[Zawgyi]

OnePlus ဖုန္းေတြနဲ႔ပတ္သက္ၿပီး အားနည္းခ်က္တစ္ခုအျဖစ္ ေဝဖန္ေျပာဆိုၾကတာကေတာ့ သူ႔ရဲ႕ Vibration Motor အေၾကာင္းပါပဲ။ OnePlus အသုံးျပဳသူအေတာ္မ်ားမ်ားဟာ Vibration Motor နဲ႔ပတ္သက္ၿပီး စိတ္ေက်နပ္ျခင္း မရွိၾကပါဘူး။ ဒါေၾကာင့္ ဖိုရမ္ေတြမွာလည္း OnePlus အေနနဲ႔ Vibration Motor နဲ႔ပတ္သက္ၿပီး အဆင့္ျမႇင့္တင္ေပးဖို႔ ေတာင္းဆိုေလ့ ရွိၾကပါတယ္။

ဒီရက္ပိုင္းအတြင္းမွာပဲ OnePlus ရဲ႕ CEO Pete Lau က OnePlus 7 Pro နဲ႔ ပတ္သက္ၿပီး သတင္းထုတ္ျပန္ခဲ့ပါတယ္။ သတင္းကေတာ့ အသုံးျပဳသူေတြရဲ႕ စကားသံကိုနားေထာင္ၿပီး ၂၀၀% ပိုေကာင္းလာမယ့္ Vibration Motor တပ္ဆင္ေပးထားမယ္ဆိုတာပဲ ျဖစ္ပါတယ္။ ဒီအတြက္ တုန္ခါမႈအဆင့္ သုံးဆင့္နဲ႔ တုန္ခါမႈပုံစံ ၆ မ်ိဳးေ႐ြးခ်ယ္ႏိုင္မယ္လို႔ သိရပါတယ္။

Lau ကေတာ့ Haptics ပိုင္းမွာလည္း လုံးဝကို တိုးတက္လာမယ္လို႔ ရည္ၫႊန္းေျပာဆိုခဲ့ပါေသးတယ္။ ဒါေၾကာင့္ OnePlus 7 Pro ရဲ႕ Haptics ပိုင္းအေတြ႕အႀကဳံဟာ လက္ရွိအေကာင္းဆုံးအေတြ႕အႀကဳံကိုေပးေနတဲ့ စမတ္ဖုန္းေတြနည္းတူ ျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ OnePlus 7 Pro မွာသာ Vibration Motor ပိုင္းပိုၿပီးေကာင္းလာမယ္ဆိုရင္ အမွန္တကယ္ အဆင့္အတန္းျမင့္တဲ့ စမတ္ဖုန္းတစ္လုံးကို အသုံးျပဳရတဲ့ အေတြ႕အႀကဳံ ျဖစ္လာမယ္လို႔ ဆိုရမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ အဆင့္ျမင့္စမတ္ဖုန္းေတြဟာ Hardware ပိုင္းကို အေကာင္းဆုံးသုံးထား႐ုံနဲ႔ မလုံေလာက္ဘဲ User Experience ကိုလည္း အေကာင္းဆုံး ေပးအပ္ဖို႔ လိုအပ္ေနတာေၾကာင့္ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

၂၀၀% ပိုကောင်းတဲ့ Vibration Motor သုံးတော့မယ့် OnePlus 7 Pro

OnePlus ဖုန်းတွေနဲ့ပတ်သက်ပြီး အားနည်းချက်တစ်ခုအဖြစ် ဝေဖန်ပြောဆိုကြတာကတော့ သူ့ရဲ့ Vibration Motor အကြောင်းပါပဲ။ OnePlus အသုံးပြုသူအတော်များများဟာ Vibration Motor နဲ့ပတ်သက်ပြီး စိတ်ကျေနပ်ခြင်း မရှိကြပါဘူး။ ဒါကြောင့် ဖိုရမ်တွေမှာလည်း OnePlus အနေနဲ့ Vibration Motor နဲ့ပတ်သက်ပြီး အဆင့်မြှင့်တင်ပေးဖို့ တောင်းဆိုလေ့ ရှိကြပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ OnePlus ရဲ့ CEO Pete Lau က OnePlus 7 Pro နဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။ သတင်းကတော့ အသုံးပြုသူတွေရဲ့ စကားသံကိုနားထောင်ပြီး ၂၀၀% ပိုကောင်းလာမယ့် Vibration Motor တပ်ဆင်ပေးထားမယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒီအတွက် တုန်ခါမှုအဆင့် သုံးဆင့်နဲ့ တုန်ခါမှုပုံစံ ၆ မျိုးရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

Lau ကတော့ Haptics ပိုင်းမှာလည်း လုံးဝကို တိုးတက်လာမယ်လို့ ရည်ညွှန်းပြောဆိုခဲ့ပါသေးတယ်။ ဒါကြောင့် OnePlus 7 Pro ရဲ့ Haptics ပိုင်းအတွေ့အကြုံဟာ လက်ရှိအကောင်းဆုံးအတွေ့အကြုံကိုပေးနေတဲ့ စမတ်ဖုန်းတွေနည်းတူ ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် OnePlus 7 Pro မှာသာ Vibration Motor ပိုင်းပိုပြီးကောင်းလာမယ်ဆိုရင် အမှန်တကယ် အဆင့်အတန်းမြင့်တဲ့ စမတ်ဖုန်းတစ်လုံးကို အသုံးပြုရတဲ့ အတွေ့အကြုံ ဖြစ်လာမယ်လို့ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ အဆင့်မြင့်စမတ်ဖုန်းတွေဟာ Hardware ပိုင်းကို အကောင်းဆုံးသုံးထားရုံနဲ့ မလုံလောက်ဘဲ User Experience ကိုလည်း အကောင်းဆုံး ပေးအပ်ဖို့ လိုအပ်နေတာကြောင့် ဖြစ်ပါတယ်။

Ref: GSMArena