[Zawgyi]

ကမာၻ႕နာမည္အႀကီးဆံုး ဂိမ္းေတြထဲက တစ္ခု ျဖစ္တဲ့ Fortnite ဟာ ကမာၻ႕ဖလား ၿပိဳင္ပြဲကို ႀကီးက်ယ္ခမ္းနားစြာ က်င္းပေနပါတယ္။ Fortnite ဟာ ကမာၻအ၀န္းမွာ ကစားသူ သန္း ၂၅၀ ရွိပါတယ္။ Fortnite ကမာၻ႕ဖလား ၿပိဳင္ပြဲမွာ ဆုေၾကးေငြ ေဒၚလာ သန္း ၃၀ ေပးမွာ ျဖစ္ၿပီး E-sports ၿပိဳင္ပြဲေတြထဲမွာ ဆုေၾကးေငြ အမ်ားဆံုးအျဖစ္ စံခ်ိန္တင္သြားခဲ့ပါတယ္။

အခုေတာ့ Fortnite ကမာၻ႕ဖလား ႏွစ္ေယာက္တြဲ ၿပိဳင္ပြဲမွာ ဗိုလ္စြဲသြားသူေတြ ထြက္ေပၚလာပါၿပီ။ ႏွစ္ေယာက္တြဲ ၿပိဳင္ပြဲမွာ  Nyhrox နဲ႔ Aqua တို႔ဟာ အႏိုင္ရသြားခဲ့ပါတယ္။ သူတို႔ဟာ ၅၁ မွတ္ ရသြားခဲ့ၿပီး ဆုေၾကးေငြ ေဒၚလာ ၃ သန္း ရရွိသြားပါတယ္။  Nyhrox ဟာ ေနာ္ေ၀းမွ ျဖစ္ၿပီး Aqua ဟာ ၾသစၾတီးယားမွ ျဖစ္ပါတယ္။

Fortnite ကမာၻ႕ဖလား ၿပိဳင္ပြဲကို နယူးေယာက္စီးတီးမွ Arthur Ashe Stadium မွာ က်င္းပခဲ့တာျဖစ္ၿပီး အေမရိကန္၊ ဥေရာပ၊ အာရွ၊ ဘရာဇီးႏုိင္ငံေတြက အဖြဲ႕ေပါင္း ၅၀ ပါ၀င္ ယွဥ္ၿပိဳင္ခဲ့တာ ျဖစ္ပါတယ္။ ၿပိဳင္ပြဲကို လူေပါင္း ၁၀,၀၀၀ ေလာက္ လာေရာက္ ၾကည့္ရႈခဲ့ပါတယ္။ ေနာက္ဆံုး ပြဲစဥ္ေတြမွာ ၿပိဳင္ပြဲဟာ အႀကိတ္အနယ္ ျဖစ္ခဲ့ပါတယ္။ ေနာက္ဆံုးပြဲစဥ္ ၆ ပြဲမွာ အေမရိကန္မွ Zayt နဲ႔ Saf တို႔ဟာ အမွတ္ေပးဇယားမွာ ထိပ္ဆံုးက ဦးေဆာင္ႏုိင္ခဲ့ပါတယ္။

ဒါေပမယ့္ ပြဲစဥ္ ၄ နဲ႔ ၅ မွာ Nyhrox နဲ႔ Aqua တို႔ အႏိုင္ရရွိခဲ့ၿပီး ပထမ ေနရာကို လုယူႏုိင္ခဲ့ပါတယ္။  ဒုတိယ ရသြားသူေတြကေတာ့ ဥေရာပမွ Rojo နဲ႔ Wolfiez တို႔ ျဖစ္ၿပီး ေဒၚလာ ၂,၂၅၀,၀၀၀ ရရွိသြားပါတယ္။ သူတို႔ဟာ ၄၇ မွတ္ရရွိခဲ့တာပါ။  အေမရိကန္မွ Elevate နဲ႔ Ceice တို႔ဟာ တတိယ ရရွိသြားပါတယ္။ သူတို႔ဟာ ၄၅ မွတ္ ရသြားခဲ့ၿပီး ေဒၚလာ ၁,၈၀၀,၀၀၀ ကို သိမ္းပိုက္ႏုိင္ခဲ့တာပါ။

