[Zawgyi]

လာမယ့္ ေအာက္တုိဘာ ၃၀ရက္ေန႔မွာ ထြက္ဖို႔ အဆင္သင့္ျဖစ္ေနျပီျဖစ္တဲ့ OnePlus 6T ေလးကေတာ့ အရင္ OnePlus ရဲ႕ T-Series ေတြနဲ႔မတူဘဲ ထူးထူးျခားျခားေျပာင္းလဲမႈေတြနဲ႔ ထြက္လာေတာ့မွာပါ။ ထြက္ခဲ့တဲ့ ေကာလဟလေတြအတိုင္း Display ထိပ္ဖက္မွာ Waterdrop Notch, In-Display Fingerprint Sensor ေတြနဲ႔အတူ ေနာက္ထပ္စိတ္ဝင္စားစရာေကာင္းတဲ့သတင္းတစ္ခု ထပ္ထြက္လာျပန္ပါျပီ။ သူကေတာ့ OnePlus 6T မွာ “UI အသစ္စက္စက္” နဲ႔အတူ ပိုေကာင္းလာတဲ့ Gesture ေတြ Function ေတြပါလာမယ္ ဆိုတာပါပဲ။

မၾကာေသးခင္ကပဲ OnePlus ကေန Amazon India မွာ Pre-booking တင္ခြင့္ျပဳခဲ့တာပါ။ ဒီေန႔မွာေတာ့ OnePlus ဖိုရမ္ရဲ႕ Software ကြ်မ္းက်င္ User Experience(UX) ေခါင္းေဆာင္ကေန OnePlus 6T ရဲ႕ User Interface (UI) နဲ႔ပတ္သတ္ျပီး ဘာေတြေဖာ္ျပခဲ့လဲ?

စစခ်င္းကေတာ့ OnePlus 6T မွာ UI အသစ္စက္စက္နဲ႔ OxygenOS ကိုသံုးေတာ့မွာ ျဖစ္တဲ့အေၾကာင္း   OxygenOS ကိုမွ ျမန္ျပီး Smooth ျဖစ္တဲ့ အထစ္အေငါ့မရွိတဲ့ လက္ရိွအခ်ိန္ထိ အေကာင္းဆံုး OxygenOS ျဖစ္မယ္လို႔ေတာ့ ေျပာထားပါတယ္။

ဒီမွာပါလာမယ့္ Gesture အသစ္ေတြကေတာ့ ေအာက္ဘက္ကေန အေပၚကိုဆြဲဝိုက္လိုက္ရင္ ေနာက္ဆံုးသံုးခဲ့တဲ့ App ပြင့္လာမွာျဖစ္ျပီး Home Button ကို စကၠန္႔ဝက္ေလာက္ဖိထားလိုက္ရင္ Google Assistant ပြင့္လာမွာပါ။ OnePlus ကေတာ့ ဒီ Gesture သံုးရတာ အဆင္ေျပမေျပ အၾကိမ္ ၁၀၀၀ ေလာက္ စမ္းထားတယ္လို႔ေတာ့ ဆိုပါတယ္။ သူ႔မွာလည္း Navigation Bar ပါမလာေတာ့ဘူးဆိုေတာ့ အကုန္လံုး Gesture နဲ႔ပဲ သံုးရေတာ့မွာပါ။

ေနာက္ျပီး ကင္မရာကိုလည္း အဆင္ျမွင့္ထားမယ္လို႔သိရတဲ့အတြက္ အမ်ားၾကီးေမွ်ာ္လင့္ထားလို႔ေတာ့ ရမယ္ထင္ပါတယ္။ Power အသံုးျပဳမႈကိုလည္း ေလွ်ာ့ခ်ႏုိင္ဖို႔အတြက္ AI နည္းပညာနဲ႔ ဒီ AI ကိုအေျခခံျပီး အဆင့္ျမွင့္ထားမယ့္ “Do Not Disturb Mode” လည္း ပါဝင္လာဦးမွာပါ။

ေအာက္တိုဘာ ၃၀မွာ မိတ္ဆက္မယ္ဆိုေတာ့ ေတြ႔ရဖို႔ သိပ္မလိုေတာ့ပါဘူး။ Water Drop Notch, In-Display Fingerprint Sensor, Gesture နဲ႔ Function အသစ္ေတြအျပင္ OnePlus 6T ကေန တျခားဘာေတြေမွ်ာ္လင့္လို႔ရႏုိင္ဦးမလဲ??

