Zawgyi Font Version

မၾကာေသးခင္က Apple က သူ႔ရဲ႕ iPhone XS, XS Max နဲ႔ XR ဆိုျပီး iPhone အသစ္ေတြကိုမိတ္ဆက္ခဲ့ပါတယ္။ လူေပါင္းမ်ားစြာရဲ႕ အျမင္မွာေတာ့ Apple ဟာ iPhone အသစ္ေတြကို ဘာမွ ျပဳျပင္ေျပာင္းလဲမွုမရွိပဲ ထုတ္လုပ္ခဲ့တယ့္ ပံုစံမ်ိဳးျဖစ္ေနပါတယ္။ Design ေဟာင္းကိုပဲအသံုးျပဳျပီး ဘာ Feature အသစ္မွ မပါလာဘူးဆိုျပီး ေဝဖန္သံေတြထြက္ေနၾကပါတယ္။

အမွန္တစ္ကယ္ကေတာ့ Apple ဟာ Apple A12 Bionic လို႔ေခၚတဲ့ ကမၻာ့ပထမဦးဆံုး 7nm Processor ကို iPhone အသစ္ေတြမွာအသံုးျပဳခဲ့တာပါ။ ေကာင္းတဲ့ဘက္ကၾကည့္ရင္ေတာ့ Apple ဟာ သံုးစြဲသူေတြအတြက္ အဓိက လိုအပ္ခ်က္ျဖစ္တဲ့ Camera Quality နဲ႔ Performance အပိုင္းကိုပဲ ေသခ်ာျမွင့္တင္ေပးခဲ့တယ္လို႔ျမင္ႏိုင္ပါတယ္။ Performance ပိုင္းအတြက္လည္း Apple A12 Bionic Chip အသစ္ကို အသံုးျပဳေပးခဲ့ပါတယ္။ A12 Chip သံုးထားတဲ့ iPhone XS Max နဲ႔ Snapdragon 845 သံုးထားတဲ့ OnePlus 6 ကိုလက္ေတြ႔ ယွဥ္ျပထားတဲ့ Speed Test Video ကိုေအာက္မွာၾကည့္ရွုေပးပါ။

အေပၚမွာျပထားတဲ့ Video အရ Apple A12 Bionic Chip သံုးထားတဲ့ iPhone XS Max ဟာ Android Smartphone ေလာကမွာ ဆရာတစ္ဆူျဖစ္ေနတဲ့ Snapdragon 845 သံုးထားတဲ့ OnePlus 6 နဲ႔ တန္းတူ Performance ပဲရရွိတာကိုေတြ႔ႏိုင္ပါတယ္။ တစ္ခ်ိဳ႕ Game ေလးေတြဝင္တဲ့ ေနရာမွာ iPhone ကပိုသာေပမယ့္ OnePlus က App Loading Speed ပိုျမန္တာေတြ႔ရပါတယ္။ Apple ဟာ Camera Quality, AR နည္းပညာနဲ႔ AI ပိုင္းေတြအတြက္ သူ႔ရဲ႕ A12 Processor ကို အက်အန အေသးစိတ္ တည္ေဆာက္ခဲ့တာျဖစ္ျပီး အဆင့္ျမွင့္တင္ထားတဲ့ Neural Egine ဟာဆိုရင္ တစ္စကၠန္႔ကို လုပ္ေဆာင္ခ်က္ေပါင္း 5 Trillions လုပ္ေဆာင္ႏိုင္တယ္လို႔သိရပါတယ္။

အဆိုပါ စြမ္းေဆာင္ရည္ဟာဆိုရင္ အရင္ A11 Chip မွာထည့္သြင္းေပးထားတဲ့ Neural Engine ရဲ႕ တစ္စကၠန္႔လုပ္ေဆာင္ႏုိင္တဲ့ 600 Billions ထက္အမ်ားၾကီးသာလြန္သြားတာျဖစ္ပါတယ္။ Specification ေတြအရ အမ်ားၾကီးသာလြန္ေကာင္းမြန္ေနေပမယ့္ အေပၚက Video မွာလို လက္ေတြ႔ ယွဥ္သံုးၾကီးတဲ့ အခါမွာေတာ့ A12 Chip ဟာ Snapdragon 845 နဲ႔ ဘယ္ေလာက္မွ မကြာတာကိုေတြ႔ရပါတယ္။

မွတ္ခ်က္- အထက္ပါ အေၾကာင္းအရာမ်ားမွာ Peformance, Speed Test သာျဖစ္ျပီး AR Quality, Neural Engine အစရွိတဲ့ Feature ေတြကို ႏွိုင္းယွဥ္ျပထားျခင္းမဟုတ္ပါ။

