[Zawgyi]

OnePlus 6T ကို ၿပီးခဲ့တဲ့ ေအာက္တိုဘာ လကုန္တုန္းက ေၾကညာခဲ့တာျဖစ္ၿပီး ေနရာအေတာ္မ်ားမ်ားမွာ Event ေတြလည္း လုပ္ခဲ့ပါတယ္။ ဒီ Event ေတြထဲမွာ အေမရိကန္ျပည္ေထာင္စုရဲ႕ New York ၿမိဳ႕လည္း ပါဝင္ခဲ့ပါတယ္။ အေမရိကန္ ေဈးကြက္ကိုေတာ့ T-Mobile နဲ႔ မိတ္ဖက္အျဖစ္ လက္တြဲခဲ့ပါတယ္။ CDMA ေရာ GSM networks ႏွစ္မ်ိဳးစလုံး အသုံးျပဳႏိုင္ ေၾကာင္းကိုလည္း ေၾကညာခဲ့ပါေသးတယ္။

Flagship အသစ္ဟာ အခုအခါမွာ Band 13 ေထာက္ပံ့ေပးႏိုင္ၿပီး Verizon Wireless ကိုလည္း အသုံးျပဳႏိုင္တာ ျဖစ္ပါတယ္။ အသုံးဝင္မႈကိုပိုၿပီးျမင့္မားေစတဲ့ ဒီမြမ္းမံမႈ ႏွစ္ခုက OnePlus 6T ရဲ႕ ပထမဆုံး ေရာင္းခ်ရက္ရဲ႕ ေရာင္းအားကို ပိုၿပီးေကာင္းမြန္ေစခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ထုတ္ကုန္ျဖစ္တဲ့ OnePlus 6 နဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ OnePlus 6T ရဲ႕ First-day sales ဟာ ၈၆% ထိ တိုးတက္ခဲ့ပါတယ္။

ဒီသတင္းကို ဦးဆုံးေဖာ္ျပခဲ့တာက XDA Developers ကပါ။ သူတို႔ကပဲ ၿပီးခဲ့တဲ့ အပတ္တုန္းက OnePlus ဟာ သူ႔ရဲ႕ ဖုန္းအလုံးေရ တစ္သန္းကို ေရာင္းခ်ႏိုင္ေအာင္ စီမံႏိုင္ခဲ့တယ္လို႔ ဆိုခဲ့ၾကတာပါပဲ။ အခုလိုမ်ိဳး အေပါင္းလကၡဏာေဆာင္တဲ့ OnePlus 6T ေရာင္းခ်ႏိုင္မႈအေျခအေနက ကုမၸဏီရဲ႕ ေရာင္းအားအေကာင္းဆုံး ထုတ္ကုန္ဆိုတဲ့ လမ္းေၾကာင္းေပၚကို ေရာက္ရွိေစခဲ့ပါတယ္။

OnePlus 6T Mirror Black 6GBRAM/128GB edition ဝယ္မယ္ဆိုရင္ $549 က်သင့္မွာ ျဖစ္ပါတယ္။ အကယ္၍ 8GBRAM/256GB Midnight Black ကို ဝယ္မယ္ဆိုရင္ေတာ့ ေဈးႏႈန္းက $629 အထိ ျမင့္တက္သြားပါလိမ့္မယ္။ ဒါေပမယ့္ T-Mobile က ဝယ္ယူသူေတြအတြက္ လစဥ္အရစ္က်ေပးေခ်ႏိုင္တဲ့ အစီအစဥ္ကို ျပဳလုပ္ေပးခဲ့ပါေသးတယ္။ ဒါေၾကာင့္ OnePlus 6T ရဲ႕ အေမရိကန္ေဈးကြက္ အေျခအေနက ေျဖာင့္ျဖဴးေနတယ္လို႔ ဆိုရမွာျဖစ္ပါတယ္။

Ref: GSMarena

 

[Unicode]

OnePlus 6T ကို ပြီးခဲ့တဲ့ အောက်တိုဘာ လကုန်တုန်းက ကြေညာခဲ့တာဖြစ်ပြီး နေရာအတော်များများမှာ Event တွေလည်း လုပ်ခဲ့ပါတယ်။ ဒီ Event တွေထဲမှာ အမေရိကန်ပြည်ထောင်စုရဲ့ New York မြို့လည်း ပါဝင်ခဲ့ပါတယ်။ အမေရိကန် ဈေးကွက်ကိုတော့ T-Mobile နဲ့ မိတ်ဖက်အဖြစ် လက်တွဲခဲ့ပါတယ်။ CDMA ရော GSM networks နှစ်မျိုးစလုံး အသုံးပြုနိုင် ကြောင်းကိုလည်း ကြေညာခဲ့ပါသေးတယ်။

Flagship အသစ်ဟာ အခုအခါမှာ Band 13 ထောက်ပံ့ပေးနိုင်ပြီး Verizon Wireless ကိုလည်း အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ အသုံးဝင်မှုကိုပိုပြီးမြင့်မားစေတဲ့ ဒီမွမ်းမံမှု နှစ်ခုက OnePlus 6T ရဲ့ ပထမဆုံး ရောင်းချရက်ရဲ့ ရောင်းအားကို ပိုပြီးကောင်းမွန်စေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ထုတ်ကုန်ဖြစ်တဲ့ OnePlus 6 နဲ့ နှိုင်းယှဉ်မယ်ဆိုရင် OnePlus 6T ရဲ့ First-day sales ဟာ ၈၆% ထိ တိုးတက်ခဲ့ပါတယ်။

ဒီသတင်းကို ဦးဆုံးဖော်ပြခဲ့တာက XDA Developers ကပါ။ သူတို့ကပဲ ပြီးခဲ့တဲ့ အပတ်တုန်းက OnePlus ဟာ သူ့ရဲ့ ဖုန်းအလုံးရေ တစ်သန်းကို ရောင်းချနိုင်အောင် စီမံနိုင်ခဲ့တယ်လို့ ဆိုခဲ့ကြတာပါပဲ။ အခုလိုမျိုး အပေါင်းလက္ခဏာဆောင်တဲ့ OnePlus 6T ရောင်းချနိုင်မှုအခြေအနေက ကုမ္ပဏီရဲ့ ရောင်းအားအကောင်းဆုံး ထုတ်ကုန်ဆိုတဲ့ လမ်းကြောင်းပေါ်ကို ရောက်ရှိစေခဲ့ပါတယ်။

OnePlus 6T Mirror Black 6GBRAM/128GB edition ဝယ်မယ်ဆိုရင် $549 ကျသင့်မှာ ဖြစ်ပါတယ်။ အကယ်၍ 8GBRAM/256GB Midnight Black ကို ဝယ်မယ်ဆိုရင်တော့ ဈေးနှုန်းက $629 အထိ မြင့်တက်သွားပါလိမ့်မယ်။ ဒါပေမယ့် T-Mobile က ဝယ်ယူသူတွေအတွက် လစဉ်အရစ်ကျပေးချေနိုင်တဲ့ အစီအစဉ်ကို ပြုလုပ်ပေးခဲ့ပါသေးတယ်။ ဒါကြောင့် OnePlus 6T ရဲ့ အမေရိကန်ဈေးကွက် အခြေအနေက ဖြောင့်ဖြူးနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

Ref: GSMarena