[Zawgyi]

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဌာနရွိ ႏိုင္ငံတကာကုန္သြယ္မႈ ျမႇင့္တင္ေရး ဦးစီးဌာန (DITP) က Bangkok Refrigeration, Heating, Ventilation နဲ႔ Air-conditioning 2019 (Bangkok RHVAC 2019) နဲ႔ Bangkok Electric and Electronics 2019 (Bangkok E&E 2019) ပြဲကို က်င္းပဖို႔အတြက္ Air-con ႏွင့္ ေရခဲေသတၱာလုပ္ငန္းရွင္မ်ားအသင္း၊ လွ်ပ္စစ္၊ အီလက္ထ႐ြန္းနစ္၊ ဆက္သြယ္ေရးလုပ္ငန္းႏွင့္ မဟာမိတ္ စက္မႈလုပ္ငန္းရွင္းမ်ားအသင္းေတြနဲ႔ ပူးေပါင္းလိုက္ပါတယ္။

“One Stop Solutions” Theme ေအာက္ကေန Bangkok RHVAC 2019 နဲ႔ Bangkok E&E 2019 ပြဲကို ဖြဲ႕စည္းက်င္းပသြားခဲ့ၿပီး ရည္႐ြယ္ခ်က္ကေတာ့ သူတို႔ရဲ႕ ႀကိဳးစားအားထုတ္မႈကို ျပသဖို႔ျဖစ္ၿပီး ကမာၻအႏွံအျပားမွ ကုန္ထုတ္လုပ္သူ၊ သြင္းကုန္လုပ္ငန္းရွင္မ်ား၊ ထုတ္ကုန္လုပ္ငန္းရွင္မ်ားနဲ႔ စက္မႈေလာကထဲက အေရးပါသူမ်ားကို စြဲေဆာင္ဖို႔ ျဖစ္ပါတယ္။ ဒီပြဲမွာ ထိုင္းႏိုင္ငံအပါအဝင္ တ႐ုတ္ႏိုင္ငံ၊ ကိုရီးယားႏိုင္ငံ၊ ပါကစၥတန္ႏိုင္ငံ၊ အီတလီႏိုင္ငံနဲ႔ ဗီယက္နမ္ႏိုင္ငံေတြကေန လာေရာက္တဲ့ ၃၄၁ဦးေသာ Exhibitors ေတြက Booth စုစုေပါင္း ၁,၀၁၄ခုမွာ သူတို႔ရဲ႕ ထုတ္ကုန္ေတြကို ခင္းက်င္းျပသသြားခဲ့ပါတယ္။ ျပပြဲကို လာေရာက္လည္ပတ္သူေတြဟာ နယ္ပယ္အသီးသီးမွာ ဦးေဆာင္ေနတဲ့ ကုန္ထုတ္လုပ္ငန္းရွင္ႀကီးေတြနဲ႔ ေတြ႕ဆုံခြင့္ရရွိမွာ ျဖစ္ပါတယ္။

DITP ရဲ႕ လက္ေထာက္ ၫႊန႔္ၾကားေရးမႈးခ်ဴပ္ျဖစ္သူ မစၥတာ Wittayakorn Maneenetr က “ ထိုင္းႏိုင္ငံဟာ Air-con နဲ႔ ေရခဲေသတၱာေတြ ထုတ္လုပ္ဖို႔အတြက္ ကမာၻ႔အေရးပါဆုံး စက္႐ုံႀကီးေတြထဲက တစ္ခုအပါအဝင္ျဖစ္တယ္လို႔ သိၾကတယ္။ အလားတူပဲ လွ်ပ္စစ္နဲ႔ အီလက္ထ႐ြန္းနစ္ထုတ္ကုန္ေတြအတြက္လည္း အေရးပါတဲ့ ႏိုင္ငံ တစ္ႏိုင္ငံ ျဖစ္ပါတယ္။ အခုဆိုရင္ ထိုင္းႏိုင္ငံက ကမာၻ႔နံပါတ္ (၁) Hard Disk Drive (HDD) ထုတ္လုပ္သူအေနနဲ႔ ဦးေဆာင္ေနသလို Air-con နဲ႔ ေရခဲေသတၱာ ထုတ္လုပ္တဲ့ေနရာမွာလည္း ကမာၻ႔နံပါတ္ (၂) နဲ႔ နံပါတ္ (၄) ေနရာေတြမွာ အသီးသီး ရပ္တည္ေနပါတယ္။ နာမည္ႀကီး အမွတ္တံဆိပ္ ေတာ္ေတာ္မ်ားမ်ားက သူတို႔ရဲ႕ ထုတ္ကုန္ေတြကို ထိုင္းႏိုင္ငံမွာပဲ ထုတ္လုပ္ဖို႔ ေ႐ြးခ်ယ္ၾကတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ရဲ႕ ႀကိဳးစားအားထုတ္မႈကို သူတို နားလည္သေဘာေပါက္ထားလို႔ပါပဲ” ဆိုၿပီး ေျပာၾကားခဲ့ပါတယ္။

