Zawgyi

DxO Mark ဆိုတာကေတာ့ ကင္မရာေတြကို အမွတ္ေပးတဲ့ အဖြဲ႕အစည္းတစ္ခုျဖစ္ျပီး အရင္တုန္းကေတာ့ Digital Camera ေတြနဲ႔ DSLR ေတြကို အဆင့္သက္မွတ္ေပးတဲ့ ေနရာမွာ နာမည္ၾကီးျပီး အခုေတာ့ စမတ္ဖုန္းကင္မရာေတြကို အဆင့္သက္မွတ္ေပးတဲ့ Website တစ္ခုအျဖစ္ နာမည္ၾကီးေနပါတယ္။ DxO Mark ရဲ႕ အကူအညီနဲ႔ ႏွစ္စဥ္ ကင္မရာ အေကာင္းဆံုး စမတ္ဖုန္းေတြကို သိရျပီး ကင္မရာ အသားေပး စမတ္ဖုန္း ဝယ္ယူမယ့္ သူေတြအတြက္ အမ်ားၾကီး အေထာက္အကူျဖစ္ေစပါတယ္။ DxO Mark ဟာ အရမ္း Technical ဆန္ျပီး စမတ္ဖုန္းနဲ႔ ဓာတ္ပံုရိုက္ျပီး စမတ္ဖုန္းေပၚမွာပဲ ပံုေတြျပန္ၾကည့္ၾကတဲ့ လက္ေတြ႔ဘဝမွာေတာ့ DxO Mark ေတြဟာ အမ်ားၾကီး အေရးမပါပါဘူး။ ဒါမယ့္လည္း DxO Mark ၅ မွတ္ကေန ၁၀ မွတ္ေက်ာ္ထိ ကြာေနရင္ေတာ့ စမတ္ဖုန္း ကင္မရာရဲ႕ အရည္အေသြးဟာ သိသိသာသာကြာျခားေနတာျမင္ေတြ႔ရပါတယ္။ အခုေတာ့ ၂၀၁၈ ရဲ႕ လူေျပာအမ်ားဆံုး Flagship ဖုန္းေတြထဲက တစ္လံုးျဖစ္တဲ့ OnePlus 6T ရဲ႕ DxO Mark ထြက္ေပၚလာျပီး တူညီတဲ့ ကင္မရာေတြ အသံုးျပဳထားတဲ့ OnePlus 6 ထက္ ႏွစ္မွတ္ေလာက္ ပိုသာေနတာ ေတြ႔ရပါတယ္။

OnePlus 6T ရဲ႕ အေနာက္ဘက္ ကင္မရာ ႏွစ္လံုးတြဲ စနစ္မွာ 16MP နဲ႔ 20MP ရွိတဲ့ ကင္မရာေတြပါဝင္ျပီး အဓိက ကင္မရာမွာ OIS လို႔ေခၚတဲ့ ဓာတ္ပံုရိုက္ရာမွာ ပံုရိပ္ေတြကို တည္ျငိမ္ေစတဲ့ စနစ္တစ္ခုပါဝင္ပါတယ္။ ဒုတိယ ကင္မရာကေတာ့ Portrait ပံုေတြရိုက္ဖို႔အတြက္ပဲ တပ္ဆင္ထားတဲ့ Depth Sensor ျဖစ္ပါတယ္။ iPhone ေတြနဲ႔ Mi 8 တို႔မွာလို Telephoto Lens (ေခၚ) Optical Lens မဟုတ္တဲ့အတြက္ Zoom ခ်ဲ႔ျပီး ရိုက္ကူးတဲ့ေနရာမွာ အားနည္းပါတယ္။ ထင္ထားတဲ့ အတိုင္းပဲ Note 9 လို Telephoto Lens ပါဝင္တဲ့ ဖုန္းေတြနဲ႔ ယွဥ္ၾကည့္တဲ့အခါ OnePlus 6T ရဲ႕ Zoom ခ်ဲ႔ျပီးရိုက္ကူးထားတဲ့ပံုေတြဟာ Detail လို႔ေခၚတဲ့ အေသးစိတ္က်တဲ့ ပံုရိပ္ေတြမရရွိတာကိုေတြ႔ရပါတယ္။