Ref: GizmoChina

[Unicode]

လာမယ့် အောက်တိုဘာ ၃၀ရက်နေ့မှာ ထွက်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့ OnePlus 6T လေးကတော့ အရင် OnePlus ရဲ့ T-Series တွေနဲ့မတူဘဲ ထူးထူးခြားခြားပြောင်းလဲမှုတွေနဲ့ ထွက်လာတော့မှာပါ။ ထွက်ခဲ့တဲ့ ကောလဟလတွေအတိုင်း Display ထိပ်ဖက်မှာ Waterdrop Notch, In-Display Fingerprint Sensor တွေနဲ့အတူ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့သတင်းတစ်ခု ထပ်ထွက်လာပြန်ပါပြီ။ သူကတော့ OnePlus 6T မှာ “UI အသစ်စက်စက်” နဲ့အတူ ပိုကောင်းလာတဲ့ Gesture တွေ Function တွေပါလာမယ် ဆိုတာပါပဲ။

မကြာသေးခင်ကပဲ OnePlus ကနေ Amazon India မှာ Pre-booking တင်ခွင့်ပြုခဲ့တာပါ။ ဒီနေ့မှာတော့ OnePlus ဖိုရမ်ရဲ့ Software ကျွမ်းကျင် User Experience(UX) ခေါင်းဆောင်ကနေ OnePlus 6T ရဲ့ User Interface (UI) နဲ့ပတ်သတ်ပြီး ဘာတွေဖော်ပြခဲ့လဲ?

စစချင်းကတော့ OnePlus 6T မှာ UI အသစ်စက်စက်နဲ့ OxygenOS ကိုသုံးတော့မှာ ဖြစ်တဲ့အကြောင်း   OxygenOS ကိုမှ မြန်ပြီး Smooth ဖြစ်တဲ့ အထစ်အငေါ့မရှိတဲ့ လက်ရှိအချိန်ထိ အကောင်းဆုံး OxygenOS ဖြစ်မယ်လို့တော့ ပြောထားပါတယ်။

ဒီမှာပါလာမယ့် Gesture အသစ်တွေကတော့ အောက်ဘက်ကနေ အပေါ်ကိုဆွဲဝိုက်လိုက်ရင် နောက်ဆုံးသုံးခဲ့တဲ့ App ပွင့်လာမှာဖြစ်ပြီး Home Button ကို စက္ကန့်ဝက်လောက်ဖိထားလိုက်ရင် Google Assistant ပွင့်လာမှာပါ။ OnePlus ကတော့ ဒီ Gesture သုံးရတာ အဆင်ပြေမပြေ အကြိမ် ၁၀၀၀ လောက် စမ်းထားတယ်လို့တော့ ဆိုပါတယ်။ သူ့မှာလည်း Navigation Bar ပါမလာတော့ဘူးဆိုတော့ အကုန်လုံး Gesture နဲ့ပဲ သုံးရတော့မှာပါ။

နောက်ပြီး ကင်မရာကိုလည်း အဆင်မြှင့်ထားမယ်လို့သိရတဲ့အတွက် အများကြီးမျှော်လင့်ထားလို့တော့ ရမယ်ထင်ပါတယ်။ Power အသုံးပြုမှုကိုလည်း လျှော့ချနိုင်ဖို့အတွက် AI နည်းပညာနဲ့ ဒီ AI ကိုအခြေခံပြီး အဆင့်မြှင့်ထားမယ့် “Do Not Disturb Mode” လည်း ပါဝင်လာဦးမှာပါ။

အောက်တိုဘာ ၃၀မှာ မိတ်ဆက်မယ်ဆိုတော့ တွေ့ရဖို့ သိပ်မလိုတော့ပါဘူး။ Water Drop Notch, In-Display Fingerprint Sensor, Gesture နဲ့ Function အသစ်တွေအပြင် OnePlus 6T ကနေ တခြားဘာတွေမျှော်လင့်လို့ရနိုင်ဦးမလဲ??

Ref: GizmoChina