Zawgyi

OnePlus 6T ကို နယူးေယာက္ၿမိဳ႕မွာ မေန႔ညတုန္းက တရားဝင္ မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ OnePlus 6T ဟာ အရင္မ်ိဴးဆက္ OnePlus 6 ထက္ ပိုမိုေကာင္းမြန္လာသလို ဒီဇိုင္းအပိုင္းမွာလည္း ေျပာင္းလဲမႈ အနည္းငယ္ ျပဳလုပ္ထားတာကို ျမင္ေတြ႕ရမွာပါ။

ဒီေန႔မွာေတာ့ OnePlus 6T ရဲ႕ ရမွတ္ေတြဟာ AnTuTu ဝက္ဆိုက္ေပၚကို ေရာက္ရွိလို႔ လာပါၿပီ။ OnePlus 6T ရဲ႕ Total Score ဟာ 298,011 ျဖစ္ေၾကာင္းကို AnTuTu ကေန တရားဝင္ ထုတ္ျပန္ေၾကညာ လိုက္တာပါ။ OnePlus 6 မွာတုန္းက ရမွတ္ 289,424 ရရွိခဲ့ၿပီး Performance အေကာင္းဆုံး စမတ္ဖုန္းအျဖစ္ တတိယေနရာကို ရယူႏိုင္ခဲ့ပါတယ္။ AnTuTu Benchmark ရဲ႕ Ranking ေနရာမွာ ေလာေလာဆယ္ မင္းမူေနတဲ့ စမတ္ဖုန္းကေတာ့ ROG Phone ပါ။ Asus ရဲ႕ ROG Phone က ရမွတ္ 299,706 နဲ႔ AnTuTu ဇယားထိပ္ဆုံးမွာ ရပ္တည္ေနၿပီး OnePlus 6T ရဲ႕ ရမွတ္နဲ႔ မတိမ္းမယိမ္းေလးပဲ ကြာျခားေနတာ ေတြ႕ရမွာပါ။

ေလာေလာဆယ္မွာေတာ့ AnTuTu Benchmark ရဲ႕ ဇယားဟာ ၂၀၁၈ခုႏွစ္ စက္တင္ဘာလအထိ ထြက္ရွိထားတဲ့ စမတ္ဖုန္းေတြသာ ပါဝင္ေသးတာ ျဖစ္ၿပီး ေအာက္တိုဘာလ အတြင္း ထြက္ရွိထားတဲ့ စမတ္ဖုန္းေတြ မပါေသးပါဘူး။ ေအာက္တိုဘာလ အထိ ထြက္ရွိခဲ့တဲ့ စမတ္ဖုန္းေတြ ပါမယ္ဆိုရင္လည္း Kirin 980 ကို သုံးထားတဲ့ Mate 20 ဖုန္းေတြ ရွိေနတာေၾကာင့္ OnePlus 6T အေနနဲ႔ တတိယေနရာကို သိမ္းပိုက္ဖို႔ေတာင္ လြယ္ကူမွာ မဟုတ္ပါဘူး။

Ref: gizmochina

Unicode

AnTuTu မှာ ရမှတ် 298k နဲ့ မျက်နှာပန်းလှနေတဲ့ OnePlus 6T

OnePlus 6T ကို နယူးယောက်မြို့မှာ မနေ့ညတုန်းက တရားဝင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ OnePlus 6T ဟာ အရင်မျိူးဆက် OnePlus 6 ထက် ပိုမိုကောင်းမွန်လာသလို ဒီဇိုင်းအပိုင်းမှာလည်း ပြောင်းလဲမှု အနည်းငယ် ပြုလုပ်ထားတာကို မြင်တွေ့ရမှာပါ။

ဒီနေ့မှာတော့ OnePlus 6T ရဲ့ ရမှတ်တွေဟာ AnTuTu ဝက်ဆိုက်ပေါ်ကို ရောက်ရှိလို့ လာပါပြီ။ OnePlus 6T ရဲ့ Total Score ဟာ 298,011 ဖြစ်ကြောင်းကို AnTuTu ကနေ တရားဝင် ထုတ်ပြန်ကြေညာ လိုက်တာပါ။ OnePlus 6 မှာတုန်းက ရမှတ် 289,424 ရရှိခဲ့ပြီး Performance အကောင်းဆုံး စမတ်ဖုန်းအဖြစ် တတိယနေရာကို ရယူနိုင်ခဲ့ပါတယ်။ AnTuTu Benchmark ရဲ့ Ranking နေရာမှာ လောလောဆယ် မင်းမူနေတဲ့ စမတ်ဖုန်းကတော့ ROG Phone ပါ။ Asus ရဲ့ ROG Phone က ရမှတ် 299,706 နဲ့ AnTuTu ဇယားထိပ်ဆုံးမှာ ရပ်တည်နေပြီး OnePlus 6T ရဲ့ ရမှတ်နဲ့ မတိမ်းမယိမ်းလေးပဲ ကွာခြားနေတာ တွေ့ရမှာပါ။

လောလောဆယ်မှာတော့ AnTuTu Benchmark ရဲ့ ဇယားဟာ ၂၀၁၈ခုနှစ် စက်တင်ဘာလအထိ ထွက်ရှိထားတဲ့ စမတ်ဖုန်းတွေသာ ပါဝင်သေးတာ ဖြစ်ပြီး အောက်တိုဘာလ အတွင်း ထွက်ရှိထားတဲ့ စမတ်ဖုန်းတွေ မပါသေးပါဘူး။ အောက်တိုဘာလ အထိ ထွက်ရှိခဲ့တဲ့ စမတ်ဖုန်းတွေ ပါမယ်ဆိုရင်လည်း Kirin 980 ကို သုံးထားတဲ့ Mate 20 ဖုန်းတွေ ရှိနေတာကြောင့် OnePlus 6T အနေနဲ့ တတိယနေရာကို သိမ်းပိုက်ဖို့တောင် လွယ်ကူမှာ မဟုတ်ပါဘူး။

Ref: gizmochina