“DITP အေနနဲ႔ ျပည္တြင္း၊ ျပည္ပမွာရွိတဲ့ သက္ဆိုင္ရာလုပ္ငန္းရွင္ေတြကို လာေရာက္လည္ပတ္ဖို႔၊ Exhibitors ေတြနဲ႔ ညႇိႏႈိင္းေဆြးေႏြးဖို႔အတြက္ ဖိတ္ၾကားထားၿပီး ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ လာေရာက္လည္ပတ္သူ ဦးေရ ၁၄,၀၀၀ ေက်ာ္ကို စည္း႐ုံးႏိုင္မယ္လို ေမွ်ာ္လင့္ရၿပီး၊ ကုန္သြယ္ေငြ ထိုင္းဘတ္ ၂,၀၀၀ မီလီယံေက်ာ္ကိုလည္း ဖန္တီးေပးႏိုင္မယ္လို႔ ယုံၾကည္ပါတယ္” ဆိုၿပီး မစၥတာ Wittayakorn က ေျပာၾကားခဲ့ပါတယ္။

Air-con ႏွင့္ ေရခဲေသတၱာ လုပ္ငန္းရွင္မ်ားအသင္းရဲ႕ ဥကၠဌျဖစ္သူ မစၥတာ Aroon Eamsureya ကလည္း “ ထိုင္းႏိုင္ငံကို ေဒသတြင္းနဲ႔ ႏိုင္ငံတကာ အမွတ္တံဆိပ္ေတြအတြက္ စက္မႈထုတ္ကုန္ေတြ ထုတ္လုပ္ေပးေနတဲ့ ကမာၻ႔အဆင့္အတန္းမွီ Air-con စက္႐ုံႀကီးေတြ တည္ရွိရာ ႏိုင္ငံအျဖစ္ သိၾကတယ္။ ထိုင္းႏိုင္ငံဟာ Air-con supply chain အတြက္ အခ်က္အခ်ာက်တဲ့ ႏိုင္ငံျဖစ္သလို Copper wires, Compressors, PCBs, Thermostats နဲ႔ တျခားေသာ ပစၥည္းေတြကိုလည္း ထုတ္လုပ္ေပးႏိုင္တယ္။ ျပပြဲကို တက္ေရာက္လာမယ့္ ပညာရွင္ေတြ၊ ေက်ာင္းသားေတြ၊ အင္ဂ်င္နီယာေတြနဲ႔ တျခားေသာလူေတြအတြက္ Air-con နဲ႔ Cooling Systems အေၾကာင္းေတြကို ကြၽမ္းက်င္ပညာရွင္ေတြက နားလည္သေဘာေပါက္လြယ္ေအာင္ ရွင္းျပေဆြးေႏြးေပးမယ့္ ႏွီးေႏွာဖလွယ္ပြဲကိုလည္း ကြၽန္ေတာ္တို႔ ျပင္ဆင္ထားပါတယ္” လို႔ ေျပာၾကားထားပါတယ္။

