[Zawgyi]

Samsung ရဲ႕Galaxy Fold ဟာ $1980 (ျမန္မာေငြ သိန္း ၃၀ နီးပါး) ေပးဝယ္ရမယ့္ စမတ္ဖုန္းတစ္လုံးျဖစ္ပါတယ္။ ေနာက္ဆုံးေပၚနည္းပညာ၊ တီထြင္ဆန္းသစ္မႈအတြက္ ဒီေလာက္တန္ေၾကးေတာ့ေပးရမွာေပါ့လို႔ ေျပာႏိုင္ေပမယ့္ ေဈးႀကီးတာေတာ့ အမွန္ပါပဲ။

Samsung Galaxy Fold စမတ္ဖုန္းတင္ ေဈးႀကီးတာလားဆိုေတာ့ မဟုတ္ပါဘူး။ သူ႔အတြက္ ထုတ္လိုက္တဲ့ Genuine Leather Case ကလည္း ေဈးႀကီးပါတယ္။ UK ရဲ႕ အြန္လိုင္း လက္လီအေရာင္းဆိုင္ျဖစ္တဲ့ MobileFun ရဲ႕ ေဖာ္ျပခ်က္အရ ဒီတရားဝင္ Case ရဲ႕ တန္ဖိုးက $119.99 (ျမန္မာေငြ ၁ သိန္း ၈ ေသာင္းဝန္းက်င္) ျဖစ္တယ္လို႔ သိရပါတယ္။

Samsung ဟာ Galaxy Fold Case ေတြကို အျဖဴနဲ႔ အနက္ဆိုၿပီး အေရာင္ ႏွစ္ေရာင္နဲ႔ ထုတ္လုပ္ေရာင္းခ်မယ္လို႔ သိရပါတယ္။ Case ေတြနဲ႔ ပတ္သက္ၿပီး အခုလို သတင္းေပါက္ၾကားလာေပမယ့္ လက္ရွိအခ်ိန္အထိ Case ရဲ႕ ပုံသ႑ာန္ကို ျမင္ေတြ႕ရမယ့္ ႐ုပ္ပုံေတြထြက္ေပၚလာျခင္းေတာ့ မရွိေသးပါဘူး။

Samsung က တရားဝင္ထုတ္တဲ့ Case မဟုတ္ဘူးဆိုရင္ေတာ့ သက္သာတဲ့ေဈးႏႈန္းနဲ႔ ဝယ္ယူႏိုင္မယ္လို႔ MobileFun ရဲ႕ ေဖာ္ျပခ်က္အရသိရပါတယ္။ Non-official case ေတြကေတာ့ $43.99 (၆ေသာင္းခြဲဝန္းက်င္) နဲ႔ $65.49 (၁သိန္းနီးပါး) ေဈးႏႈန္းအသီးသီးနဲ႔ ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

တစ်သိန်းရှစ်သောင်း ဝန်းကျင်တန်ဖိုးရှိတဲ့ Samsung Galaxy Fold Case

Samsung ရဲ့Galaxy Fold ဟာ $1980 (မြန်မာငွေ သိန်း ၃၀ နီးပါး) ပေးဝယ်ရမယ့် စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ နောက်ဆုံးပေါ်နည်းပညာ၊ တီထွင်ဆန်းသစ်မှုအတွက် ဒီလောက်တန်ကြေးတော့ပေးရမှာပေါ့လို့ ပြောနိုင်ပေမယ့် ဈေးကြီးတာတော့ အမှန်ပါပဲ။

Samsung Galaxy Fold စမတ်ဖုန်းတင် ဈေးကြီးတာလားဆိုတော့ မဟုတ်ပါဘူး။ သူ့အတွက် ထုတ်လိုက်တဲ့ Genuine Leather Case ကလည်း ဈေးကြီးပါတယ်။ UK ရဲ့ အွန်လိုင်း လက်လီအရောင်းဆိုင်ဖြစ်တဲ့ MobileFun ရဲ့ ဖော်ပြချက်အရ ဒီတရားဝင် Case ရဲ့ တန်ဖိုးက $119.99 (မြန်မာငွေ ၁ သိန်း ၈ သောင်းဝန်းကျင်) ဖြစ်တယ်လို့ သိရပါတယ်။

Samsung ဟာ Galaxy Fold Case တွေကို အဖြူနဲ့ အနက်ဆိုပြီး အရောင် နှစ်ရောင်နဲ့ ထုတ်လုပ်ရောင်းချမယ်လို့ သိရပါတယ်။ Case တွေနဲ့ ပတ်သက်ပြီး အခုလို သတင်းပေါက်ကြားလာပေမယ့် လက်ရှိအချိန်အထိ Case ရဲ့ ပုံသဏ္ဍာန်ကို မြင်တွေ့ရမယ့် ရုပ်ပုံတွေထွက်ပေါ်လာခြင်းတော့ မရှိသေးပါဘူး။

Samsung က တရားဝင်ထုတ်တဲ့ Case မဟုတ်ဘူးဆိုရင်တော့ သက်သာတဲ့ဈေးနှုန်းနဲ့ ဝယ်ယူနိုင်မယ်လို့ MobileFun ရဲ့ ဖော်ပြချက်အရသိရပါတယ်။ Non-official case တွေကတော့ $43.99 (၆သောင်းခွဲဝန်းကျင်) နဲ့ $65.49 (၁သိန်းနီးပါး) ဈေးနှုန်းအသီးသီးနဲ့ ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Ref: GSMArena