OnePlus ဟာ ယခုလကုန်ပိုင်း သို့မဟုတ် လာမယ့် သြဂုတ်လအစောပိုင်းမှာ Flagship ဖုန်းအသစ်ဖြစ်လာမယ့် OnePlus 10T ကို မိတ်ဆက်ဖို့ရှိနေတာဖြစ်ပါတယ်။ လက်ရှိသိထားတဲ့ သတင်းတွေအရတော့ OnePlus ဟာ India စျေးကွက်နဲ့ တရုတ်နိုင်ငံစျေးကွက်အတွက် အရင်ဆုံးမိတ်ဆက်သွားမှာဖြစ်ပြီး နောက်ပိုင်းမှာ တခြားသော စျေးကွက်တွေကိုပါ ရောင်းချသွားမယ်လို့ သိရပါတယ်။

အစောပိုင်းတုန်းကလည်း OnePlus 10T လို့ ယူဆရတဲ့ Model Number PGP110 နံပါတ်နဲ့ စမတ်ဖုန်းတစ်လုံးဟာ Antutu Benchmark မှာ ပေါက်ကြားလာခဲ့ပြီး အမြင့်မားဆုံးရမှတ်ဖြစ်တဲ့ 1,131,151 မှတ်အထိ ရရှိခဲ့တာဖြစ်ပါတယ်။ အခုလည်း OnePlus 10T ဖုန်းနဲ့ သက်ဆိုင်တဲ့နောက်ထပ်သတင်းတစ်ခုကထပ်မံထွက်ပေါ်လာခဲ့ပါပြီ။

အဆိုပါသတင်းကိုတော့ နာမည်ကြီး Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ ပြောကြားခဲ့တာဖြစ်ပြီး OnePlus 10T ဖုန်းဟာ OnePlus အတွက် ပထမဆုံးအနေနဲ့ RAM 16GB ပါဝင်လာမယ့် စမတ်ဖုန်းဖြစ်လာမယ်ဆိုပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။ အစောပိုင်း ထွက်ပေါ်ထားတဲ့သတင်းတွေမှာတော့ OnePlus 10T ဖုန်းဟာ RAM 8GB ၊ 128GB Storage နဲ့ RAM 12GB ၊ 256GB Storage ဆိုပြီးပဲ ထွက်ရှိလာမယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

Digital Chat Station ရဲ့ ပြောကြားချက်အရတော့ OnePlus ဟာ LPDDR5 RAM 16GB ၊ 512GB UFS 3.1 Storage ပါဝင်တဲ့ OnePlus 10T Version ကိုပါ ရောင်းချသွားမယ်လို့ သိရပါတယ်။ ကျန်တဲ့ Specs တွေအနေနဲ့ကတော့ Qualcomm Snapdragon 8+ Gen 1 Chipset ၊ 6.7″ Full HD 120Hz OLED Display တွေကို အသုံးပြုသွားမှာဖြစ်ပြီး 4800mAh Battery ကိုမှ 150W Fast Charging ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့ကတော့ 50MP + 16MP + 2MP Sensor တွေပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုလာမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပါတ်တုန်းက ASUS ကနေ RAM 18GB အထိ ပါဝင်တဲ့ ROG Phone 6 ကို မိတ်ဆက်ခဲ့တာကြောင့် OnePlus အနေနဲ့ အခုလိုမျိုး OnePlus 10T ဖုန်းမှာ RAM 16GB အထိ ထည့်သွင်းပေးလာပေမယ့် RAM အများဆုံး စမတ်ဖုန်းတော့ဖြစ်လာမှာမဟုတ်သေးပါဘူး။

Ref – Gizmo China