Ref : kotaku

[Unicode]

Fortnite World Cup နှစ်ယောက်တွဲ ပြိုင်ပွဲမှာ ဗိုလ်စွဲသွားတဲ့ Nyhrox နဲ့ Aqua

ကမ္ဘာ့ နာမည်အကြီးဆုံး ဂိမ်း တစ်ခု ဖြစ်တဲ့ Fortnite က ကမ္ဘာ့ဖလား ပြိုင်ပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပနေပါတယ်။ Fortnite ဟာ ကမ္ဘာအဝန်းမှာ ကစားသူ သန်း ၂၅၀ ရှိပါတယ်။ Fortnite ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဆုကြေးငွေ ဒေါ်လာ သန်း ၃၀ ပေးမှာ ဖြစ်ပြီး E-sports ပြိုင်ပွဲတွေထဲမှာ ဆုကြေးငွေ အများဆုံး အဖြစ် စံချိန်တင်သွားခဲ့ပါတယ်။

အခုတော့ Fortnite ကမ္ဘာ့ဖလား နှစ်ယောက်တွဲ ပြိုင်ပွဲမှာ ဗိုလ်စွဲသွားသူတွေ ထွက်ပေါ်လာပါပြီ။ နှစ်ယောက်တွဲ ပြိုင်ပွဲမှာ Nyhrox နဲ့ Aqua တို့ဟာ အနိုင်ရသွားခဲ့ပါတယ်။ သူတို့ဟာ ၅၁ မှတ် ရသွားခဲ့ပြီး ဆုကြေးငွေ ဒေါ်လာ ၃ သန်း ရရှိသွားပါတယ်။ Nyhrox ဟာ နော်ဝေးမှ ဖြစ်ပြီး Aqua ဟာ သြစတြီးယားမှ ဖြစ်ပါတယ်။

Fortnite ကမ္ဘာ့ဖလား ပြိုင်ပွဲကို နယူးယောက်စီးတီးမှ Arthur Ashe Stadium မှာ ကျင်းပခဲ့တာဖြစ်ပြီး အမေရိကန်၊ ဥရောပ၊ အာရှ၊ ဘရာဇီးနိုင်ငံတွေက အဖွဲ့ပေါင်း ၅၀ ပါဝင် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲကို လူပေါင်း ၁၀,၀၀၀ လောက် လာရောက် ကြည့်ရှုခဲ့ပါတယ်။ နောက်ဆုံး ပွဲစဉ်တွေမှာ ပြိုင်ပွဲဟာ အကြိတ်အနယ် ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးပွဲစဉ် ၆ ပွဲမှာ အမေရိကန်မှ Zayt နဲ့ Saf တို့ဟာ အမှတ်ပေးဇယားမှာ ထိပ်ဆုံးက ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ပွဲစဉ် ၄ နဲ့ ၅ မှာ Nyhrox နဲ့ Aqua တို့ အနိုင်ရရှိခဲ့ပြီး ပထမ နေရာကို လုယူနိုင်ခဲ့ပါတယ်။ ဒုတိယ ရသွားသူတွေကတော့ ဥရောပမှ Rojo နဲ့ Wolfiez တို့ ဖြစ်ပြီး ဒေါ်လာ ၂,၂၅၀,၀၀၀ ရရှိသွားပါတယ်။ သူတို့ဟာ ၄၇ မှတ်ရရှိခဲ့တာပါ။ အမေရိကန်မှ Elevate နဲ့ Ceice တို့ဟာ တတိယ ရရှိသွားပါတယ်။ သူတို့ဟာ ၄၅ မှတ် ရသွားခဲ့ပြီး ဒေါ်လာ ၁,၈၀၀,၀၀၀ ကို သိမ်းပိုက်နိုင်ခဲ့တာပါ။

Ref : kotaku