လွ်ပ္စစ္၊ အီလက္ထ႐ြန္းနစ္၊ ဆက္သြယ္ေရးလုပ္ငန္းႏွင့္ မဟာမိတ္ စက္မႈလုပ္ငန္းရွင္မ်ား အသင္းရဲ႕ ဥကၠဌျဖစ္သူ မစၥ Kanit Muangkrachang ကလည္း “ Bangkok E&E 2019 မွာ စက္မႈေလာကထဲက ေဈးကြက္ဦးေဆာင္ ကုမၸဏီအႀကီးႀကီးေတြပါဝင္မွာ ျဖစ္သလို ႏွီးေႏွာဖလွယ္ပြဲကလည္း “Thai SMEs ေတြအတြက္ Automation System ကို ဘယ္လိုေ႐ြးခ်ယ္မလဲ” ဆိုတဲ့ စိတ္ဝင္စားစရာ အေၾကာင္းအရာမ်ိဴးေတြနဲ႔ ရွင္းျပေဆြးေႏြးသြားမယ္” ဆိုၿပီး ေျပာၾကားထားပါေသးတယ္။

Tonkla Electronics (Electronic Sprouts) ျပပြဲကေတာ့ စိတ္ဝင္စားစရာအေကာင္းဆုံးေတြထဲက တစ္ခုျဖစ္ၿပီး ထိုင္းႏိုင္ငံရွိ တကၠသိုလ္ ၉ခုမွ ေက်ာင္းသားေတြက “Smart Electronics Solution” Theme ေအာက္ကေန အေတြးအေခၚ အသစ္အဆန္းနဲ႔ အီလက္ထ႐ြန္းနစ္ ပေရာဂ်က္ေတြကို ခ်ျပသြားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ထိုင္းႏိုင္ငံက ကုန္ထုတ္လုပ္ငန္းရွင္ႀကီး တစ္ဦးကလည္း အဆိုပါ ေက်ာင္းသားေတြနဲ႔အတူ လွ်ပ္စစ္ ေမာ္ေတာ္ယာဥ္ကို ျပသသြားခဲ့ပါတယ္။

စက္တင္ဘာလ ၂၅ရက္ေန႔ကေန ၂၇ရက္ေန႔အထိက Trade days ျဖစ္ၿပီး စက္တင္ဘာလ ၂၈ရက္ေန႔မွာ ဖြင့္လွစ္က်င္းပခဲ့ပါတယ္။ က်င္းပခဲ့တဲ့ ေနရာက ဘန္ေကာက္ၿမိဳ႕ရွိ BITEC မွာျဖစ္ၿပီး အခ်ိန္ကေတာ့ နံနက္ ၁၀နာရီကေန ညေန ၆နာရီအထိလို႔ သိရပါတယ္။

[Unicode]

ထိုင်းနိုင်ငံရဲ့ နည်းပညာပိုင်းတိုးတက်မှုကို လစ်ဟပြခဲ့တဲ့ One Stop Solutions နိုင်ငံတကာ ကုန်သွယ်ရေးပြပွဲ Bangkok RHVAC 2019 နဲ့ Bangkok E&E 2019

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနရှိ နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန (DITP) က Bangkok Refrigeration, Heating, Ventilation နဲ့ Air-conditioning 2019 (Bangkok RHVAC 2019) နဲ့ Bangkok Electric and Electronics 2019 (Bangkok E&E 2019) ပွဲကို ကျင်းပဖို့အတွက် Air-con နှင့် ရေခဲသေတ္တာလုပ်ငန်းရှင်များအသင်း၊ လျှပ်စစ်၊ အီလက်ထရွန်းနစ်၊ ဆက်သွယ်ရေးလုပ်ငန်းနှင့် မဟာမိတ် စက်မှုလုပ်ငန်းရှင်းများအသင်းတွေနဲ့ ပူးပေါင်းလိုက်ပါတယ်။