OnePlus 6T ရဲ႕ Overall DXO Score ဟာ 98 ျဖစ္ျပီး OnePlus 6 ရဲ႕ DXO Score ျဖစ္တဲ့ 96 ထက္ ႏွစ္မွတ္ပိုမ်ားပါတယ္။ DXO ရဲ႕ အဆိုအရ OnePlus 6T မွာ Software Optimization ပိုေကာင္းတဲ့အတြက္ ရလဒ္ေတြကြာျခားေနတာျဖစ္ႏိုင္တယ္လို႔ဆိုပါတယ္။ OnePlus 6T ရဲ႕ Photo Score ဟာ 101 ျဖစ္ျပီး အလင္းမ်ားတဲ့အခ်ိန္မွာေရာ အလင္းအားနည္းတဲ့ အခ်ိန္ေတြမွာပါ အေတာ္ေကာင္းမြန္တဲ့ ပံုရိပ္ေတြ ရိုက္ကူးေပးႏိုင္တယ္လို႔သိရပါတယ္။ Background ပံုရိပ္ေတြရဲ႕ အေသးစိတ္က်မွုဟာ iPhone XS နဲ႔ အတူတူပဲျဖစ္ျပီး Galaxy Note 9 ထက္ ပိုေကာင္းပါတယ္။ အလင္းအားနည္းတဲ့ အခ်ိန္ေတြမွာ ဆိုရင္လည္း iPhone XS နဲ႔ Galaxy Nots 9 ထက္ ပိုေကာင္းတဲ့ ပံုရိပ္ေတြဖမ္းယူေပးႏိုင္တာေတြ႔ရပါတယ္။

Video Score မွာေတာ့ 91 ရျပီး OnePlus 6 ရဲ႕ 87 ထက္ ပိုမ်ားေနတာေတြ႔ရပါတယ္။ ဒါေပမယ့္လည္း အလင္းအားနည္းရဲ႕ အခ်ိန္ Video ရိုက္ကူးတဲ့ေနရာမွာေတာ့ OnePlus 6 ထက္ Noise ေတြပိုမ်ားေနတာကိုေတြ႔ရပါတယ္။ Software Optimization လိုအပ္ခ်က္ျဖစ္ႏိုင္လို႔ ေနာက္ထပ္ Software Update ေတြမွာ ျပဳျပင္ေပးသြားႏိုင္ပါတယ္။

Ref: Gizmo China

Unicode

DxO Mark ဆိုတာကတော့ ကင်မရာတွေကို အမှတ်ပေးတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အရင်တုန်းကတော့ Digital Camera တွေနဲ့ DSLR တွေကို အဆင့်သက်မှတ်ပေးတဲ့ နေရာမှာ နာမည်ကြီးပြီး အခုတော့ စမတ်ဖုန်းကင်မရာတွေကို အဆင့်သက်မှတ်ပေးတဲ့ Website တစ်ခုအဖြစ် နာမည်ကြီးနေပါတယ်။ DxO Mark ရဲ့ အကူအညီနဲ့ နှစ်စဉ် ကင်မရာ အကောင်းဆုံး စမတ်ဖုန်းတွေကို သိရပြီး ကင်မရာ အသားပေး စမတ်ဖုန်း ဝယ်ယူမယ့် သူတွေအတွက် အများကြီး အထောက်အကူဖြစ်စေပါတယ်။ DxO Mark ဟာ အရမ်း Technical ဆန်ပြီး စမတ်ဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီး စမတ်ဖုန်းပေါ်မှာပဲ ပုံတွေပြန်ကြည့်ကြတဲ့ လက်တွေ့ဘဝမှာတော့ DxO Mark တွေဟာ အများကြီး အရေးမပါပါဘူး။ ဒါမယ့်လည်း DxO Mark ၅ မှတ်ကနေ ၁၀ မှတ်ကျော်ထိ ကွာနေရင်တော့ စမတ်ဖုန်း ကင်မရာရဲ့ အရည်အသွေးဟာ သိသိသာသာကွာခြားနေတာမြင်တွေ့ရပါတယ်။ အခုတော့ ၂၀၁၈ ရဲ့ လူပြောအများဆုံး Flagship ဖုန်းတွေထဲက တစ်လုံးဖြစ်တဲ့ OnePlus 6T ရဲ့ DxO Mark ထွက်ပေါ်လာပြီး တူညီတဲ့ ကင်မရာတွေ အသုံးပြုထားတဲ့ OnePlus 6 ထက် နှစ်မှတ်လောက် ပိုသာနေတာ တွေ့ရပါတယ်။

