Zawgyi Font Version

Oneplus 6 ဟာ ျပည္တြင္းမွာေတာ္ေတာ္နာမည္ၾကီးခဲ့ျပီး Pure Android ႏွစ္သက္ၾကသူေတြနဲ႔ Flagship Device ေတြကို ဆယ္သိန္းေက်ာ္ ေပးမဝယ္ခ်င္ၾကတဲ့သူေတြအတြက္ ေရြးခ်ယ္စရာတစ္ခုျဖစ္ခဲ့ပါတယ္။ Oneplus ကိုလူအမ်ားႏွစ္သက္ၾကတဲ့ အရာေတြထဲက တစ္ခုက Headphone Jack ပါေသးလို႔ပါ။ တစ္ျခား Flagship ဖုန္းေတြမွာ Headphone Jack ကိုျဖဳတ္ေနၾကတဲ့အခ်ိန္မွာ Oneplus က Headphone Jack ကိုဆက္လက္သံုးစြဲေပးခဲ့တဲ့အတြက္ အေတာ္ေလးကိုအဆင္ေျပခဲ့ျပီး သီခ်င္းနားေထာင္တဲ့သူေတြအတြက္ တစ္ျခား Headphone အေပါက္မပါတဲ့ဖုနေတြလို Adapter ၾကီးေတြသယ္သြားစရာမလိုပဲ Headphone Plug ေလးထိုးလိုက္ရံုပါပဲ။

ဒါေပမယ့္ ေနာက္ဆံုးထြက္ရွိလာတဲ့ သတင္းေတြအရ Oneplus 6T မွာ Headphone Jack အေပါက္မပါလာေတာ့ပဲ သီးခ်င္းနားေထာင္ခ်င္ရင္ USB Type C အေပါက္ကေနပဲ Type C Earphone ေတြနဲ႔ နားေထာင္ရေတာ့မွာပါ။ ေလာေလာဆယ္ေစ်းကြက္ထဲမွာ လူသံုးမ်ားေနတာက 3.5mm Headphone Jack ေတြျဖစ္ေနတဲ့အတြက္ Type C Headphone ဆိုတာအရမ္းရွားေနေသးပါတယ္။

3.5mm Headphone Jack ေတြနဲ႔ နားဆင္ခ်င္ရင္ေတာ့ USB Type C to 3.5 mm ဆိုတဲ့ Adapter ေတြေဆာင္ထားရေတာ့မွာပါ။ Oneplus 6T က ဖုန္းနဲ႔အတူ USB Type C to 3.5mm Adapter ေလးထည့္သြင္းေပးထားႏိုင္ေခ်ရွိပါတယ္။ Headphone Jack ျဖဳတ္လိုက္တဲ့အတြက္ တစ္ျခား အစိတ္အပိုင္းေတြအတြက္ေနရာရလာျပီး ေရစိုပိုခံလာေစမွာပါ။ အဲ့အတြက္ ေပးဆပ္လိုက္ရတာကေတာ့ အရင္လို 3.5mm Plug နဲ႔ Headphones ေတြနဲ႔သီခ်င္းနားေထာင္တဲ့အခါ စိတ္ညစ္ဖို႔ေကာင္းတဲ့ Adapter ၾကီးေဆာင္ထားရေတာ့မွာပါ။

Oneplus 6T ကို မၾကာခင္မိတ္ဆက္ေတာ့မွာျဖစ္ျပီး Qualcomm ရဲ႕ Latest Flagship Mobile SoC ျဖစ္တဲ့ Snapdragon 845 ကို RAM 6 သို႔မဟုတ္ RAM 8GB နဲ႔ အားျဖည့္ေပးထားတဲ့အတြက္ အရမ္း Powerful ျဖစ္ျပီး Camera အရည္အေသြးကိုလည္းတစ္ျခား Flagship ဖုန္းေတြနဲ႔တန္းတူ အရည္အေသြးမ်ိဳးရေအာင္ အဆင့္ျမွင့္တင္ထားမွာျဖစ္တယ္လို႔သိရပါတယ္။ Oneplus 6T ကို ႏိုဝင္ဘာလအတြင္းမွာမိတ္ဆက္မွာျဖစ္ျပီး သူ႔အေရွ႕မွာထြက္ရွိထားတဲ့ Samsung ရဲ႕ Flagship ေတြျဖစ္တဲ့ S9, S9Plus, Note 9 နဲ႔ Google ရဲ႕ Pixel 3, 3XL တို႔ကိုယွဥ္ျပိဳင္မွာျဖစ္ပါတယ္။

