Zawgyi

OnePlus အေနနဲ႔ သူတို႔ရဲ႕ ပထမဦးဆုံး Edition စမတ္ဖုန္းျဖစ္တဲ့ OnePlus 6T McLaren Edition ကို တ႐ုတ္ႏိုင္ငံမွာ စတင္မိတ္ဆက္ေပးခဲ့တာ ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံမွာ မိတ္ဆက္ၿပီး သိပ္မၾကာခင္မွာပဲ ယခုအခါ အိႏၵိယႏိုင္ငံမွာ ထပ္မံမိတ္ဆက္လိုက္ျခင္း ျဖစ္ပါတယ္။ အိႏၵိယႏိုင္ငံမွာေတာ့ OnePlus 6T McLaren Edition မိတ္ဆက္ပြဲကို သီးသန္႔ျပဳလုပ္သြားျခင္းမရွိဘဲ တခါတည္း တင္သြင္းေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

OnePlus 6T McLaren Edition ကို အိႏၵိယႏိုင္ငံမွာ ဒီဇင္ဘာလ ၂၄ရက္ေန႔ကစၿပီး Amazon India, OnePlus India Online Store နဲ႔ Offline Store ေတြကေန တစ္ဆင့္ စတင္ဝယ္ယူႏိုင္မွာျဖစ္ၿပီး ေရာင္းခ်သြားမယ့္ ေစ်းႏႈန္းကေတာ့ အိႏၵိယေငြ ၅၀,၉၉၉ ႐ူပီး (ျမန္မာေငြ ၁၁သိန္း ဝန္းက်င္) ျဖစ္ပါတယ္။

OnePlus 6T McLaren Edition နဲ႔ မူလပထမ OnePlus 6T တို႔ရဲ႕ အဓိက ကြာျခားခ်က္ကေတာ့ RAM နဲ႔ အျမန္အားသြင္းစနစ္ပါ။ McLaren Edition မွာ RAM 10GB + Storage 256GB ကိုထည့္သြင္းေပးထားၿပီး Warp Charge လို႔ေခၚတဲ့ 30W အျမန္အားသြင္းစနစ္ ပါဝင္လာပါတယ္။ အဆိုပါ အျမန္အားသြင္းစနစ္က OnePlus 6T McLaren Edition မွာ ထည့္သြင္းေပးထားတဲ့ 3700mAh ဘက္ထရီကို မိနစ္ ၂၀အတြင္း ၅၀% အထိေရာက္ေအာင္ အားသြင္းေပးႏိုင္တယ္လို႔ သိရပါတယ္။

ေနာက္ေက်ာဘက္ ဒီဇိုင္းအတြက္ Carbon-fiber Texture ကို အသုံးျပဳထားတာ ျဖစ္ၿပီး Glass Panel ကို အေပၚက ဖုံးအုပ္ေပးထားပါတယ္။ အထက္၊ ေအာက္နဲ႔ ေဘးေဘာင္ေတြမွာ လိေမၼာ္ေရာင္အစင္းေလး ပါဝင္လာၿပီး McLaren အမွတ္အသားကို ေက်ာဘက္ ကိုယ္ထည္ေပၚမွာ ႐ိုက္ႏွိပ္ထားတာ ေတြ႕ရပါတယ္။ တျခား Specification ေတြကေတာ့ မူလပထမ OnePlus 6T နဲ႔ အတူတူပါပဲ။

Ref : indianexpress

Unicode

OnePlus 6T McLaren Edition ကို အိန္ဒိယနိုင်ငံမှာ စရောင်းပြီ

OnePlus အနေနဲ့ သူတို့ရဲ့ ပထမဦးဆုံး Edition စမတ်ဖုန်းဖြစ်တဲ့ OnePlus 6T McLaren Edition ကို တရုတ်နိုင်ငံမှာ စတင်မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ မိတ်ဆက်ပြီး သိပ်မကြာခင်မှာပဲ ယခုအခါ အိန္ဒိယနိုင်ငံမှာ ထပ်မံမိတ်ဆက်လိုက်ခြင်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ OnePlus 6T McLaren Edition မိတ်ဆက်ပွဲကို သီးသန့်ပြုလုပ်သွားခြင်းမရှိဘဲ တခါတည်း တင်သွင်းရောင်းချသွားမယ်လို့ သိရပါတယ်။

OnePlus 6T McLaren Edition ကို အိန္ဒိယနိုင်ငံမှာ ဒီဇင်ဘာလ ၂၄ရက်နေ့ကစပြီး Amazon India, OnePlus India Online Store နဲ့ Offline Store တွေကနေ တစ်ဆင့် စတင်ဝယ်ယူနိုင်မှာဖြစ်ပြီး ရောင်းချသွားမယ့် စျေးနှုန်းကတော့ အိန္ဒိယငွေ ၅၀,၉၉၉ ရူပီး (မြန်မာငွေ ၁၁သိန်း ဝန်းကျင်) ဖြစ်ပါတယ်။

OnePlus 6T McLaren Edition နဲ့ မူလပထမ OnePlus 6T တို့ရဲ့ အဓိက ကွာခြားချက်ကတော့ RAM နဲ့ အမြန်အားသွင်းစနစ်ပါ။ McLaren Edition မှာ RAM 10GB + Storage 256GB ကိုထည့်သွင်းပေးထားပြီး Warp Charge လို့ခေါ်တဲ့ 30W အမြန်အားသွင်းစနစ် ပါဝင်လာပါတယ်။ အဆိုပါ အမြန်အားသွင်းစနစ်က OnePlus 6T McLaren Edition မှာ ထည့်သွင်းပေးထားတဲ့ 3700mAh ဘက်ထရီကို မိနစ် ၂၀အတွင်း ၅၀% အထိရောက်အောင် အားသွင်းပေးနိုင်တယ်လို့ သိရပါတယ်။

နောက်ကျောဘက် ဒီဇိုင်းအတွက် Carbon-fiber Texture ကို အသုံးပြုထားတာ ဖြစ်ပြီး Glass Panel ကို အပေါ်က ဖုံးအုပ်ပေးထားပါတယ်။ အထက်၊ အောက်နဲ့ ဘေးဘောင်တွေမှာ လိမ္မော်ရောင်အစင်းလေး ပါဝင်လာပြီး McLaren အမှတ်အသားကို ကျောဘက် ကိုယ်ထည်ပေါ်မှာ ရိုက်နှိပ်ထားတာ တွေ့ရပါတယ်။ တခြား Specification တွေကတော့ မူလပထမ OnePlus 6T နဲ့ အတူတူပါပဲ။

Ref : indianexpress