OnePlus 6T ဟန္းဆက္အသစ္အတြက္ ပထမဆုံး Promo ဗီဒီယုိထြက္လာခဲ့ျပီး အိႏၵိယ နာမည္ေက်ာ္ မင္းသားၾကီး အမီတာဘခ်မ္း (Amitabh Bachchan) ပါဝင္သရုပ္ေဆာင္ထားတာကို ေတြ႕ရပါတယ္။ အခ်ိန္တုိေလးပဲ ျပသြားတဲ့ ဗီဒီယုိထဲမွာ OnePlus 6T ရဲ႕ In-Display Fingerprint စနစ္ကို အရိပ္အျမြက္ပဲ ျပသြားျပီး “Touch The Innovation” ဆုိတဲ့ ေဆာင္ပုဒ္နဲ႔ ထြက္လာခဲ့တာပါ။

ဒီေၾကာ္ျငာဗီဒီယုိကို အာရွဖလား ၂၀၁၈ အားကစားျပိဳင္ပြဲအတြင္း အိႏၵိယနဲ႔ ပါကစၥတန္တို႔ ယွဥ္ျပိဳင္ၾကမယ့္ ခရစ္ကက္အားကစားပြဲမွာ ထုတ္လႊင့္ျပသဖို႔ ရည္ရြယ္ထားခဲ့တာ ျဖစ္တယ္လို႔လည္း သိရပါတယ္။

OnePlus 6T မွာ In-Display Fingerprint ဖတ္စက္တစ္ခု၊ လက္ရွိ 16MP + 20MP ကင္မရာအစုံကို AI စနစ္တုိးျမွင့္ေပးထားမယ့္ ေက်ာဘက္ Dual ကင္မရာတစ္စုံ၊ ယခင္မ်ဳိးဆက္ထက္ အနည္းငယ္ပိုၾကီးမားတဲ့ 6.4” လက္မအရြယ္ Optic AMOLED မ်က္ႏွာျပင္မွာ Water Drop Notch တစ္ခုနဲ႔ ထြက္ရွိလာမွာပါ။

Audio Jack အေပါက္ မပါဘဲ Processor အပိုင္းအတြက္ Snapdragon 845 Chipset ကို အသုံးျပဳလာမွာျဖစ္ပါတယ္။ OnePlus 6T ဟာ လာမယ့္ ေအာက္တုိဘာ ၁၇ ရက္ေန႔မွာ ေစ်းကြက္ထဲ တရားဝင္ေရာက္ရွိလာမွာျဖစ္ျပီး အြန္လုိင္းမွာ Amazon တစ္ခုတည္း သီးသန္႔ ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။

Ref – https://www.gsmarena.com/official_oneplus_6t_video_leaks_teases_the_indisplay_scanner-news-33359.php

Unicode

OnePlus 6T ဟန်းဆက်အသစ်အတွက် ပထမဆုံး Promo ဗီဒီယိုထွက်လာခဲ့ပြီး အိန္ဒိယ နာမည်ကျော် မင်းသားကြီး အမီတာဘချမ်း (Amitabh Bachchan) ပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ အချိန်တိုလေးပဲ ပြသွားတဲ့ ဗီဒီယိုထဲမှာ OnePlus 6T ရဲ့ In-Display Fingerprint စနစ်ကို အရိပ်အမြွက်ပဲ ပြသွားပြီး “Touch The Innovation” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ထွက်လာခဲ့တာပါ။

ဒီကြော်ငြာဗီဒီယိုကို အာရှဖလား ၂၀၁၈ အားကစားပြိုင်ပွဲအတွင်း အိန္ဒိယနဲ့ ပါကစ္စတန်တို့ ယှဉ်ပြိုင်ကြမယ့် ခရစ်ကက်အားကစားပွဲမှာ ထုတ်လွှင့်ပြသဖို့ ရည်ရွယ်ထားခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

OnePlus 6T မှာ In-Display Fingerprint ဖတ်စက်တစ်ခု၊ လက်ရှိ 16MP + 20MP ကင်မရာအစုံကို AI စနစ်တိုးမြှင့်ပေးထားမယ့် ကျောဘက် Dual ကင်မရာတစ်စုံ၊ ယခင်မျိုးဆက်ထက် အနည်းငယ်ပိုကြီးမားတဲ့ 6.4” လက်မအရွယ် Optic AMOLED မျက်နှာပြင်မှာ Water Drop Notch တစ်ခုနဲ့ ထွက်ရှိလာမှာပါ။

Audio Jack အပေါက် မပါဘဲ Processor အပိုင်းအတွက် Snapdragon 845 Chipset ကို အသုံးပြုလာမှာဖြစ်ပါတယ်။ OnePlus 6T ဟာ လာမယ့် အောက်တိုဘာ ၁၇ ရက်နေ့မှာ ဈေးကွက်ထဲ တရားဝင်ရောက်ရှိလာမှာဖြစ်ပြီး အွန်လိုင်းမှာ Amazon တစ်ခုတည်း သီးသန့် ရောင်းချသွားမှာ ဖြစ်ပါတယ်။

Ref – https://www.gsmarena.com/official_oneplus_6t_video_leaks_teases_the_indisplay_scanner-news-33359.php