OnePlus 11 ကို တရုတ်မှာ မကြာခင် ကြေညာတော့မှာ ဖြစ်ပြီး အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာ ကင်မရာ သတင်းအချက်အလက်တွေ ထွက်ပေါ်လာပါတယ်။  ကုမ္ပဏီက OnePlus 11 မှာ ဘယ် ဆန်ဆာတွေ ပါလာမလဲ ဆိုတာ ပြောပြထားပြီး ဆန်ဆာတွေဟာ စွမ်းရည်မြင့် အမျိုးအစားတွေ ဖြစ်ပါတယ်။

OnePlus 11 camera details officially revealed

ပင်မ ကင်မရာက 50MP Sony IMX890 ဖြစ်ပြီး 48MP Ultrawide Sony IMX581 (Autofocus) လည်း ပါလာမှာပါ။ ဒါ့အပြင် 2x Telephoto Sony IMX709 ဆန်ဆာနဲ့ အားဖြည့်ထားမှာ ဖြစ်ပြီး အလင်းဖမ်းယူမှု ပိုကောင်းစေတဲ့ RGBW Arrangement ပါလာပါတယ်။ အဲဒီ ကင်မရာတွေဟာ ပရော်ဖက်ရှင်နယ်ဆန်တဲ့ Portrait Mode Shots တွေကို ရိုက်ကူးပေးနိုင်မယ်လို့ OnePlus က ပြောပါတယ်။

OnePlus 11 camera details officially revealed

OnePlus 11 မှာ LTPO 3.0 မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး 120Hz Frame Rate အထိ ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ Dolby Vision ထောက်ပံ့မှု ပါလာပြီး Snapdragon 8 Gen 2 Chipset မောင်းနှင်ထားမှာ ဖြစ်ပါတယ်။

OnePlus 11 camera details officially revealed

ကုမ္ပဏီက OnePlus 11 မှာ 16GB RAM အထိ ထည့်သွင်းထားမှာ ဖြစ်ပြီး OnePlus 11 နဲ့အတူ OnePlus Buds Pro 2 နားကြပ်ကိုပါ ကြေညာမှာ ဖြစ်ပါတယ်။ OnePlus Buds Pro 2 မှာ Focus Mode ပါလာမှာ ဖြစ်ပြီး အသံဆူညံမှုကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂိမ်းကစားရင် ကောင်းမွန်စေတဲ့ 54ms Latency ထည့်သွင်းထားမှာပါ။

Ref : gsmarena