ထွက်ခဲ့သမျှ ကောလဟာလ တွေမှာ One Plus 6 က Snapdragon 845 Chipset နဲ့ 8GB RAM ရယ်သုံးပြီး Notch ကိုဖျောက်လို့ရတဲ့ Option ပါမယ်ဆိုပြီးသတင်းတွေ ထွက်ခဲ့ပါတယ်။

Source: TechRadar

ဒါပေမယ့် ပိုသေချာတဲ့သတင်းတစ်ခု က ထပ်ပေါ်လာပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက Amazon Listing မှာ One Plus 6 ရဲ့ ရှုထောင့်ပေါင်းစုံက ဓာတ်ပုံတွေ ထွက်လာခဲ့ပြီး ကောလဟာလတချို့ကိုလည်း အတည်ပြုပေးသွားပါတယ်။

Source: TechRadar

Snapdragon 845 chipset နဲ့ RAM 6GB ကိုသုံးထားပြီး RAM 8GB နဲ့ လည်း တစ်မျိုးထွက်မယ်လို့ ပြောနေကြပါတယ်။ Camera အနေနဲ့တော့ 16MP နဲ့ 20MP Rear Camera ကို OIS နဲ့ Portrait Mode ပါလာပါမယ်။ နောက်ထပ် စိတ်ဝင်စားစရာ ကောလဟာလ ကတော့ One Plus 6 ဟာရေစိမ်ခံ ဖုန်းဖြစ်လာမယ်ဆိုတာပါပဲ။

Source: TechRadar

ဒီအချက်အလက်တွေအကုန်လုံး ကို Amazon ကပြန်ဖျက်သွားပြီ ဆိုပေမယ့် သတင်းတွေပြန့်တာကတော့ ရပ်လို့မရတော့ပါဘူး။ တရားဝင် ကြေညာရင် ဘယ်ဈေးနှုန်း နဲ့ ကြေညာမလဲ မသိပေမယ့် Amazon မှာတော့ 519 euros နဲ့ ကြေညာ သွားပါတယ်။