Android VPN App အများစုဟာ အခကြေးငွေနဲ့ အသုံးပြုကြရတာ ဖြစ်သလို အခမဲ့လည်း ပေးသုံးထားကြပါတယ်။ ဒါပေမယ့် အခမဲ့ သုံးရင် အမြန်နှုန်း လျှော့ချတာ၊ အချိန်အကန့်အသတ်နဲ့ သုံးရတဲ့ ပြဿနာတွေရှိကြပါတယ်။ Android VPN App များစွာ ရှိပေမယ့် စာရေးသူ စမ်းသပ် အသုံးပြုကြည့်သလောက် လိုင်းလည်း မလျှော့ထားသလို အခမဲ့ သုံးလို့ရတဲ့ အမိုက်စား Android VPN App ၁ ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ GreenNet VPN ပဲ ဖြစ်ပါတယ်။ အဲဒီ VPN ကို လက်ရှိအခြေအနေတွေအရ မိုဘိုင်းဒေတာနဲ့ သုံးလို့တော့ မရဘဲ ဝိုင်ဖိုင်နဲ့ပဲ သုံးလို့ရပါတယ်။

GreenNet VPN App ကို အောက်က လင့်ကနေတဆင့် Google Play Store ကနေ Download လုပ်ပါ။

Download

Install လုပ်ပြီးရင် ဖွင့်ပါ။ အရင်ဆုံး App ရဲ့ လုပ်ဆောင်ချက်တွေကို ပြသပေးပါလိမ့်မယ်။ ညာဘက်ကနေ ဘယ်ဘက်ကို ပွတ်ဆွဲပြီး ကြည့်ပါ။

ပြီးရင် အောက်ခြေက START Button ကို နှိပ်ပါ။

CONNECT Button ကို နှိပ်ပြီးရင် Connection Request လုပ်ပါလိမ့်မယ်။ Accept ကို နှိပ်ပါ။

ချိတ်ဆက်ပြီးပြီ ဖြစ်တဲ့အတွက် DISCONNECT ကို မြင်ရပါလိမ့်မယ်။ ဒါဆိုရင် အိုကေပါပြီ။ Facebook အပါအဝင် ပိတ်ထားတဲ့ ဝက်ဆိုက်အားလုံးကို အမြန်နှုန်း မကျဘဲ ကြည့်လို့ရပါပြီ။ Speed Test App ၁ ခုခုနဲ့ အမြန်နှုန်းကို စမ်းကြည့်ရင် အပြည့်နီးပါးရတာ မြင်ရမှာပါ။

GreenNet VPN ချိတ်ထားတာကို ဖြုတ်ချင်ရင် App ကို ဖွင့်ပြီး DISCONNECT Button ကို နှိပ်လိုက်ပါ။ အားလုံး အဆင်ပြေပါစေ။