OnePlus 6T ရဲ့ အနောက်ဘက် ကင်မရာ နှစ်လုံးတွဲ စနစ်မှာ 16MP နဲ့ 20MP ရှိတဲ့ ကင်မရာတွေပါဝင်ပြီး အဓိက ကင်မရာမှာ OIS လို့ခေါ်တဲ့ ဓာတ်ပုံရိုက်ရာမှာ ပုံရိပ်တွေကို တည်ငြိမ်စေတဲ့ စနစ်တစ်ခုပါဝင်ပါတယ်။ ဒုတိယ ကင်မရာကတော့ Portrait ပုံတွေရိုက်ဖို့အတွက်ပဲ တပ်ဆင်ထားတဲ့ Depth Sensor ဖြစ်ပါတယ်။ iPhone တွေနဲ့ Mi 8 တို့မှာလို Telephoto Lens (ခေါ်) Optical Lens မဟုတ်တဲ့အတွက် Zoom ချဲ့ပြီး ရိုက်ကူးတဲ့နေရာမှာ အားနည်းပါတယ်။ ထင်ထားတဲ့ အတိုင်းပဲ Note 9 လို Telephoto Lens ပါဝင်တဲ့ ဖုန်းတွေနဲ့ ယှဉ်ကြည့်တဲ့အခါ OnePlus 6T ရဲ့ Zoom ချဲ့ပြီးရိုက်ကူးထားတဲ့ပုံတွေဟာ Detail လို့ခေါ်တဲ့ အသေးစိတ်ကျတဲ့ ပုံရိပ်တွေမရရှိတာကိုတွေ့ရပါတယ်။

OnePlus 6T ရဲ့ Overall DXO Score ဟာ 98 ဖြစ်ပြီး OnePlus 6 ရဲ့ DXO Score ဖြစ်တဲ့ 96 ထက် နှစ်မှတ်ပိုများပါတယ်။ DXO ရဲ့ အဆိုအရ OnePlus 6T မှာ Software Optimization ပိုကောင်းတဲ့အတွက် ရလဒ်တွေကွာခြားနေတာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ OnePlus 6T ရဲ့ Photo Score ဟာ 101 ဖြစ်ပြီး အလင်းများတဲ့အချိန်မှာရော အလင်းအားနည်းတဲ့ အချိန်တွေမှာပါ အတော်ကောင်းမွန်တဲ့ ပုံရိပ်တွေ ရိုက်ကူးပေးနိုင်တယ်လို့သိရပါတယ်။ Background ပုံရိပ်တွေရဲ့ အသေးစိတ်ကျမှုဟာ iPhone XS နဲ့ အတူတူပဲဖြစ်ပြီး Galaxy Note 9 ထက် ပိုကောင်းပါတယ်။ အလင်းအားနည်းတဲ့ အချိန်တွေမှာ ဆိုရင်လည်း iPhone XS နဲ့ Galaxy Nots 9 ထက် ပိုကောင်းတဲ့ ပုံရိပ်တွေဖမ်းယူပေးနိုင်တာတွေ့ရပါတယ်။

Video Score မှာတော့ 91 ရပြီး OnePlus 6 ရဲ့ 87 ထက် ပိုများနေတာတွေ့ရပါတယ်။ ဒါပေမယ့်လည်း အလင်းအားနည်းရဲ့ အချိန် Video ရိုက်ကူးတဲ့နေရာမှာတော့ OnePlus 6 ထက် Noise တွေပိုများနေတာကိုတွေ့ရပါတယ်။ Software Optimization လိုအပ်ချက်ဖြစ်နိုင်လို့ နောက်ထပ် Software Update တွေမှာ ပြုပြင်ပေးသွားနိုင်ပါတယ်။

Ref: Gizmo China