[Zawgyi]

OnePlus 7 နဲ႔ပတ္သက္ၿပီး မတ္လအေစာပိုင္းတုန္းက Renders ဗြီဒီယိုလည္း ထြက္ေပၚခဲ့ပါေသးတယ္။ ဒီ Renders ဗြီဒီယိုေၾကာင့္ OnePlus7 ရဲ႕ ဒီဇိုင္းပိုင္းနဲ႔ Specs ပိုင္းကို အနည္းငယ္ေတာ့ ခန႔္မွန္းႏိုင္ခဲ့ၾကပါတယ္။ မတ္လ ဒုတိယပတ္ေရာက္ေတာ့ OnePlus7 ရဲ႕ ဓါတ္ပုံအခ်ိဳ႕က လက္လီအေရာင္းဆိုင္တစ္ခုရဲ႕ ဝက္ဘ္ဆိုက္ေပၚေရာက္လာပါေတာ့တယ္။

ဝက္ဘ္ဆိုက္ေပၚေရာက္လာတဲ့ ပုံေတြနဲ႔ ေဖာ္ျပထားတဲ့ အခ်က္အလက္ေတြအရ OnePlus7 ဟာ Pop-up ကင္မရာသုံးထားတဲ့ မ်က္ႏွာျပင္ျပည့္စမတ္ဖုန္းတစ္လုံးျဖစ္ေၾကာင္း အတည္ျပဳႏိုင္ခဲ့ပါတယ္။ 6.5-inch AMOLED မ်က္ႏွာျပင္နဲ႔ ဒီဖုန္းဟာ Snapdragon 855 SoC ကို အသုံးျပဳထားၿပီး 8GB of RAM နဲ႔ Storage 128GB အတြဲအစပ္က အေျခခံျဖစ္မယ္လို႔ သိရပါတယ္။ 12GB/256GB ကိုလည္း ေ႐ြးခ်ယ္ႏိုင္မွာပါ။

ေက်ာဘက္မွာ တပ္ဆင္ထားတဲ့ကင္မရာသုံးလုံးအနက္ အဓိက ကင္မရာက 48MP ျဖစ္ၿပီး က်န္တဲ့ ကင္မရာႏွစ္လုံးကေတာ့ 20MP နဲ႔ 5MP ကင္မရာေတြပဲ ျဖစ္ၾကပါတယ္။ စိတ္ဝင္စားစရာေကာင္းတဲ့ အခ်က္တစ္ခ်က္က OPPO ရဲ႕ 10X Lossless Zoom လည္း OnePlus 7 မွာ ပါဝင္လာဖြယ္ရွိတယ္လို႔ သိရပါတယ္။ ကုမၸဏီႏွစ္ခုလုံးကလည္း ေကာ္ပိုေရးရွင္းႀကီး တစ္ခုတည္းေအာက္က ညီအစ္ကိုကုမၸဏီေတြျဖစ္ၾကတာေၾကာင့္ ေမွ်ာ္လင့္ႏိုင္တယ္လို႔ ဆိုရမွာပါ။ Pop-up Selfie ကင္မရာက 16MP ျဖစ္ပါတယ္။

ဘက္ထရီပမာဏနဲ႔ပတ္သက္တဲ့ ကိန္းဂဏန္းအခ်က္အလက္ကေတာ့ ေျပာင္းလဲျခင္းမရွိဘဲ 4,000mAh ပဲျဖစ္ပါတယ္။ 44W Dash Charging စနစ္ပါဝင္လာမယ္ဆိုတဲ့ အခ်က္ကလည္း အေျပာင္းအလဲမရွိပါဘူး။ In-Display Fingerprint Scanner နဲ႔ဆိုတာလည္း အေျပာင္းအလဲမရွိပါဘူး။ OnePlus 7 ရဲ႕ ေဈးႏႈန္းကေတာ့ $569 (၈ သိန္း ၆ ေသာင္းခြဲဝန္းက်င္) ျဖစ္ပါတယ္။ ဒါေၾကာင့္ တပ္ဆင္ထားတဲ့ အစိတ္အပိုင္းနဲ႔ ေဈးႏႈန္းကို ႏႈိင္းယွဥ္ၾကည့္တဲ့အခါ OnePlus 7 ဟာ “Flagship Killer” ျဖစ္လာႏိုင္သလားဆိုတဲ့ ေမးခြန္းကို ေမးမိေစပါေတာ့တယ္။

