[Zawgyi]

အခုႏွစ္မွာေတာ့ စမတ္ဖုန္းထုတ္လုပ္သူ OnePlus ဟာ Flagship ဖုန္းတစ္ခုကို Tier ေတြခြဲၿပီး ထုတ္လုပ္ေရာင္းခ်မယ့္ ေစ်းကြက္ဗ်ဴဟာကို က်င့္သုံးလာခဲ့ၿပီး မၾကာခင္ OnePlus 7 နဲ႔ 7 Pro တုိ႔ကို မိတ္ဆက္လာေတာ့မွာပါ။ Pro ဗားရွင္းက ရုိးရုိးေမာ္ဒယ္ထက္ သိသာတဲ့ Upgrade ေတြပါဝင္ၿပီး ေစ်းႏႈန္းကလဲ ျမန္မာေငြ ၁၂ သိန္းဝန္းက်င္ကေန စတင္မွာျဖစ္တယ္။

အခုထြက္ေပၚလာတဲ့သတင္းမွာ OnePlus 7 Pro ရဲ႕ မန္မုိရီ 8GB RAM နဲ႔ 256GB Storage ဗားရွင္းက ယူရုိ ၇၅၀ (ျမန္မာေငြ ၁၂ သိန္း ၈ ေသာင္း) ခန္႔က်သင့္မွာျဖစ္ၿပီး အျမင့္ဆုံးဗားရွင္းျဖစ္တဲ့ RAM 12 GB နဲ႔ 256 GB Storage ဗားရွင္းကေတာ့ ယူရုိ ၈၂၀ (ျမန္မာေငြ ၁၄ သိန္း) ဝန္းက်င္ က်သင့္မွာပါ။ ဒါေၾကာင့္ အေျခခံ ေမာ္ဒယ္ျဖစ္တဲ့ 6GB RAM / 128GB Storage ဟန္းဆက္ဟာ ယူရို ၇၀၀ (ျမန္မာေငြ ၁၂ သိန္း) ဝန္းက်င္ ျဖစ္မယ္လို႔ ယူဆရတယ္။

တစ္ခုရွိတာက ဒါဟာ ဥေရာပေစ်းကြက္အတြက္ ေစ်းႏႈန္းျဖစ္ၿပီး အေမရိကန္ျပည္တြင္းကို ဝင္ေရာက္လာရင္ ယူရုိေငြအစား ေဒၚလာနဲ႔ တုိက္ရုိက္သတ္မွတ္လိုက္ရင္ အေမရိကန္ေဒၚလာ ၇၀၀ / ၇၅၀ / ၈၂၀ ဆုိၿပီးျဖစ္လာႏုိင္ေျခရွိပါတယ္။ ဒါဆုိရင္ေတာ့ ခုနကေျပာထားတဲ့ ေစ်းႏႈန္းထက္ အနည္းငယ္ပိုသက္သာသြားမွာပါ။

ရုိးရုိး OnePlus 7 အတြက္ေတာ့ ေစ်းႏႈန္းေတြ မထြက္ေပၚလာေသးေပမယ့္ OnePlus 6T ရဲ႕ ပြဲထြက္ေစ်းႏႈန္းနဲ႔ သိပ္မကြာေလာက္ဘူးလို႔ ယူဆပါတယ္။ OnePlus 6T ကိုေတာ့ အျမင့္ဆုံးဗားရွင္းျဖစ္တဲ့ 8GB RAM / 256GB Storage ေမာ္ဒယ္ကို ယူရုိ ၆၃၀ (ျမန္မာေငြ ၁၀ သိန္း ၈ ေသာင္းခန္႔) နဲ႔ေရာင္းခ်ခဲ့တာ ျဖစ္ပါတယ္။

OnePlus 7 နဲ႔ 7 Pro ဖုန္းႏွစ္လုံးဟာ လာမယ့္ ေမလ ၁၄ ရက္ေန႔မွာ မိတ္ဆက္လာမွာျဖစ္ၿပီး 5G ဟန္းဆက္တစ္လုံးလဲ ျပသလာမယ္လို႔ သတင္းထြက္ေနတယ္။ OnePlus 7 ဖုန္းေတြဟာ Mirror Grey, Almond နဲ႔ Nebula Blue ဆုိၿပီး အေရာင္သုံးမ်ဳိးနဲ႔ထြက္လာမွာပါ။