Unicode Version

မကြာသေးခင်က Apple က သူ့ရဲ့ iPhone XS, XS Max နဲ့ XR ဆိုပြီး iPhone အသစ်တွေကိုမိတ်ဆက်ခဲ့ပါတယ်။ လူပေါင်းများစွာရဲ့ အမြင်မှာတော့ Apple ဟာ iPhone အသစ်တွေကို ဘာမှ ပြုပြင်ပြောင်းလဲမှုမရှိပဲ ထုတ်လုပ်ခဲ့တယ့် ပုံစံမျိုးဖြစ်နေပါတယ်။ Design ဟောင်းကိုပဲအသုံးပြုပြီး ဘာ Feature အသစ်မှ မပါလာဘူးဆိုပြီး ဝေဖန်သံတွေထွက်နေကြပါတယ်။

အမှန်တစ်ကယ်ကတော့ Apple ဟာ Apple A12 Bionic လို့ခေါ်တဲ့ ကမ္ဘာ့ပထမဦးဆုံး 7nm Processor ကို iPhone အသစ်တွေမှာအသုံးပြုခဲ့တာပါ။ ကောင်းတဲ့ဘက်ကကြည့်ရင်တော့ Apple ဟာ သုံးစွဲသူတွေအတွက် အဓိက လိုအပ်ချက်ဖြစ်တဲ့ Camera Quality နဲ့ Performance အပိုင်းကိုပဲ သေချာမြှင့်တင်ပေးခဲ့တယ်လို့မြင်နိုင်ပါတယ်။ Performance ပိုင်းအတွက်လည်း Apple A12 Bionic Chip အသစ်ကို အသုံးပြုပေးခဲ့ပါတယ်။ A12 Chip သုံးထားတဲ့ iPhone XS Max နဲ့ Snapdragon 845 သုံးထားတဲ့ OnePlus 6 ကိုလက်တွေ့ ယှဉ်ပြထားတဲ့ Speed Test Video ကိုအောက်မှာကြည့်ရှုပေးပါ။

အပေါ်မှာပြထားတဲ့ Video အရ Apple A12 Bionic Chip သုံးထားတဲ့ iPhone XS Max ဟာ Android Smartphone လောကမှာ ဆရာတစ်ဆူဖြစ်နေတဲ့ Snapdragon 845 သုံးထားတဲ့ OnePlus 6 နဲ့ တန်းတူ Performance ပဲရရှိတာကိုတွေ့နိုင်ပါတယ်။ တစ်ချို့ Game လေးတွေဝင်တဲ့ နေရာမှာ iPhone ကပိုသာပေမယ့် OnePlus က App Loading Speed ပိုမြန်တာတွေ့ရပါတယ်။ Apple ဟာ Camera Quality, AR နည်းပညာနဲ့ AI ပိုင်းတွေအတွက် သူ့ရဲ့ A12 Processor ကို အကျအန အသေးစိတ် တည်ဆောက်ခဲ့တာဖြစ်ပြီး အဆင့်မြှင့်တင်ထားတဲ့ Neural Egine ဟာဆိုရင် တစ်စက္ကန့်ကို လုပ်ဆောင်ချက်ပေါင်း 5 Trillions လုပ်ဆောင်နိုင်တယ်လို့သိရပါတယ်။

အဆိုပါ စွမ်းဆောင်ရည်ဟာဆိုရင် အရင် A11 Chip မှာထည့်သွင်းပေးထားတဲ့ Neural Engine ရဲ့ တစ်စက္ကန့်လုပ်ဆောင်နိုင်တဲ့ 600 Billions ထက်အများကြီးသာလွန်သွားတာဖြစ်ပါတယ်။ Specification တွေအရ အများကြီးသာလွန်ကောင်းမွန်နေပေမယ့် အပေါ်က Video မှာလို လက်တွေ့ ယှဉ်သုံးကြီးတဲ့ အခါမှာတော့ A12 Chip ဟာ Snapdragon 845 နဲ့ ဘယ်လောက်မှ မကွာတာကိုတွေ့ရပါတယ်။

မှတ်ချက်- အထက်ပါ အကြောင်းအရာများမှာ Peformance, Speed Test သာဖြစ်ပြီး AR Quality, Neural Engine အစရှိတဲ့ Feature တွေကို နှိုင်းယှဉ်ပြထားခြင်းမဟုတ်ပါ။