“One Stop Solutions” Theme အောက်ကနေ Bangkok RHVAC 2019 နဲ့ Bangkok E&E 2019 ပွဲကို ဖွဲ့စည်းကျင်းပသွားခဲ့ပြီး ရည်ရွယ်ချက်ကတော့ သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို ပြသဖို့ဖြစ်ပြီး ကမ္ဘာအနှံအပြားမှ ကုန်ထုတ်လုပ်သူ၊ သွင်းကုန်လုပ်ငန်းရှင်များ၊ ထုတ်ကုန်လုပ်ငန်းရှင်များနဲ့ စက်မှုလောကထဲက အရေးပါသူများကို စွဲဆောင်ဖို့ ဖြစ်ပါတယ်။ ဒီပွဲမှာ ထိုင်းနိုင်ငံအပါအဝင် တရုတ်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ အီတလီနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတွေကနေ လာရောက်တဲ့ ၃၄၁ဦးသော Exhibitors တွေက Booth စုစုပေါင်း ၁,၀၁၄ခုမှာ သူတို့ရဲ့ ထုတ်ကုန်တွေကို ခင်းကျင်းပြသသွားခဲ့ပါတယ်။ ပြပွဲကို လာရောက်လည်ပတ်သူတွေဟာ နယ်ပယ်အသီးသီးမှာ ဦးဆောင်နေတဲ့ ကုန်ထုတ်လုပ်ငန်းရှင်ကြီးတွေနဲ့ တွေ့ဆုံခွင့်ရရှိမှာ ဖြစ်ပါတယ်။

DITP ရဲ့ လက်ထောက် ညွှန့်ကြားရေးမှုးချူပ်ဖြစ်သူ မစ္စတာ Wittayakorn Maneenetr က “ ထိုင်းနိုင်ငံဟာ Air-con နဲ့ ရေခဲသေတ္တာတွေ ထုတ်လုပ်ဖို့အတွက် ကမ္ဘာ့အရေးပါဆုံး စက်ရုံကြီးတွေထဲက တစ်ခုအပါအဝင်ဖြစ်တယ်လို့ သိကြတယ်။ အလားတူပဲ လျှပ်စစ်နဲ့ အီလက်ထရွန်းနစ်ထုတ်ကုန်တွေအတွက်လည်း အရေးပါတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။ အခုဆိုရင် ထိုင်းနိုင်ငံက ကမ္ဘာ့နံပါတ် (၁) Hard Disk Drive (HDD) ထုတ်လုပ်သူအနေနဲ့ ဦးဆောင်နေသလို Air-con နဲ့ ရေခဲသေတ္တာ ထုတ်လုပ်တဲ့နေရာမှာလည်း ကမ္ဘာ့နံပါတ် (၂) နဲ့ နံပါတ် (၄) နေရာတွေမှာ အသီးသီး ရပ်တည်နေပါတယ်။ နာမည်ကြီး အမှတ်တံဆိပ် တော်တော်များများက သူတို့ရဲ့ ထုတ်ကုန်တွေကို ထိုင်းနိုင်ငံမှာပဲ ထုတ်လုပ်ဖို့ ရွေးချယ်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုကို သူတို နားလည်သဘောပေါက်ထားလို့ပါပဲ” ဆိုပြီး ပြောကြားခဲ့ပါတယ်။

“DITP အနေနဲ့ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ သက်ဆိုင်ရာလုပ်ငန်းရှင်တွေကို လာရောက်လည်ပတ်ဖို့၊ Exhibitors တွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့အတွက် ဖိတ်ကြားထားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လာရောက်လည်ပတ်သူ ဦးရေ ၁၄,၀၀၀ ကျော်ကို စည်းရုံးနိုင်မယ်လို မျှော်လင့်ရပြီး၊ ကုန်သွယ်ငွေ ထိုင်းဘတ် ၂,၀၀၀ မီလီယံကျော်ကိုလည်း ဖန်တီးပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” ဆိုပြီး မစ္စတာ Wittayakorn က ပြောကြားခဲ့ပါတယ်။

