[Zawgyi]

OnePlus ရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္းေတြျဖစ္တဲ့ OnePlus 7 နဲ႔ OnePlus 7 Pro တို႔ကို ေမလ ၁၄ရက္ေန႔ေရာက္ရင္ မ်က္ဝါးထင္ထင္ ျမင္ေတြ႕ရေတာ့မွာပါ။ အဆိုပါ စမတ္ဖုန္းေတြကို တရားဝင္ မိတ္ဆက္ဖို႔အတြက္ ၂ပတ္ခန္႔ လိုအပ္ေနေသးေပမယ့္ OnePlus 7 Pro ကေတာ့ Geekbench ဝက္ဆိုက္ေပၚကို ဝင္ေရာက္လည္ပတ္သြားခဲ့ၿပီ ျဖစ္ပါတယ္။

OnePlus 7 Pro လို႔ ယူဆရတဲ့ ေမာ္ဒယ္နံပါတ္ GM1917 အမည္ရွိ စမတ္ဖုန္း တစ္လုံးဟာ Geekbench ဝက္ဆိုက္ေပၚကို မေန႔ ဧၿပီလ ၃၀ရက္ေန႔ ညေနပိုင္းတုန္းက ဝင္ေရာက္ခဲ့တာ ျဖစ္ပါတယ္။ ထူးျခားတာက အဆိုပါ စမတ္ဖုန္းမွာ RAM 12GB အထိ ပါဝင္ေနတာေတြ႕ၿပီး Snapdragon 855 SoC နဲ႔ တြဲဖက္ေပးထားတာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ Single-Core Score မွာ စုစုေပါင္း ရမွတ္ ၃၅၅၁ မွတ္အထိ ရရွိေနၿပီး Multi-Core Score မွာ ၁၁၀၁၂ အထိ ရရွိေနတာ ျဖစ္ပါတယ္။

OnePlus 7 Pro နဲ႔ပတ္သက္ၿပီး လက္ရွိအခ်ိန္ထိ ၾကားသိေနရတဲ့ ေကာလဟလသတင္းေတြအရဆိုရင္ Display အပိုင္းအတြက္ Resolution 1440 x 3120 pixels ရွိတဲ့ 6.7” Quad HD+ Display ကို အသုံးျပဳထားႏိုင္ပါတယ္။ ေနာက္ေက်ာဘက္ ကင္မရာအပိုင္းအတြက္ Triple Camera Setup ကို အသုံးျပဳထားမွာ ျဖစ္ၿပီး 48MP Main Camera ကို 16MP Wide-angle Lens + 8MP Telephoto Lens ေတြနဲ႔ တြဲဖက္ တပ္ဆင္ထားတယ္လို႔ သိရပါတယ္။ ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 16MP Camera ကို Pop-up Selfie Camera အေနနဲ႔ တပ္ဆင္ထားႏိုင္ပါတယ္။

ဘက္ထရီ သိုေလွာင္မႈ ပမာဏအေနနဲ႔ 4000mAh ထည့္သြင္းထားၿပီး 30W Wrap Charge အျမန္အားသြင္းစနစ္လည္း ပါဝင္လာမယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ OnePlus အေနနဲ႔ Pro ေမာ္ဒယ္အတြက္ 5G ဗားရွင္းကိုလည္း မိတ္ဆက္သြားဖို႔ အစီအစဥ္ရွိေၾကာင္း ခန္႔မွန္းေျပာဆိုမႈမ်ားလည္း ရွိေနပါတယ္။

Ref : Gizmochina

[Unicode]

Snapdragon 855 ကို RAM 12GB နဲ့ပေါင်းစပ်ပြီး ပွဲထွက်လာနိုင်တဲ့ OnePlus 7 Pro

OnePlus ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းတွေဖြစ်တဲ့ OnePlus 7 နဲ့ OnePlus 7 Pro တို့ကို မေလ ၁၄ရက်နေ့ရောက်ရင် မျက်ဝါးထင်ထင် မြင်တွေ့ရတော့မှာပါ။ အဆိုပါ စမတ်ဖုန်းတွေကို တရားဝင် မိတ်ဆက်ဖို့အတွက် ၂ပတ်ခန့် လိုအပ်နေသေးပေမယ့် OnePlus 7 Pro ကတော့ Geekbench ဝက်ဆိုက်ပေါ်ကို ဝင်ရောက်လည်ပတ်သွားခဲ့ပြီ ဖြစ်ပါတယ်။

OnePlus 7 Pro လို့ ယူဆရတဲ့ မော်ဒယ်နံပါတ် GM1917 အမည်ရှိ စမတ်ဖုန်း တစ်လုံးဟာ Geekbench ဝက်ဆိုက်ပေါ်ကို မနေ့ ဧပြီလ ၃၀ရက်နေ့ ညနေပိုင်းတုန်းက ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ထူးခြားတာက အဆိုပါ စမတ်ဖုန်းမှာ RAM 12GB အထိ ပါဝင်နေတာတွေ့ပြီး Snapdragon 855 SoC နဲ့ တွဲဖက်ပေးထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် Single-Core Score မှာ စုစုပေါင်း ရမှတ် ၃၅၅၁ မှတ်အထိ ရရှိနေပြီး Multi-Core Score မှာ ၁၁၀၁၂ အထိ ရရှိနေတာ ဖြစ်ပါတယ်။

OnePlus 7 Pro နဲ့ပတ်သက်ပြီး လက်ရှိအချိန်ထိ ကြားသိနေရတဲ့ ကောလဟလသတင်းတွေအရဆိုရင် Display အပိုင်းအတွက် Resolution 1440 x 3120 pixels ရှိတဲ့ 6.7” Quad HD+ Display ကို အသုံးပြုထားနိုင်ပါတယ်။ နောက်ကျောဘက် ကင်မရာအပိုင်းအတွက် Triple Camera Setup ကို အသုံးပြုထားမှာ ဖြစ်ပြီး 48MP Main Camera ကို 16MP Wide-angle Lens + 8MP Telephoto Lens တွေနဲ့ တွဲဖက် တပ်ဆင်ထားတယ်လို့ သိရပါတယ်။ ရှေ့ဘက်မျက်နှာပြင်မှာတော့ 16MP Camera ကို Pop-up Selfie Camera အနေနဲ့ တပ်ဆင်ထားနိုင်ပါတယ်။

ဘက်ထရီ သိုလှောင်မှု ပမာဏအနေနဲ့ 4000mAh ထည့်သွင်းထားပြီး 30W Wrap Charge အမြန်အားသွင်းစနစ်လည်း ပါဝင်လာမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် OnePlus အနေနဲ့ Pro မော်ဒယ်အတွက် 5G ဗားရှင်းကိုလည်း မိတ်ဆက်သွားဖို့ အစီအစဥ်ရှိကြောင်း ခန့်မှန်းပြောဆိုမှုများလည်း ရှိနေပါတယ်။

Ref : Gizmochina