OnePlus 11 ကို တရုတ်မှာ မကြာခင် ကြေညာနိုင်ပြီး နိုင်ငံတကာအတွက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ မိတ်ဆက်မှာပါ။ OnePlus က OnePlus 11 ရဲ့ အကြောင်း မကြာခင်က အရိပ်အမြွက် ပြောကြားခဲ့ပေမယ့် Specs တွေအကြောင်း မပြောခဲ့ပါဘူး။ အခုတော့ OnePlus 11 ဟာ AnTuTu ကို ရောက်လာပြီ ဖြစ်ပြီး အဓိက Specs တွေကို သိလာရပါပြီ။

OnePlus 11 passes through AnTuTu with 16GB RAM, scores over 1.3 million points

OnePlus 11 ရဲ့ မော်ဒယ် ကုဒ်ဟာ PBH110 ဖြစ်ပြီး Snapdragon 8 Gen 2 SoC မောင်းနှင်ထားမှာပါ။ 16GB RAM နဲ့ 512GB UFS 4.0 Storage ထည့်သွင်းထားမှာ ဖြစ်ပြီး Android 13 မောင်းနှင်ထားမှာပါ။ 120Hz မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး အရွယ်အစားက ၆.၇ လက်မ ဖြစ်ကာ Resolution က QHD+ ဖြစ်မှာပါ။

OnePlus 11 passes through AnTuTu with 16GB RAM, scores over 1.3 million points

OnePlus 11 ဟာ AnTuTu စမ်းသပ်ချက်မှာ ၁,၃၄၁,၀၈၀ မှတ်ရထားပြီး 16GB RAM နဲ့ Snapdragon 8 Gen 2 Chipset ပါတဲ့ မော်ဒယ်ကို စမ်းသပ်ထားတာ ဖြစ်ပါတယ်။

OnePlus က မျှဝေထားတဲ့ Teaser အရ OnePlus 11 မှာ အနောက်ကင်မရာ ၃ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး Hasselblad က Tuning လုပ်ထားပါတယ်။ Alert Slider လည်း တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

OnePlus 11 passes through AnTuTu with 16GB RAM, scores over 1.3 million points

OnePlus က တရုတ်မှာ ကြေညာမယ့်နေ့ကို မပြောသေးပေမယ့် အိန္ဒိယနိုင်ငံ နယူးဒေလီမှာ ဖေဖော်ဝါရီလ ၇ ရက် မိတ်ဆက်ပွဲမှာ OnePlus 11 နဲ့အတူ OnePlus Buds Pro 2 TWS နားကြပ်ကိုပါ ကြေညာမှာ ဖြစ်ပါတယ်။

Ref : gsmarena