[Zawgyi]








Ref: GSMArena

[Unicode]

48MP ကင်မရာနဲ့ OnePlus 7 Pro ကို တရားဝင် မိတ်ဆက်လိုက်ပြီ

ကောလာဟလတွေ၊ ပေါက်ကြားသတင်းတွေနဲ့ နာမည်ကြီးခဲ့တဲ့ OnePlus 7 Pro ကတော့ တရားဝင်မိတ်ဆက်ခြင်း ပြုလိုက်ပြီ ဖြစ်ပါတယ်။ တကယ်တမ်းထွက်လာတော့ ကင်မရာပိုင်း၊ မျက်နှာပြင်ပိုင်းနဲ့ အသံပိုင်းဆိုင်ရာတွေဟာ ပြီးခဲ့တဲ့ မျိုးဆက်ဖုန်းတွေထက် ပိုပြီးတိုးတက်ကောင်းမွန်လာတာ တွေ့ရပါတယ်။

OnePlus 7 Pro ရဲ့ မျက်နှာပြင်သစ်ဟာ 6.67-inch QHD+ resolution နဲ့ ဖြစ်ပြီး 90Hz refresh rate နဲ့ပါ။ ဒါကို Fluid AMOLED လို့ OnePlus က အမည်ပေးထားပါတယ်။ UI ပိုင်းလည်း အတော်လေးကောင်းမွန်လာပြီး Animation တွေဟာ အတော်လေးကို ချောချောမွေ့မွေ့နဲ့ ဖြစ်လာပါတယ်။ မျက်နှာပြင်ကလည်း High-Quality HDR10+ colors နဲ့ ဖြစ်ပါတယ်။

Selfie ကင်မရာကတော့ 16MP sensor နဲ့ဖြစ်ပြီး အားလုံးမျှော်လင့်ထားတဲ့အတိုင်း Pop-up နဲ့ပါ။ OnePlus ရဲ့အဆိုအရ အကြိမ်ပေါင်း ၃သိန်းကျော် ထုတ်လိုက်သွင်းလိုက် လုပ်နိုင်ပါတယ်။ ဖုန်းပြုတ်ကျသွားတာကို Accelerometer က သိရှိလိုက်တာနဲ့တစ်ပြိုင်နက် Pop-up ဟာ စက္ကန့်ပိုင်းအတွင်းပိတ်ချလိုက်တာကြောင့် ကင်မရာကို ကာကွယ်နိုင်မှာလည်း ဖြစ်ပါတယ်။

ကျောဘက်မှာတော့ ကင်မရာသုံးလုံးကို တွဲဖက်ပေးထားပါတယ်။ ဒါဟာ ကုမ္ပဏီအတွက် ပထမဆုံး ဖြစ်ပါလိမ့်မယ်။ အဓိကကင်မရာဟာ 48MP resolution (0.8µm pixels) ,1/2” Sony IMX586 sensor နဲ့ဖြစ်ပြီး 3x zoom (74mm focal length) သုံးနိုင်တဲ့ 8MP telephoto ကင်မရာ၊ 16MP ultra-wide angle ကင်မရာတို့ကို တွဲဖက်ထားတာ ဖြစ်ပါတယ်။

အနောက်ကင်မရာဟာ 4K/60fps ဗွီဒီယို ရိုက်ကူးနိုင်သလို 1080p/240fps နဲ့ 720p/480fps Slow-motion modes နှစ်မျိုးလည်း ရိုက်ကူးနိုင်တယ်လို့ သိရပါတယ်။ In-display fingerprint reader ကလည်း တတိယမျိုးဆက် ဆင်ဆာထက် ကြီးမားပြီး Unlock လုပ်ရာမှာလည်း ပိုမိုမြန်ဆန်လာတယ်လို့ သိရပါတယ်။

Snapdragon 855 Chipset ကို အသုံးပြုထားပြီး 6/128GB က အခြေခံ ဖြစ်သလို 12/256GB အထိလည်း ရရှိနိုင်ပါတယ်။ 4,000mAh ဘက်ထရီကို တပ်ဆင်ထားပြီး Warp Charge 30 (5V/6A) လည်း ထောက်ပံ့ပေးထားပါသေးတယ်။ Nebula Blue, Mirror Gray နဲ့ Almond ဆိုပြီး အရောင် သုံးရောင် ရရှိနိုင်ပါတယ်။

6/128GB , Mirror Gray ကတော့ $670 (၁၀ သိန်း ၃သောင်းခွဲဝန်းကျင်) 8/256GB, Mirror Gray နဲ့ Nebula Blue ကတော့ $700 (၁၀ သိန်း ၈သောင်းဝန်းကျင်) 12/256GB, Nebula Blue ကတော့ $750 (၁၁သိန်း ၆သောင်းဝန်းကျင်) ဖြစ်ပါတယ်။

Ref: GSMArena