[Zawgyi]

ဒီႏွစ္မွာ OnePlus က ခါတိုင္းႏွစ္ေတြလိုမ်ိဴး ေမာ္ဒယ္ တစ္မ်ိဴးတည္း မဟုတ္ဘဲ ႐ိုး႐ိုးေမာ္ဒယ္နဲ႔ အဆင္ျမင့္ (ရွယ္/ဇြန္းတပ္) ေမာ္ဒယ္ဆိုၿပီး ၂မ်ိဴး မိတ္ဆက္လာမွာပါ။ အဆိုပါ စမတ္ဖုန္းေတြကို ေမလ ၁၄ရက္ေန႔မွာ တရားဝင္ မိတ္ဆက္သြားမွာျဖစ္ေၾကာင္း OnePlus က ထုတ္ျပန္ေၾကညာထားၿပီး ျဖစ္တာေၾကာင့္ OnePlus 7 နဲ႔ 7 Pro တို႔ကို မ်က္ဝါးထင္ထင္ျမင္ေတြ႕ရဖို႔ဆိုရင္ အခ်ိန္တစ္ပတ္ခန္႔သာ ေစာင့္ဆိုင္းရေတာ့မွာပါ။

စမတ္ဖုန္းေလာကရဲ႕ ထုံးစံအတိုင္း မိတ္ဆက္မယ့္ရက္ နီးလာေလေလ ေပါက္ၾကားထြက္ေပၚမႈ ပိုမ်ားလာေလေလ ျဖစ္တာေၾကာင့္ OnePlus 7 / 7 Pro တို႔ရဲ႕ Specifications နဲ႔ ဒီဇိုင္းေတြကို လူေတာ္ေတာ္မ်ားမ်ားက မ်က္မွန္းတန္းမိေနေလာက္ၿပီ ထင္ပါတယ္။ ဒါေပမယ့္ အဆိုပါ စမတ္ဖုန္းေတြနဲ႔ ပတ္သက္ၿပီး လူေတာ္ေတာ္မ်ားမ်ား စိတ္ဝင္စားေနတဲ့ အရာ က်န္ရွိေနပါေသးတယ္။ အဲ့ဒါကေတာ့ ေစ်းႏႈန္းပါ။

ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းက အိႏၵိယႏိုင္ငံမွာ ေရာင္းခ်သြားမယ့္ OnePlus 7 Pro ရဲ႕ ေစ်းႏႈန္းေတြ ေပါက္ၾကားၿပီးေနာက္မွာ OnePlus 7 ရဲ႕ ေစ်းႏႈန္းေတြပါ ထပ္မံေပါက္ၾကားလာပါတယ္။ RAM 6GB + Storage 128GB ထည့္သြင္းထားမယ့္ OnePlus 7 ဟာ အိႏၵိယေငြ ၃၈,၉၉၀ ႐ူပီး ( ျမန္မာေငြ ၈သိန္းခြဲ ဝန္းက်င္) က်သင့္မွာ ျဖစ္ေၾကာင္း အိႏၵိယအြန္လိုင္းစတိုး တစ္ခုက ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

OnePlus 7 Pro မွာေတာ့ ေမာ္ဒယ္ ၂မ်ိဴး ထုတ္လုပ္ထားတာ ေတြ႕ရၿပီး RAM 8GB + Storage 128GB ေမာ္ဒယ္က အိႏၵိယေငြ ၄၅,၉၉၀ ႐ူပီး ( ျမန္မာေငြ ၁၀သိန္း ဝန္းက်င္)၊ RAM 10GB + Storage 256GB ေမာ္ဒယ္က အိႏၵိယေငြ ၅၁,၉၉၀ ႐ူပီး ( ျမန္မာေငြ ၁၁သိန္း ဝန္းက်င္) ဆိုၿပီး အသီးသီး က်သင့္ႏိုင္တယ္လို႔ သိရပါတယ္။ ေဖာ္ျပပါ ေစ်းႏႈန္းေတြဟာ OnePlus ကေန ထြက္ေပၚလာတဲ့ ေစ်းႏႈန္းေတြ မဟုတ္တာေၾကာင့္ အျပည့္အဝေတာ့ ယုံၾကည္ထားလို႔ မရေသးပါဘူး။