Ref: Phone Arena

[Unicode]

၈ သိန်း ၆သောင်းခွဲဝန်းကျင်လောက်နဲ့ OnePlus7 ဟာ Flagship Killer ဖြစ်လာနိုင်မလား

OnePlus 7 နဲ့ပတ်သက်ပြီး မတ်လအစောပိုင်းတုန်းက Renders ဗွီဒီယိုလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒီ Renders ဗွီဒီယိုကြောင့် OnePlus7 ရဲ့ ဒီဇိုင်းပိုင်းနဲ့ Specs ပိုင်းကို အနည်းငယ်တော့ ခန့်မှန်းနိုင်ခဲ့ကြပါတယ်။ မတ်လ ဒုတိယပတ်ရောက်တော့ OnePlus7 ရဲ့ ဓါတ်ပုံအချို့က လက်လီအရောင်းဆိုင်တစ်ခုရဲ့ ဝက်ဘ်ဆိုက်ပေါ်ရောက်လာပါတော့တယ်။

ဝက်ဘ်ဆိုက်ပေါ်ရောက်လာတဲ့ ပုံတွေနဲ့ ဖော်ပြထားတဲ့ အချက်အလက်တွေအရ OnePlus7 ဟာ Pop-up ကင်မရာသုံးထားတဲ့ မျက်နှာပြင်ပြည့်စမတ်ဖုန်းတစ်လုံးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ 6.5-inch AMOLED မျက်နှာပြင်နဲ့ ဒီဖုန်းဟာ Snapdragon 855 SoC ကို အသုံးပြုထားပြီး 8GB of RAM နဲ့ Storage 128GB အတွဲအစပ်က အခြေခံဖြစ်မယ်လို့ သိရပါတယ်။ 12GB/256GB ကိုလည်း ရွေးချယ်နိုင်မှာပါ။

ကျောဘက်မှာ တပ်ဆင်ထားတဲ့ကင်မရာသုံးလုံးအနက် အဓိက ကင်မရာက 48MP ဖြစ်ပြီး ကျန်တဲ့ ကင်မရာနှစ်လုံးကတော့ 20MP နဲ့ 5MP ကင်မရာတွေပဲ ဖြစ်ကြပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ချက်က OPPO ရဲ့ 10X Lossless zoom လည်း OnePlus 7 မှာ ပါဝင်လာဖွယ်ရှိတယ်လို့ သိရပါတယ်။ ကုမ္ပဏီနှစ်ခုလုံးကလည်း ကော်ပိုရေးရှင်းကြီး တစ်ခုတည်းအောက်က ညီအစ်ကိုကုမ္ပဏီတွေဖြစ်ကြတာကြောင့် မျှော်လင့်နိုင်တယ်လို့ ဆိုရမှာပါ။ Pop-up Selfie ကင်မရာက 16MP ဖြစ်ပါတယ်။

ဘက်ထရီပမာဏနဲ့ပတ်သက်တဲ့ ကိန်းဂဏန်းအချက်အလက်ကတော့ ပြောင်းလဲခြင်းမရှိဘဲ 4,000mAh ပဲဖြစ်ပါတယ်။ 44W Dash charging စနစ်ပါဝင်လာမယ်ဆိုတဲ့ အချက်ကလည်း အပြောင်းအလဲမရှိပါဘူး။ In-Display Fingerprint Scanner နဲ့ဆိုတာလည်း အပြောင်းအလဲမရှိပါဘူး။ OnePlus 7 ရဲ့ ဈေးနှုန်းကတော့ $569 (၈ သိန်း ၆ သောင်းခွဲဝန်းကျင်) ဖြစ်ပါတယ်။ ဒါကြောင့် တပ်ဆင်ထားတဲ့ အစိတ်အပိုင်းနဲ့ ဈေးနှုန်းကို နှိုင်းယှဉ်ကြည့်တဲ့အခါ OnePlus 7 ဟာ “Flagship Killer” ဖြစ်လာနိုင်သလားဆိုတဲ့ မေးခွန်းကို မေးမိစေပါတော့တယ်။

Ref: Phone Arena