Zawgyi

OnePlus 6T McLaren Edition စမတ္ဖုန္းကို တ႐ုတ္ႏိုင္ငံမွာ တရားဝင္ မိတ္ဆက္ေပးလိုက္ပါၿပီ။ အဆိုပါ Edition ေမာ္ဒယ္ကို လာမယ့္ ဒီဇင္ဘာလ ၁၇ရက္ေန႔မွာ စတင္ေရာင္းခ်သြားမွာျဖစ္ၿပီး OnePlus ရဲ႕ တရားဝင္ ဝက္ဆိုက္နဲ႔ Jingdong (JD.com) တို႔ကေန တစ္ဆင့္ ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။

OnePlus 6T McLaren Edition နဲ႔ မူလပထမ OnePlus 6T တို႔ရဲ႕ အဓိက ကြာျခားခ်က္ကေတာ့ RAM နဲ႔ အျမန္အားသြင္းစနစ္ပါ။ McLaren Edition မွာ RAM 10GB + Storage 256GB ကိုထည့္သြင္းေပးထားၿပီး Warp Charge လို႔ေခၚတဲ့ 30W အျမန္အားသြင္းစနစ္ ပါဝင္လာပါတယ္။ အဆိုပါ အျမန္အားသြင္းစနစ္က OnePlus 6T McLaren Edition မွာ ထည့္သြင္းေပးထားတဲ့ 3700mAh ဘက္ထရီကို မိနစ္ ၂၀အတြင္း ၅၀% အထိေရာက္ေအာင္ အားသြင္းေပးႏိုင္တယ္လို႔ သိရပါတယ္။

ေနာက္ေက်ာဘက္ ဒီဇိုင္းအတြက္ Carbon-fiber Texture ကို အသုံးျပဳထားတာ ျဖစ္ၿပီး Glass Panel ကို အေပၚက ဖုံးအုပ္ေပးထားပါတယ္။ အထက္၊ ေအာက္နဲ႔ ေဘးေဘာင္ေတြမွာ လိေမၼာ္ေရာင္အစင္းေလး ပါဝင္လာၿပီး McLaren အမွတ္အသားကို ေက်ာဘက္ ကိုယ္ထည္ေပၚမွာ ႐ိုက္ႏွိပ္ထားတာ ေတြ႕ရပါတယ္။ တျခား Specification ေတြကေတာ့ မူလပထမ OnePlus 6T နဲ႔ အတူတူပါပဲ။ အံ့ၾသစရာေကာင္းတာက ေစ်းႏႈန္းပါ။ OnePlus 6T McLaren Edition ဟာ Huawei Mate 20 Porsche Design Edition နဲ႔ Oppo Find X Lamborghini Edition တို႔လိုမ်ိဴး ေစ်းအရမ္းႀကီးမေနဘဲ တ႐ုတ္ေငြ ၄၅၉၉ ယြမ္ (ျမန္မာေငြ ၁၀သိန္း ဝန္းက်င္)နဲ႔ ပြဲထြက္ခဲ့တာ ျဖစ္ပါတယ္။

Ref : Gizmochina

Unicode

Edition စမတ်ဖုန်းဆိုပေမယ့် စျေးသက်သာနေတဲ့ OnePlus 6T McLaren Edition

OnePlus 6T McLaren Edition စမတ်ဖုန်းကို တရုတ်နိုင်ငံမှာ တရားဝင် မိတ်ဆက်ပေးလိုက်ပါပြီ။ အဆိုပါ Edition မော်ဒယ်ကို လာမယ့် ဒီဇင်ဘာလ ၁၇ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်ပြီး OnePlus ရဲ့ တရားဝင် ဝက်ဆိုက်နဲ့ Jingdong (JD.com) တို့ကနေ တစ်ဆင့် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

OnePlus 6T McLaren Edition နဲ့ မူလပထမ OnePlus 6T တို့ရဲ့ အဓိက ကွာခြားချက်ကတော့ RAM နဲ့ အမြန်အားသွင်းစနစ်ပါ။ McLaren Edition မှာ RAM 10GB + Storage 256GB ကိုထည့်သွင်းပေးထားပြီး Warp Charge လို့ခေါ်တဲ့ 30W အမြန်အားသွင်းစနစ် ပါဝင်လာပါတယ်။ အဆိုပါ အမြန်အားသွင်းစနစ်က OnePlus 6T McLaren Edition မှာ ထည့်သွင်းပေးထားတဲ့ 3700mAh ဘက်ထရီကို မိနစ် ၂၀အတွင်း ၅၀% အထိရောက်အောင် အားသွင်းပေးနိုင်တယ်လို့ သိရပါတယ်။

နောက်ကျောဘက် ဒီဇိုင်းအတွက် Carbon-fiber Texture ကို အသုံးပြုထားတာ ဖြစ်ပြီး Glass Panel ကို အပေါ်က ဖုံးအုပ်ပေးထားပါတယ်။ အထက်၊ အောက်နဲ့ ဘေးဘောင်တွေမှာ လိမ္မော်ရောင်အစင်းလေး ပါဝင်လာပြီး McLaren အမှတ်အသားကို ကျောဘက် ကိုယ်ထည်ပေါ်မှာ ရိုက်နှိပ်ထားတာ တွေ့ရပါတယ်။ တခြား Specification တွေကတော့ မူလပထမ OnePlus 6T နဲ့ အတူတူပါပဲ။ အံ့သြစရာကောင်းတာက စျေးနှုန်းပါ။ OnePlus 6T McLaren Edition ဟာ Huawei Mate 20 Porsche Design Edition နဲ့ Oppo Find X Lamborghini Edition တို့လိုမျိူး စျေးအရမ်းကြီးမနေဘဲ တရုတ်ငွေ ၄၅၉၉ ယွမ် (မြန်မာငွေ ၁၀သိန်း ဝန်းကျင်)နဲ့ ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။

Ref : Gizmochina