[Zawgyi]

Nvidia အေနနဲ႔ Mid-range GPU အမ်ိဴးအစားျဖစ္တဲ့ RTX 2060 ကို CES 2019 Keynote မွာ ထုတ္ျပလိုက္ၿပီ ျဖစ္ပါတယ္။ Nvidia ရဲ႕ CEO ျဖစ္သူ Jensen Huang ရဲ႕ ေျပာၾကားခ်က္မ်ားအရ RTX 2060 ဟာ 1070 Ti ထက္ စြမ္းေဆာင္ရည္ ပိုေကာင္းတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ အဆိုပါ GPU ဟာ GTX 1060 ထက္ ၆၀% အထိ စြမ္းေဆာင္ရည္ပိုေကာင္းေၾကာင္းကိုလည္း ထပ္မံ ေျပာၾကားထားပါေသးတယ္။

 

RTX 2060 GPU ဟာ Battelfield V ကို Ray-tracing နဲ႔ High Setting, 1440p Resolution မွာ 60fps (frames per second) နဲ႔ေဆာ့ကစားႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ GTX 960, GTX 970 နဲ႔ GTX 1060 ကို အသုံးျပဳေနသူမ်ားအေနနဲ႔ GPU Upgrade လုပ္မယ္ဆိုရင္ RTX 2060 က ေ႐ြးခ်ယ္စရာ ျဖစ္လာႏိုင္ပါတယ္။ RTX 2060 GPU ကို လာမယ့္ ဇန္နဝါရီလ ၁၅ရက္ေန႔မွာ ကန္ေဒၚလာ ၃၄၉ ေဒၚလာ (ျမန္မာေငြ ၅၄၀,၀၀၀ ဝန္းက်င္)နဲ႔ စတင္ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

 

ဒါ့အျပင္ Laptops ေတြမွာ တပ္ဆင္အသုံးျပဳႏိုင္မယ့္ Mobile GPU အမ်ိဴးအစားေတြ ျဖစ္တဲ့ RTX 2080 , RTX 2070 နဲ႔ RTX 2060 ေတြကိုလည္း Nvidia က မိတ္ဆက္သြားပါေသးတယ္။ အဆိုပါ GPU ေတြကို တပ္ဆင္အသုံးျပဳထားမယ့္ Laptops ေတြကိုေတာ့ ၂၀၁၉ခုႏွစ္ ဇန္နဝါရီလ ၂၉ရက္ေန႔ကစၿပီး သက္ဆိုင္ရာ Laptops ကုမၸဏီေတြမွာ ဝယ္ယူရွိႏိုင္မယ္လို႔ သိရပါတယ္။

Ref: The Verge

[Unicode]

ကန်ဒေါ်လာ ၃၄၉ သာ ကျသင့်မယ့် RTX 2060 GPU ကို Nvidia ထုတ်ပြ

Nvidia အနေနဲ့ Mid-range GPU အမျိူးအစားဖြစ်တဲ့ RTX 2060 ကို CES 2019 Keynote မှာ ထုတ်ပြလိုက်ပြီ ဖြစ်ပါတယ်။ Nvidia ရဲ့ CEO ဖြစ်သူ Jensen Huang ရဲ့ ပြောကြားချက်များအရ RTX 2060 ဟာ 1070 Ti ထက် စွမ်းဆောင်ရည် ပိုကောင်းတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ GPU ဟာ GTX 1060 ထက် ၆၀% အထိ စွမ်းဆောင်ရည်ပိုကောင်းကြောင်းကိုလည်း ထပ်မံ ပြောကြားထားပါသေးတယ်။

RTX 2060 GPU ဟာ Battelfield V ကို Ray-tracing နဲ့ High Setting, 1440p Resolution မှာ 60fps (frames per second) နဲ့ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် GTX 960, GTX 970 နဲ့ GTX 1060 ကို အသုံးပြုနေသူများအနေနဲ့ GPU Upgrade လုပ်မယ်ဆိုရင် RTX 2060 က ရွေးချယ်စရာ ဖြစ်လာနိုင်ပါတယ်။ RTX 2060 GPU ကို လာမယ့် ဇန်နဝါရီလ ၁၅ရက်နေ့မှာ ကန်ဒေါ်လာ ၃၄၉ ဒေါ်လာ (မြန်မာငွေ ၅၄၀,၀၀၀ ဝန်းကျင်)နဲ့ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် Laptops တွေမှာ တပ်ဆင်အသုံးပြုနိုင်မယ့် Mobile GPU အမျိူးအစားတွေ ဖြစ်တဲ့ RTX 2080 , RTX 2070 နဲ့ RTX 2060 တွေကိုလည်း Nvidia က မိတ်ဆက်သွားပါသေးတယ်။ အဆိုပါ GPU တွေကို တပ်ဆင်အသုံးပြုထားမယ့် Laptops တွေကိုတော့ ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၂၉ရက်နေ့ကစပြီး သက်ဆိုင်ရာ Laptops ကုမ္ပဏီတွေမှာ ဝယ်ယူရှိနိုင်မယ်လို့ သိရပါတယ်။

Ref: The Verge