OnePlus ဟာ ဇန်နဝါရီလ ၄ ရက်နေ့မှာ OnePlus 11 ဖုန်းတွေကို တရုတ်နိုင်ငံအတွင်းမှာ တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် စျေးနှုန်းပိုမိုသက်သာတဲ့ OnePlus 11R ဖုန်းကိုလည်း မိတ်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခုလည်း Tipster တစ်ဦးဖြစ်တဲ့ Yogesh Brar ကနေ Pricebaba ကနေတစ်ဆင့် OnePlus 11R ဖုန်းရဲ့ Specification တွေကို ပြောကြားလိုက်ပါတယ်။ အဆိုပါသတင်းဟာ အဓိကအနေနဲ့ OnePlus 11R ဖုန်းရဲ့ Specification Screenshot အပြင် HW App ရဲ့ Information တွေပါ ပါဝင်တာကြောင့် တိကျတယ်လို့ သတ်မှတ်နိုင်ပါတယ်။

OnePlus 11R ဖုန်းဟာ Performance ပိုင်းမှာ Underclocked ပြုလုပ်ထားပြီး အနည်းငယ်လျော့ချထားတဲ့ Qualcomm Snapdragon 8+ Gen 1 Chipset ကို အသုံးပြုလာမှာဖြစ်ပါတယ်။ ဒါကြောင့် ပုံမှန် Clock Speed 3.2GHz အထိ အမြင့်ဆုံးရရှိမယ့်အစား 3.0GHz အထိပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Performance Core တွေဖြစ်တဲ့ Cortex-A710 Gold Cores တွေဟာလည်း 2.75GHz အစား 2.5GHz မှာပဲ ကန့်သတ်ထားမှာဖြစ်ပါတယ်။

အခုလိုမျိုး Underclocked Processor ကို အသုံးပြုထားတဲ့အတွက် OnePlus 11R ဖုန်းဟာ တခြားသော Snapdragon 8+ Gen 1ဖုန်းတွေထက် အနည်းငယ်ပိုမိုနှေးကွေးမှာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာတော့ Battery Life ပိုင်းမှာ ပိုမိုကောင်းမွန်နိုင်ပြီး Heat တက်တာကိုလည်း လျော့ချပေးနိုင်မှာဖြစ်ပါတယ်။

ကျန်တဲ့ Specification တွေအနေနဲ့ကတော့ OnePlus 11R ဖုန်းဟာ 6.67″ Display ပါဝင်မှာဖြစ်ပြီး 50MP+12MP Ultrawide + 2MP Camera ပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုလာမှာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ 16MP Sensor ထည့်သွင်းထားဖွယ်ရှိနေပါတယ်။ တခြားသော OnePlus 11 ဖုန်းတွေလိုမျိုးပဲ OnePlus 11R ဟာလည်း 100W Fast Charging ပါဝင်တဲ့ 5000mAh Battery ပါဝင်မှာဖြစ်ပါတယ်။

Ref – Gizmo China