[Zawgyi]

Speed ဆိုတဲ့ စကားလံုးကို စြဲကိုင္ထားတဲ့ Flagship Killer ၾကီး OnePlus ကေတာ့ Speed ကိုထပ္ျပီးအရိွန္ျမွင့္ဖို႔ ရည္ရြယ္ခ်က္နဲ႔ McLaren Edition ကို ထုတ္ပါေတာ့မယ္။ သူ႔ရဲ႕ Speed မွာ အားျဖည့္ေပးမွာကေတာ့ 6T မွာ မၾကားခဲ့ရတဲ့ 50W Charging စနစ္ျဖစ္မွာပါ။

ဒီႏွစ္အေစာပိုင္းက တစ္ဝမ္းကြဲကုမၸဏီ Oppo ကေန သူ႔ရဲ႕ Super VOOC (50W) Charging ကို Oppo Find X Lamborghini Edition မွာ ထုတ္ျပမိတ္ဆက္လိုက္ပါတယ္။ သိပ္မၾကာခင္မွာပဲOnePlus ကေန Warp Charge ကို ကုန္အမွတ္တံဆိပ္တင္ခဲ့လိုက္တာျဖစ္ျပီး FindX လို Edition ဖုန္းမွာ ပါလာမယ့္ပံုပါ။

OnePlus ကိုယ္တုိင္ကလည္း OnePlus 6T McLaren Edition အတြက္ Charging နဲ႔ပတ္သတ္တဲ့ Teaser ဗီဒီယိုတစ္ခု တင္ခဲ့ပါတယ္။

Edition ဖုန္းျဖစ္လို႔ ပံုမွန္ 6T ေတြထက္ ထူးျခားသြားတာက RAM 10GB Storage 256GB ဆိုတာအျပင္ ေရြးသင့္တဲ့တစ္ခ်က္မွာ Charging Speed လည္း ပါသင့္ပါတယ္။ သူ႔ရဲ႕ လက္ရိွ Dash Charge 20W ဆိုတာက ျမန္တယ္ဆိုေပမယ့္ Oppo ကလည္း 50W နဲ႔ထုတ္ Huawei ကလည္း 40W နဲ႔ ထုတ္ထားေတာ့ သူလည္း တစ္ဆင့္ျမွင့္ရေတာ့မယ့္ အခ်ိန္ ေရာက္လာပါျပီ။

သူ႔ရဲ႕ Teaser ဗီဒီယိုမွာေတာ့ ခါတုိင္း OnePlus ရဲ႕ အနီေရာင္ အားသြင္းၾကိဳးကို ေတြ႔ရမွာမဟုတ္ဘဲ လိေမၼာ္ေရာင္ Braid ၾကိဳးေလးနဲ႔ တစ္မူထူးေအာင္ ဖန္တီးေပးထားတာ ေတြ႔ရပါတယ္။ အျပည့္အစံုကိုေတာ့ ဒီဇင္ဘာ ၁၂ရက္ေန႔ထိ တစ္ခ်က္ေစာင့္ၾကည့္ရေအာင္ပါ။

Ref: GsmArena

[Unicode]

Speed ဆိုတဲ့ စကားလုံးကို စွဲကိုင်ထားတဲ့ Flagship Killer ကြီး OnePlus ကတော့ Speed ကိုထပ်ပြီးအရှိန်မြှင့်ဖို့ ရည်ရွယ်ချက်နဲ့ McLaren Edition ကို ထုတ်ပါတော့မယ်။ သူ့ရဲ့ Speed မှာ အားဖြည့်ပေးမှာကတော့ 6T မှာ မကြားခဲ့ရတဲ့ 50W Charging စနစ်ဖြစ်မှာပါ။

ဒီနှစ်အစောပိုင်းက တစ်ဝမ်းကွဲကုမ္ပဏီ Oppo ကနေ သူ့ရဲ့ Super VOOC (50W) Charging ကို Oppo Find X Lamborghini Edition မှာ ထုတ်ပြမိတ်ဆက်လိုက်ပါတယ်။ သိပ်မကြာခင်မှာပဲOnePlus ကနေ Warp Charge ကို ကုန်အမှတ်တံဆိပ်တင်ခဲ့လိုက်တာဖြစ်ပြီး FindX လို Edition ဖုန်းမှာ ပါလာမယ့်ပုံပါ။

OnePlus ကိုယ်တိုင်ကလည်း OnePlus 6T McLaren Edition အတွက် Charging နဲ့ပတ်သတ်တဲ့ Teaser ဗီဒီယိုတစ်ခု တင်ခဲ့ပါတယ်။

Edition ဖုန်းဖြစ်လို့ ပုံမှန် 6T တွေထက် ထူးခြားသွားတာက RAM 10GB Storage 256GB ဆိုတာအပြင် ရွေးသင့်တဲ့တစ်ချက်မှာ Charging Speed လည်း ပါသင့်ပါတယ်။ သူ့ရဲ့ လက်ရှိ Dash Charge 20W ဆိုတာက မြန်တယ်ဆိုပေမယ့် Oppo ကလည်း 50W နဲ့ထုတ် Huawei ကလည်း 40W နဲ့ ထုတ်ထားတော့ သူလည်း တစ်ဆင့်မြှင့်ရတော့မယ့် အချိန် ရောက်လာပါပြီ။

သူ့ရဲ့ Teaser ဗီဒီယိုမှာတော့ ခါတိုင်း OnePlus ရဲ့ အနီရောင် အားသွင်းကြိုးကို တွေ့ရမှာမဟုတ်ဘဲ လိမ္မော်ရောင် Braid ကြိုးလေးနဲ့ တစ်မူထူးအောင် ဖန်တီးပေးထားတာ တွေ့ရပါတယ်။ အပြည့်အစုံကိုတော့ ဒီဇင်ဘာ ၁၂ရက်နေ့ထိ တစ်ချက်စောင့်ကြည့်ရအောင်ပါ။

Ref: GsmArena