OnePlus က ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ OnePlus 11 , OnePlus 11R နဲ့ Buds Pro 2 နားကြပ်ကို နိုင်ငံတကာအတွက် ကြေညာမှာ ဖြစ်ပါတယ်။ အခုတော့ ကုမ္ပဏီက OnePlus 11R မှာ Qualcomm ရဲ့ စွမ်းရည်မြင့် Snapdragon 8+ Gen 1 SoC မောင်းနှင်ထားမယ်လို့ တရားဝင် အတည်ပြုလိုက်ပါတယ်။

OnePlus က 11R ရဲ့ တခြား Specifications တွေကို မပြောသေးပေမယ့် ပေါက်ကြားသတင်းတွေအရ OnePlus 11R မှာ 16GB RAM နဲ့ 512GB Storage အထိ ထည့်သွင်းထားမှာ ဖြစ်ပြီး ၆.၇ လက်မ 120Hz AMOLED မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ 100W Wired Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ပါလာမှာပါ။

OnePlus 11R confirmed to have Snapdragon 8+ Gen 1 at the helm

OnePlus 11R ရဲ့ အနောက်ဘက်မှာ 50MP Main ကင်မရာနဲ့ အရှေ့ဘက်မှာ 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားမှာပါ။ လက်ရှိမှာ OnePlus 11R ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲသိရသေးပြီး ဖေဖော်ဝါရီလ ၇ ရက် မိတ်ဆက်ပွဲ မတိုင်ခင်မှာ သတင်းအချက်အလက်တွေ ပိုမို ထွက်လာနိုင်ပါတယ်။

OnePlus 11R confirmed to have Snapdragon 8+ Gen 1 at the helm

အဲဒီ မိတ်ဆက်ပွဲကို အိန္ဒိယ နိုင်ငံ နယူးဒါလီမှာ ဒေသစံတော်ချိန် ည ၇ နာရီခွဲမှာ ကျင်းပမှာ ဖြစ်ပြီး OnePlus ရဲ့ စမတ် TV အသစ် ဖြစ်တဲ့ OnePLus TV Q2 Pro နဲ့ ကုမ္ပဏီရဲ့ ပထမဆုံး ကီးဘုတ်တို့ကိုပါ ကြေညာမှာ ဖြစ်ပါတယ်။

Ref : gsmarena