Nvidia ကနေ Graphic Card Series တွေအနေနဲ့ 2000 Series တွေကိုပဲ ရောင်းချနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းတုန်းကတော့ GTX 1660 ကစတင်ပြီး RTX 2060 ကနေ 2080 Graphic Card တွေအတွက် စွမ်းဆောင်ရည်ပိုကောင်းမွန်တဲ့ Super Series ဆိုပြီး မိတ်ဆက်ခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း အဆိုပါ Super Series Graphic Card တွေဟာ စွမ်းဆောင်ရည်အနည်းငယ်ပဲ ပိုကောင်းတာဖြစ်ပြီး အခုအချိန်မှာတော့ သိသိသာသာစွမ်းဆောင်ရည်ပိုကောင်းလာမယ့် 3000 Series Graphic Card တွေကို မိတ်ဆက်တော့မှာဖြစ်ပါတယ်။ အဆိုပါ 3000 Series Graphic Card တွေဟာ Ampere GPU လို့လည်း ခေါ်ဆိုနိုင်သလို 7nm Architecture အပြင် နည်းပညာအသစ်တွေပါ ပါဝင်လာမှာဖြစ်ပါတယ်။

အဆိုပါ Nvidia Ampere Graphic Card တွေထဲမှာ RTX 3080 ဟာ စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်လာနိုင်ပြီး လက်ရှိ RTX 2080 Graphic Card ထက်တောင် ၂ ဆနီးပါး ပိုကောင်းနိုင်တယ်ဆိုပြီးလည်း သတင်းတွေထွက်ရှိနေတာဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့ Nvidia ကနေ လာမယ့် သြဂုတ်လ ၃၁ ရက်မှာ “UltimateCountdown” ဆိုပြီး Event တစ်ခုပြုလုပ်ဖို့အတွက် Teaser Video တင်ထားတဲ့အတွက် အဲ့ဒီအချိန်မှာ တရားဝင်မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။

နောက်ထပ်ထွက်ရှိထားတဲ့သတင်းတွေအရတော့ အဆိုပါ Ampere GPU အသစ်တွေကို လာမယ့် စက်တင်ဘာလ ၉ ရက်နေ့မှာ စတင်ရောင်းချသွားဖို့ရှိနေတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် PC Gamer တွေအနေနဲ့ကတော့ Graphic Card ကို အဆင့်မြှင့်တင်ဖို့ စဥ်းစားနေတယ်ဆိုရင် စောင့်ဆိုင်းတာက အကောင်းဆုံးဖြစ်မှာပါ။

Ref – The Verge