လာမယ့်ရက်သတ္တပတ်အတွင်းမှာ အရောင်းအဝယ်ဖြစ်မဖြစ်ကို အတိအကျသိရဖို့ များနေတယ်လို့ ပြောရမှာပါ။ တကယ်လို့သာ Nvidia အနေနဲ့ ARM ကို ဝယ်ယူဖြစ်တယ်ဆိုရင် နည်းပညာလောကထဲမှာ အကြီးမားဆုံး အရောင်းအဝယ်ဖြစ်လာမှာလည်းဖြစ်ပါတယ်။

Soft Bank ဟာ ARM ကုမ္ပဏီကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက ဒေါ်လာ ၃၁ ဘီလီယံနဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာ Android နဲ့ iOS Device တွေအတွက် Processor တွေတင်မဟုတ်ဘဲ Apple ကနေ မကြာခင်မှာ ARM Chipset တွေကိုအသုံးပြုထားတဲ့ MacBook တွေကို မိတ်ဆက်ဖို့ရှိနေတဲ့အတွက် ARM ဟာ နည်းပညာလောကမှာ မရှိမဖြစ်အရေးအကြီးဆုံး ကုမ္ပဏီတစ်ခုလို့တောင် ပြောရမှာပါ။

Nvidia အနေနဲ့လည်း ARM ကို ပိုင်ဆိုင်သွားမယ်ဆိုရင် Graphic Card လောကတင်မဟုတ်ဘဲ Mobile Processor တွေထုတ်လုပ်မှုကိုပါ ထိန်းချုပ်နိုင်သွားမှာဖြစ်ပါတယ်။

Ref – The Verge