OnePlus 11 ရဲ့ ဓါတ်ပုံတွေ လွန်ခဲ့တဲ့ လအနည်းငယ်က ထွက်ပေါ်လာခဲ့ပြီး ဖုန်း ဒီဇိုင်းကို လေ့လာလို့ရခဲ့ပါတယ်။ အခုတော့ Tipster Max Jambor က OnePlus 11 အတွက် Matte Black နဲ့ Glossy Green အရောင်တွေ ထုတ်လုပ်ထားမယ်လို့ သတင်းပေးလာပါတယ်။ အဲဒီ အရောင်တွေ အပြင် တခြား အရောင်တွေလည်း ထွက်လာနိုင်ပါတယ်။

OnePlus 11's color options tipped - GSMArena.com news

ပေါက်ကြားသတင်းတွေအရ OnePlus 11 မှာ Snapdragon 8 Gen 2 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 16GB RAM နဲ့ 256GB Storage အထိ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ၆.၇ လက်မ QHD+ 120Hz AMOLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး မျက်နှာပြင်ရဲ့ အထက် ဘယ်ဘက်ခြမ်းမှာ 16MP Punch Hole ကင်မရာ တပ်ဆင်ထားမှာပါ။ မျက်နှာပြင်အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားမှာပါ။

OnePlus 11's color options tipped - GSMArena.com news

OnePlus 11 မှာ သတ္တုဖရိမ် တပ်ဆင်ထားမှာ ဖြစ်ပြီး အနောက်ဘက်မှာ 50MP Main IMX890 , 48MP Ultrawide နဲ့ 32MP Telephoto (2x Optical Zoom) ကင်မရာ ၃ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး ကင်မရာ စနစ်မှာ Hasselblad Tuning ပါလာမှာပါ။

OnePlus 11 မှာ Alert Slider ပါလာမှာ ဖြစ်ပြီး 100W Wired Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ၊ USB-C နဲ့ Dolby Atmos တွေ ထည့်သွင်းထားမှာပါ။ Bluetooth 5.2 , WiFi 6E နဲ့ 5G ဆက်သွယ်မှုတွေ ပါလာမှာပါ။

Ref : gsmarena