OnePlus က နောက်ဆုံးထုတ် စွမ်းရည်မြင့် စမတ်ဖုန်းကို မကြာခင် ကြေညာတော့မှာ ဖြစ်ပြီး အရင်နှစ်က OnePlus 10 Pro လိုပဲ တရုတ်မှာ အရင်ဆုံး မိတ်ဆက်မှာပါ။ နိုင်ငံတကာမှာ ကြေညာမယ့် သတင်းကို မသိရသေးပါဘူး။ OnePlus 11 နဲ့ OnePlus Buds Pro 2 ကို ဖေဖော်ဝါရီလ ၇ ရက်နေ့ အိန္ဒိယနိုင်ငံ နယူးဒေလီမှာ ကျင်းပမယ့် OnePlus Cloud 11 Launch Event မှာကြေညာမယ်လို့ ကုမ္ပဏီက အတည်ပြုလိုက်ပါတယ်။

OnePlus 11 and Buds Pro 2 global launch set to take place on February 7

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ပြုလုပ်တဲ့ OnePlus ရဲ့ ၉ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ OnePlus 11 ရဲ့ တရားဝင် Teaser ၁ ခုကို တွေ့ခဲ့ရပါတယ်။ အဲဒီပွဲမှာ OPPO နဲ့ OnePlus တို့ဟာ မဟာဗျူဟာမြောက် ပူးပေါင်းမှုကို ကြေညာခဲ့ပြီး OnePlus ဟာ စွမ်းရည်မြင့် စမတ်ဖုန်း လောကမှာ ထိပ်တန်းကို ရောက်လာစေမယ့် ကြိုးပမ်းမှု ဖြစ်ပါတယ်။

OnePlus 11 and Buds Pro 2 global launch set to take place on February 7

OnePlus ဟာ 11 Series မှာ စမတ်ဖုန်း ၁ လုံးထဲ ကြေညာနိုင်ပြီး အဲဒါက OnePlus 11 ဖြစ်ပါတယ်။ OnePlus 11 မှာ Qualcomm ရဲ့ နောက်ဆုံးထုတ် စွမ်းရည်မြင့် Snapdragon 8 Gen 2 Chipset မောင်းနှင်ထားနိုင်ပြီး 16GB RAM နဲ့ 512GB Storage အထိ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ 100W Fast Charging ပါလာနိုင်ပါတယ်။

OnePlus 11 and Buds Pro 2 global launch set to take place on February 7

OnePlus 11 ရဲ့ ဓါတ်ပုံတွေ ဒီလ အစောပိုင်းက ပေါက်ကြားလာခဲ့ပြီး စက်ဝိုင်းပုံသဏ္ဍာန် ကင်မရာ Island ကို မြင်ရပါတယ်။ ကင်မရာ ၃ လုံးနဲ့ LED Flash ၁ လုံးကို လေးထောင့်ပုံသဏ္ဍာန် ထည့်သွင်းထားပါတယ်။  ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပါတယ်။ ပေါက်ကြားသတင်းတွေအရ OnePlus 10T မှာ မပါလာတော့တဲ့  Alert Slider ပြန်ပါလာမှာ ဖြစ်ပါတယ်။

Ref : gsmarena