Zawgyi

Android Pie ဘယ္ေတာ့ရမလဲ ဆိုၿပီး Android Pie ရဖို႔ လည္ပင္းရွည္ေနတဲ့သူေတြထဲမွာ OnePlus 5 နဲ႕ 5T အသုံးျပဳေတြအပါအဝင္ပါပဲ။ OnePlus ဟာ OnePlus 6T ကို မိတ္ဆက္ၿပီးကတည္းက OnePlus 6T ကိုပဲ အာ႐ုံစိုက္ေနၿပီး OnePlus 6 ကိုေတာင္ သိပ္ၿပီးဂ႐ုမစိုက္ေတာ့ပါဘူး။ ဒါ့ေပမယ့္ OnePlus ထုံးစံအတိုင္း သူ႕ဖုန္းေတြအတြက္ Software Update ေတြကိုေတာ့ မျဖစ္မေန ထုတ္ေပးပါတယ္။

Hydrogen OS အျဖစ္ထြက္ေပၚလာခဲ့တဲ့ Android Pie Beta Update အၿပီးမွာေတာ့ OnePlus 5 နဲ႕ 5T Global User ေတြအတြက္ Stable Android Pie ကို ထုတ္ေပးၿပီးပါၿပီ။ အခုဆိုရင္ Oxygen OS 9.0.3 ထိရေနၿပီ ျဖစ္ၿပီး စထုတ္ေပးတဲ့ Build မွာ ပါလာတဲ့ Error နဲ႕ Bug ေတြကို ေျဖရွင္းေပးထားတယ္လို႔ သိရပါတယ္။ တ႐ုတ္ျပည္တြင္းသုံးဖို႔ ထုတ္ထားတဲ့ Hydrogen OS အတြက္ကေတာ့ Stable ဗားရွင္းရရွိတာ မၾကာေသးဘူးလို႔ သိရပါတယ္။ ပုံမွန္ဆိုရင္ေတာ့ OnePlus အသုံးျပဳသူေတြ သိထားတဲ့အတိုင္းပဲ Stable Update ေတြကို Hydrogen OS အေနနဲ႕ပဲ ရရွိခဲ့တာပါ။

အခုလို Stable Oxygen OS Update ေတြျမန္လာတဲ့ အတြက္ OnePlus ဖုန္း အသုံးျပဳသူေတြ အတြက္ေတာ့ သတင္းေကာင္းပါပဲ။ OnePlus ဟာ OnePlus 6 က စလို႔ Global User ေတြအေပၚ တ႐ုတ္ျပည္တြင္း အသုံးျပဳသူေတြနဲ႕ တန္းတူ အာ႐ုံစိုက္ခဲ့တာပါ။ OnePlus 6T ကို စတင္မိတ္ဆက္လိုက္တဲ့ အခါမွာေတာ့ Oxygen OS အသုံးျပဳသူေတြကို အဓိက ထားၿပီး Update ေတြထုတ္ေပးခဲ့ပါတယ္။ အခုလို Global User ေတြအေပၚ အာ႐ုံစိုက္လာတဲ့ OnePlus ရဲ႕ ရည္႐ြယ္ခ်က္ကေတာ့ တ႐ုတ္ျပည္တြင္းထက္ နိုင္ငံတကာေစ်းကြက္ကို ပိုမို ထိုးေဖာက္ခ်င္လာတာေၾကာင့္ပါပဲ။

Ref: OnePlus Forums

Unicode

OnePlus 5 နဲ့ 5T တို့အတွက် Oxygen Stable Software Update တွေမြန်မြန် ရလာ

Android Pie ဘယ်တော့ရမလဲ ဆိုပြီး Android Pie ရဖို့ လည်ပင်းရှည်နေတဲ့သူတွေထဲမှာ OnePlus 5 နဲ့ 5T အသုံးပြုတွေအပါအဝင်ပါပဲ။ OnePlus ဟာ OnePlus 6T ကို မိတ်ဆက်ပြီးကတည်းက OnePlus 6T ကိုပဲ အာရုံစိုက်နေပြီး OnePlus 6 ကိုတောင် သိပ်ပြီးဂရုမစိုက်တော့ပါဘူး။ ဒါ့ပေမယ့် OnePlus ထုံးစံအတိုင်း သူ့ဖုန်းတွေအတွက် Software Update တွေကိုတော့ မဖြစ်မနေ ထုတ်ပေးပါတယ်။

Hydrogen OS အဖြစ်ထွက်ပေါ်လာခဲ့တဲ့ Android Pie Beta Update အပြီးမှာတော့ OnePlus 5 နဲ့ 5T Global User တွေအတွက် Stable Android Pie ကို ထုတ်ပေးပြီးပါပြီ။ အခုဆိုရင် Oxygen OS 9.0.3 ထိရနေပြီ ဖြစ်ပြီး စထုတ်ပေးတဲ့ Build မှာ ပါလာတဲ့ Error နဲ့ Bug တွေကို ဖြေရှင်းပေးထားတယ်လို့ သိရပါတယ်။ တရုတ်ပြည်တွင်းသုံးဖို့ ထုတ်ထားတဲ့ Hydrogen OS အတွက်ကတော့ Stable ဗားရှင်းရရှိတာ မကြာသေးဘူးလို့ သိရပါတယ်။ ပုံမှန်ဆိုရင်တော့ OnePlus အသုံးပြုသူတွေ သိထားတဲ့အတိုင်းပဲ Stable Update တွေကို Hydrogen OS အနေနဲ့ပဲ ရရှိခဲ့တာပါ။

အခုလို Stable Oxygen OS Update တွေမြန်လာတဲ့ အတွက် OnePlus ဖုန်း အသုံးပြုသူတွေ အတွက်တော့ သတင်းကောင်းပါပဲ။ OnePlus ဟာ OnePlus 6 က စလို့ Global User တွေအပေါ် တရုတ်ပြည်တွင်း အသုံးပြုသူတွေနဲ့ တန်းတူ အာရုံစိုက်ခဲ့တာပါ။ OnePlus 6T ကို စတင်မိတ်ဆက်လိုက်တဲ့ အခါမှာတော့ Oxygen OS အသုံးပြုသူတွေကို အဓိက ထားပြီး Update တွေထုတ်ပေးခဲ့ပါတယ်။ အခုလို Global User တွေအပေါ် အာရုံစိုက်လာတဲ့ OnePlus ရဲ့ ရည်ရွယ်ချက်ကတော့ တရုတ်ပြည်တွင်းထက် နိုင်ငံတကာစျေးကွက်ကို ပိုမို ထိုးဖောက်ချင်လာတာကြောင့်ပါပဲ။

Ref: OnePlus Forums