Air-con နှင့် ရေခဲသေတ္တာ လုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဌဖြစ်သူ မစ္စတာ Aroon Eamsureya ကလည်း “ ထိုင်းနိုင်ငံကို ဒေသတွင်းနဲ့ နိုင်ငံတကာ အမှတ်တံဆိပ်တွေအတွက် စက်မှုထုတ်ကုန်တွေ ထုတ်လုပ်ပေးနေတဲ့ ကမ္ဘာ့အဆင့်အတန်းမှီ Air-con စက်ရုံကြီးတွေ တည်ရှိရာ နိုင်ငံအဖြစ် သိကြတယ်။ ထိုင်းနိုင်ငံဟာ Air-con supply chain အတွက် အချက်အချာကျတဲ့ နိုင်ငံဖြစ်သလို Copper wires, Compressors, PCBs, Thermostats နဲ့ တခြားသော ပစ္စည်းတွေကိုလည်း ထုတ်လုပ်ပေးနိုင်တယ်။ ပြပွဲကို တက်ရောက်လာမယ့် ပညာရှင်တွေ၊ ကျောင်းသားတွေ၊ အင်ဂျင်နီယာတွေနဲ့ တခြားသောလူတွေအတွက် Air-con နဲ့ Cooling Systems အကြောင်းတွေကို ကျွမ်းကျင်ပညာရှင်တွေက နားလည်သဘောပေါက်လွယ်အောင် ရှင်းပြဆွေးနွေးပေးမယ့် နှီးနှောဖလှယ်ပွဲကိုလည်း ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်” လို့ ပြောကြားထားပါတယ်။

လျှပ်စစ်၊ အီလက်ထရွန်းနစ်၊ ဆက်သွယ်ရေးလုပ်ငန်းနှင့် မဟာမိတ် စက်မှုလုပ်ငန်းရှင်များ အသင်းရဲ့ ဥက္ကဌဖြစ်သူ မစ္စ Kanit Muangkrachang ကလည်း “ Bangkok E&E 2019 မှာ စက်မှုလောကထဲက ဈေးကွက်ဦးဆောင် ကုမ္ပဏီအကြီးကြီးတွေပါဝင်မှာ ဖြစ်သလို နှီးနှောဖလှယ်ပွဲကလည်း “Thai SMEs တွေအတွက် Automation System ကို ဘယ်လိုရွေးချယ်မလဲ” ဆိုတဲ့ စိတ်ဝင်စားစရာ အကြောင်းအရာမျိူးတွေနဲ့ ရှင်းပြဆွေးနွေးသွားမယ်” ဆိုပြီး ပြောကြားထားပါသေးတယ်။

Tonkla Electronics (Electronic Sprouts) ပြပွဲကတော့ စိတ်ဝင်စားစရာအကောင်းဆုံးတွေထဲက တစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံရှိ တက္ကသိုလ် ၉ခုမှ ကျောင်းသားတွေက “Smart Electronics Solution” Theme အောက်ကနေ အတွေးအခေါ် အသစ်အဆန်းနဲ့ အီလက်ထရွန်းနစ် ပရောဂျက်တွေကို ချပြသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံက ကုန်ထုတ်လုပ်ငန်းရှင်ကြီး တစ်ဦးကလည်း အဆိုပါ ကျောင်းသားတွေနဲ့အတူ လျှပ်စစ် မော်တော်ယာဉ်ကို ပြသသွားခဲ့ပါတယ်။

စက်တင်ဘာလ ၂၅ရက်နေ့ကနေ ၂၇ရက်နေ့အထိက Trade days ဖြစ်ပြီး စက်တင်ဘာလ ၂၈ရက်နေ့မှာ ဖွင့်လှစ်ကျင်းပခဲ့ပါတယ်။ ကျင်းပခဲ့တဲ့ နေရာက ဘန်ကောက်မြို့ရှိ BITEC မှာဖြစ်ပြီး အချိန်ကတော့ နံနက် ၁၀နာရီကနေ ညနေ ၆နာရီအထိလို့ သိရပါတယ်။