Ref – GSM Arena

[Unicode]

အခုနှစ်မှာတော့ စမတ်ဖုန်းထုတ်လုပ်သူ OnePlus ဟာ Flagship ဖုန်းတစ်ခုကို Tier တွေခွဲပြီး ထုတ်လုပ်ရောင်းချမယ့် ဈေးကွက်ဗျူဟာကို ကျင့်သုံးလာခဲ့ပြီး မကြာခင် OnePlus 7 နဲ့ 7 Pro တို့ကို မိတ်ဆက်လာတော့မှာပါ။ Pro ဗားရှင်းက ရိုးရိုးမော်ဒယ်ထက် သိသာတဲ့ Upgrade တွေပါဝင်ပြီး ဈေးနှုန်းကလဲ မြန်မာငွေ ၁၂ သိန်းဝန်းကျင်ကနေ စတင်မှာဖြစ်တယ်။

အခုထွက်ပေါ်လာတဲ့သတင်းမှာ OnePlus 7 Pro ရဲ့ မန်မိုရီ 8GB RAM နဲ့ 256GB Storage ဗားရှင်းက ယူရို ၇၅၀ (မြန်မာငွေ ၁၂ သိန်း ၈ သောင်း) ခန့်ကျသင့်မှာဖြစ်ပြီး အမြင့်ဆုံးဗားရှင်းဖြစ်တဲ့ RAM 12 GB နဲ့ 256 GB Storage ဗားရှင်းကတော့ ယူရို ၈၂၀ (မြန်မာငွေ ၁၄ သိန်း) ဝန်းကျင် ကျသင့်မှာပါ။ ဒါကြောင့် အခြေခံ မော်ဒယ်ဖြစ်တဲ့ 6GB RAM / 128GB Storage ဟန်းဆက်ဟာ ယူရို ၇၀၀ (မြန်မာငွေ ၁၂ သိန်း) ဝန်းကျင် ဖြစ်မယ်လို့ ယူဆရတယ်။

တစ်ခုရှိတာက ဒါဟာ ဥရောပဈေးကွက်အတွက် ဈေးနှုန်းဖြစ်ပြီး အမေရိကန်ပြည်တွင်းကို ဝင်ရောက်လာရင် ယူရိုငွေအစား ဒေါ်လာနဲ့ တိုက်ရိုက်သတ်မှတ်လိုက်ရင် အမေရိကန်ဒေါ်လာ ၇၀၀ / ၇၅၀ / ၈၂၀ ဆိုပြီးဖြစ်လာနိုင်ခြေရှိပါတယ်။ ဒါဆိုရင်တော့ ခုနကပြောထားတဲ့ ဈေးနှုန်းထက် အနည်းငယ်ပိုသက်သာသွားမှာပါ။

ရိုးရိုး OnePlus 7 အတွက်တော့ ဈေးနှုန်းတွေ မထွက်ပေါ်လာသေးပေမယ့် OnePlus 6T ရဲ့ ပွဲထွက်ဈေးနှုန်းနဲ့ သိပ်မကွာလောက်ဘူးလို့ ယူဆပါတယ်။ OnePlus 6T ကိုတော့ အမြင့်ဆုံးဗားရှင်းဖြစ်တဲ့ 8GB RAM / 256GB Storage မော်ဒယ်ကို ယူရို ၆၃၀ (မြန်မာငွေ ၁၀ သိန်း ၈ သောင်းခန့်) နဲ့ရောင်းချခဲ့တာ ဖြစ်ပါတယ်။

OnePlus 7 နဲ့ 7 Pro ဖုန်းနှစ်လုံးဟာ လာမယ့် မေလ ၁၄ ရက်နေ့မှာ မိတ်ဆက်လာမှာဖြစ်ပြီး 5G ဟန်းဆက်တစ်လုံးလဲ ပြသလာမယ်လို့ သတင်းထွက်နေတယ်။ OnePlus 7 ဖုန်းတွေဟာ Mirror Grey, Almond နဲ့ Nebula Blue ဆိုပြီး အရောင်သုံးမျိုးနဲ့ထွက်လာမှာပါ။

Ref – GSM Arena