Unicode Version

Oneplus 6 ဟာ ပြည်တွင်းမှာတော်တော်နာမည်ကြီးခဲ့ပြီး Pure Android နှစ်သက်ကြသူတွေနဲ့ Flagship Device တွေကို ဆယ်သိန်းကျော် ပေးမဝယ်ချင်ကြတဲ့သူတွေအတွက် ရွေးချယ်စရာတစ်ခုဖြစ်ခဲ့ပါတယ်။ Oneplus ကိုလူအများနှစ်သက်ကြတဲ့ အရာတွေထဲက တစ်ခုက Headphone Jack ပါသေးလို့ပါ။ တစ်ခြား Flagship ဖုန်းတွေမှာ Headphone Jack ကိုဖြုတ်နေကြတဲ့အချိန်မှာ Oneplus က Headphone Jack ကိုဆက်လက်သုံးစွဲပေးခဲ့တဲ့အတွက် အတော်လေးကိုအဆင်ပြေခဲ့ပြီး သီချင်းနားထောင်တဲ့သူတွေအတွက် တစ်ခြား Headphone အပေါက်မပါတဲ့ဖုနတွေလို Adapter ကြီးတွေသယ်သွားစရာမလိုပဲ Headphone Plug လေးထိုးလိုက်ရုံပါပဲ။

ဒါပေမယ့် နောက်ဆုံးထွက်ရှိလာတဲ့ သတင်းတွေအရ Oneplus 6T မှာ Headphone Jack အပေါက်မပါလာတော့ပဲ သီးချင်းနားထောင်ချင်ရင် USB Type C အပေါက်ကနေပဲ Type C Earphone တွေနဲ့ နားထောင်ရတော့မှာပါ။ လောလောဆယ်ဈေးကွက်ထဲမှာ လူသုံးများနေတာက 3.5mm Headphone Jack တွေဖြစ်နေတဲ့အတွက် Type C Headphone ဆိုတာအရမ်းရှားနေသေးပါတယ်။

3.5mm Headphone Jack တွေနဲ့ နားဆင်ချင်ရင်တော့ USB Type C to 3.5 mm ဆိုတဲ့ Adapter တွေဆောင်ထားရတော့မှာပါ။ Oneplus 6T က ဖုန်းနဲ့အတူ USB Type C to 3.5mm Adapter လေးထည့်သွင်းပေးထားနိုင်ချေရှိပါတယ်။ Headphone Jack ဖြုတ်လိုက်တဲ့အတွက် တစ်ခြား အစိတ်အပိုင်းတွေအတွက်နေရာရလာပြီး ရေစိုပိုခံလာစေမှာပါ။ အဲ့အတွက် ပေးဆပ်လိုက်ရတာကတော့ အရင်လို 3.5mm Plug နဲ့ Headphones တွေနဲ့သီချင်းနားထောင်တဲ့အခါ စိတ်ညစ်ဖို့ကောင်းတဲ့ Adapter ကြီးဆောင်ထားရတော့မှာပါ။

Oneplus 6T ကို မကြာခင်မိတ်ဆက်တော့မှာဖြစ်ပြီး Qualcomm ရဲ့ Latest Flagship Mobile SoC ဖြစ်တဲ့ Snapdragon 845 ကို RAM 6 သို့မဟုတ် RAM 8GB နဲ့ အားဖြည့်ပေးထားတဲ့အတွက် အရမ်း Powerful ဖြစ်ပြီး Camera အရည်အသွေးကိုလည်းတစ်ခြား Flagship ဖုန်းတွေနဲ့တန်းတူ အရည်အသွေးမျိုးရအောင် အဆင့်မြှင့်တင်ထားမှာဖြစ်တယ်လို့သိရပါတယ်။ Oneplus 6T ကို နိုဝင်ဘာလအတွင်းမှာမိတ်ဆက်မှာဖြစ်ပြီး သူ့အရှေ့မှာထွက်ရှိထားတဲ့ Samsung ရဲ့ Flagship တွေဖြစ်တဲ့ S9, S9Plus, Note 9 နဲ့ Google ရဲ့ Pixel 3, 3XL တို့ကိုယှဉ်ပြိုင်မှာဖြစ်ပါတယ်။