[Zawgyi]

LG V40 ThinQ rear camera 2

LG ကတော့ သူ့ရဲ့ LG V40 ThinQ တွေရဲ့ ဓာတ်ပုံတွေကို တရားဝင်ချပြလိုက်ပါပြီ။ ပုံတွေကိုတော့ သူ့ရဲ့ တရားဝင် ကိုရီးယား LG ဝဘ်ဆိုဒ်မှာတင်လိုက်တာဖြစ်ပြီးတော့ ပုံတွေထဲမှာ ဖုန်းရဲ့နောက်ကျောဘက်က ကင်မရာ၃လုံးပြူးကို အထင်းသားမြင်နေရမှာဖြစ်ပါတယ်။ ပုံတွေအပြင် ဗီဒီယို Teaser လေးလည်းတင်ပေးလိုက်ပါသေးတယ် (ဗီဒီယိုလေးကိုတော့အောက်မှာဖော်ပြပေးလိုက်ပါတယ်။)

ကင်မရာတပ်ဆင်ထားပုံကလည်း အရင်လက render ပုံတွေထွက်ခဲ့တဲ့အတိုင်းပဲဖြစ်ပြီးတော့ Fingerprint Sensor ကလည်း ထင်တဲ့အတိုင်းပဲ ကင်မရာရဲ့အောက်ကပ်ရပ်မှာ ပါလာပါတယ်။ ဗီဒီယိုထဲမှာ ဖုန်းရဲ့ရှေ့ဘက်ခြမ်းကို လျှပ်တစ်ပြတ်ပဲမြင်လိုက်ရတာဆိုတော့ ရှေ့ကင်မရာဘယ်လိုအခြေအနေရှိလဲ မမြင်လိုက်ရပါဘူး။

သူ့ရဲ့ ဒီကင်မရာ၃လုံးက ဘယ် Lens က ဘာအတွက်ဆိုတာထိတော့ မကြေဘာသေးပေမယ့် ပြီးခဲ့တဲ့ LG ဗီဒီယိုအရဆိုရင် Regular, Optical နဲ့ Wide-Angle Lens ဆိုပြီးလာမယ့်ပုံပါ။

LG V40 ThinQ rear cameraLG V40 ThinQ rear camera

ဖုန်းရဲ့ဒီဇိုင်းလောက်ကိုပဲသိလိုက်ရပြီး Specs တွေ Feature တွေအကြောင်းတော့ သေချာမသိရပါဘဘူး။ LG ပြောပုံအရဆိုရင် ကိုယ်ထည်က Matte ကိုယ်ထည်ဖြစ်ပြီးတော့ ကိုင်ရတာနူးညံ့မယ်၊ အပွန်းအစင်းထင်ဖို့ခက်မယ်လို့ သိထားပါတယ်။ အောက်ကပုံကတော့ Leaker ကြီး Evan Blass တင်ထားတဲံ Render ပုံပါ.

LG ရဲ့ V40 ThinQ လေးကို လာမယ့် အောက်တိုဘာ ၃ရက်နေ့မှာ မိတ်ဆက်မှာဖြစ်ပြီး အဲဒီအချိန်မတိုင်ခင်ထိတော့ ခါတိုင်းလို Rumors တွေ ဝဘ်ဆိုဒ်က တရားဝင်ကြေညာချက်တွေကိုပဲ အံ့သြတကြီးစောင့်နေရဦးမှာပါ။

Ref: AndroidAuthority

[Unicode]

LG V40 ThinQ rear camera 2

LG ကတော့ သူ့ရဲ့ LG V40 ThinQ တွေရဲ့ ဓာတ်ပုံတွေကို တရားဝင်ချပြလိုက်ပါပြီ။ ပုံတွေကိုတော့ သူ့ရဲ့ တရားဝင် ကိုရီးယား LG ဝဘ်ဆိုဒ်မှာတင်လိုက်တာဖြစ်ပြီးတော့ ပုံတွေထဲမှာ ဖုန်းရဲ့နောက်ကျောဘက်က ကင်မရာ၃လုံးပြူးကို အထင်းသားမြင်နေရမှာဖြစ်ပါတယ်။ ပုံတွေအပြင် ဗီဒီယို teaser လေးလည်းတင်ပေးလိုက်ပါသေးတယ် (ဗီဒီယိုလေးကိုတော့အောက်မှာဖော်ပြပေးလိုက်ပါတယ်။)

ကင်မရာတပ်ဆင်ထားပုံကလည်း အရင်လက render ပုံတွေထွက်ခဲ့တဲ့အတိုင်းပဲဖြစ်ပြီးတော့ Fingerprint sensor ကလည်း ထင်တဲ့အတိုင်းပဲ ကင်မရာရဲ့အောက်ကပ်ရပ်မှာ ပါလာပါတယ်။ ဗီဒီယိုထဲမှာ ဖုန်းရဲ့ရှေ့ဘက်ခြမ်းကို လျှပ်တစ်ပြတ်ပဲမြင်လိုက်ရတာဆိုတော့ ရှေ့ကင်မရာဘယ်လိုအခြေအနေရှိလဲ မမြင်လိုက်ရပါဘူး။

သူ့ရဲ့ ဒီကင်မရာ၃လုံးက ဘယ် lens က ဘာအတွက်ဆိုတာထိတော့ မကြေဘာသေးပေမယ့် ပြီးခဲ့တဲ့ LG ဗီဒီယိုအရဆိုရင် regular, optical နဲ့ wide-angle lens ဆိုပြီးလာမယ့်ပုံပါ။

LG V40 ThinQ rear cameraLG V40 ThinQ rear camera

ဖုန်းရဲ့ဒီဇိုင်းလောက်ကိုပဲသိလိုက်ရပြီး specs တွေ feature တွေအကြောင်းတော့ သေချာမသိရပါဘဘူး။ LG ပြောပုံအရဆိုရင် ကိုယ်ထည်က matte ကိုယ်ထည်ဖြစ်ပြီးတော့ ကိုင်ရတာနူးညံ့မယ်၊ အပွန်းအစင်းထင်ဖို့ခက်မယ်လို့ သိထားပါတယ်။ အောက်ကပုံကတော့ Leaker ကြီး Evan Blass တင်ထားတဲံ render ပုံပါ.

LG ရဲ့ V40 ThinQ လေးကို လာမယ့် အောက်တိုဘာ ၃ရက်နေ့မှာ မိတ်ဆက်မှာဖြစ်ပြီး အဲဒီအချိန်မတိုင်ခင်ထိတော့ ခါတိုင်းလို rumors တွေ ဝဘ်ဆိုဒ်က တရားဝင်ကြေညာချက်တွေကိုပဲ အံ့သြတကြီးစောင့်နေရဦးမှာပါ။

Ref: AndroidAuthority