Ref : Gizmochina

[Unicode]

OnePlus 7 နဲ့ 7 Pro တို့ရဲ့ အိန္ဒိယနိုင်ငံ စျေးနှုန်းတွေ ပေါ်ထွက်လာပြီ

ဒီနှစ်မှာ OnePlus က ခါတိုင်းနှစ်တွေလိုမျိူး မော်ဒယ် တစ်မျိူးတည်း မဟုတ်ဘဲ ရိုးရိုးမော်ဒယ်နဲ့ အဆင်မြင့် (ရှယ်/ဇွန်းတပ်) မော်ဒယ်ဆိုပြီး ၂မျိူး မိတ်ဆက်လာမှာပါ။ အဆိုပါ စမတ်ဖုန်းတွေကို မေလ ၁၄ရက်နေ့မှာ တရားဝင် မိတ်ဆက်သွားမှာဖြစ်ကြောင်း OnePlus က ထုတ်ပြန်ကြေညာထားပြီး ဖြစ်တာကြောင့် OnePlus 7 နဲ့ 7 Pro တို့ကို မျက်ဝါးထင်ထင်မြင်တွေ့ရဖို့ဆိုရင် အချိန်တစ်ပတ်ခန့်သာ စောင့်ဆိုင်းရတော့မှာပါ။

စမတ်ဖုန်းလောကရဲ့ ထုံးစံအတိုင်း မိတ်ဆက်မယ့်ရက် နီးလာလေလေ ပေါက်ကြားထွက်ပေါ်မှု ပိုများလာလေလေ ဖြစ်တာကြောင့် OnePlus 7 / 7 Pro တို့ရဲ့ Specifications နဲ့ ဒီဇိုင်းတွေကို လူတော်တော်များများက မျက်မှန်းတန်းမိနေလောက်ပြီ ထင်ပါတယ်။ ဒါပေမယ့် အဆိုပါ စမတ်ဖုန်းတွေနဲ့ ပတ်သက်ပြီး လူတော်တော်များများ စိတ်ဝင်စားနေတဲ့ အရာ ကျန်ရှိနေပါသေးတယ်။ အဲ့ဒါကတော့ စျေးနှုန်းပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက အိန္ဒိယနိုင်ငံမှာ ရောင်းချသွားမယ့် OnePlus 7 Pro ရဲ့ စျေးနှုန်းတွေ ပေါက်ကြားပြီးနောက်မှာ OnePlus 7 ရဲ့ စျေးနှုန်းတွေပါ ထပ်မံပေါက်ကြားလာပါတယ်။ RAM 6GB + Storage 128GB ထည့်သွင်းထားမယ့် OnePlus 7 ဟာ အိန္ဒိယငွေ ၃၈,၉၉၀ ရူပီး ( မြန်မာငွေ ၈သိန်းခွဲ ဝန်းကျင်) ကျသင့်မှာ ဖြစ်ကြောင်း အိန္ဒိယအွန်လိုင်းစတိုး တစ်ခုက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

OnePlus 7 Pro မှာတော့ မော်ဒယ် ၂မျိူး ထုတ်လုပ်ထားတာ တွေ့ရပြီး RAM 8GB + Storage 128GB မော်ဒယ်က အိန္ဒိယငွေ ၄၅,၉၉၀ ရူပီး ( မြန်မာငွေ ၁၀သိန်း ဝန်းကျင်)၊ RAM 10GB + Storage 256GB မော်ဒယ်က အိန္ဒိယငွေ ၅၁,၉၉၀ ရူပီး ( မြန်မာငွေ ၁၁သိန်း ဝန်းကျင်) ဆိုပြီး အသီးသီး ကျသင့်နိုင်တယ်လို့ သိရပါတယ်။ ဖော်ပြပါ စျေးနှုန်းတွေဟာ OnePlus ကနေ ထွက်ပေါ်လာတဲ့ စျေးနှုန်းတွေ မဟုတ်တာကြောင့် အပြည့်အဝတော့ ယုံကြည်ထားလို့ မရသေးပါဘူး။

Ref : Gizmochina