[Zawgyi]

အခုဆိုရင္ OnePlus ဟာ သူတို႔ရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္းေတြျဖစ္တဲ့ OnePlus 7 စီးရီးကို ေနာက္လထဲမွာ မိတ္ဆက္ႏိုင္ဖို႔အတြက္ ျပင္ဆင္ေနပါၿပီ။ OnePlus ရဲ႕ CEO ျဖစ္သူ Pete Lau ကေတာ့ OnePlus 7 Pro ေမာ္ဒယ္မွာ 5G ကြန္ရက္ကို ေထာက္ပံ့ေပးထားၿပီး အဆင့္ျမႇင့္တင္ထားတဲ့ Display ပါဝင္မယ္လို႔ ေျပာၾကားခဲ့ဖူးပါတယ္။ ဒါ့အျပင္ OnePlus 7 Pro မွာ Triple Camera Setup ကို တပ္ဆင္ထားတယ္ဆိုတာကိုလည္း Teaser ဗီဒီယိုကေနတစ္ဆင့္ အရိပ္အႁမြက္အေနနဲ႔ ထုတ္ေဖာ္ျပသထားပါေသးတယ္။

အဆိုပါ Teaser ဗီဒီယိုကို OnePlus ရဲ႕ တရားဝင္ တြစ္တာစာမ်က္ႏွာမွာ “ Bells and whistles make noise. We make phones.” ဆိုတဲ့ စာသားေတြနဲ႔အတူ လႊင့္တာခဲ့တာျဖစ္ၿပီး #OnePlus7Pro ကို Hashtag အေနနဲ႔ ထည့္သြင္းေရးသားထားတာ ေတြ႕ရပါတယ္။ ၾကာျမင့္ခ်ိန္ ၁၀စကၠန္႔သာရွိတဲ့ ဗီဒီယိုဟာ Triple Camera Setup တပ္ဆင္ထားတဲ့ ဖုန္းရဲ႕ ေနာက္ေက်ာဘက္ဒီဇိုင္းကိုသာ အသားေပးေဖာ္ျပသြားတာ ျဖစ္ပါတယ္။

OnePlus 7 Pro နဲ႔ပတ္သတ္ၿပီး လက္ရွိအခ်ိန္ထိ ၾကားသိခဲ့ရတဲ့ သတင္းေတြအရဆိုရင္ အဆိုပါ စမတ္ဖုန္းမွာ Refresh rate 90Hz အထိရွိတဲ့ QuadHD+ Super AMOLED Display အသုံးျပဳထားႏိုင္ပါတယ္။ ဘက္ထရီသိုေလွာင္မႈ ပမာဏ 4000mAh ထည့္သြင္းထားႏိုင္ၿပီး 30W အျမန္အားသြင္းစနစ္ကို ေထာက္ပံ့ေပးထားႏိုင္ပါတယ္။ တခ်ိဴ႕ေသာ ကြၽမ္းက်င္ပညာရွင္မ်ားကေတာ့ OnePlus 7 Pro ဟာ OnePlus 6T ထက္ ကန္ေဒၚလာ ၂၀၀ (ျမန္မာေငြ ၃သိန္း ဝန္းက်င္) ပိုမိုက်သင့္ႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

Ref : Xda-developer

[Unicode]

Triple Camera Setup နဲ့အတူ အလန်းစား Display ကြီးကို အသုံးပြုထားနိုင်တဲ့ OnePlus 7 Pro

အခုဆိုရင် OnePlus ဟာ သူတို့ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းတွေဖြစ်တဲ့ OnePlus 7 စီးရီးကို နောက်လထဲမှာ မိတ်ဆက်နိုင်ဖို့အတွက် ပြင်ဆင်နေပါပြီ။ OnePlus ရဲ့ CEO ဖြစ်သူ Pete Lau ကတော့ OnePlus 7 Pro မော်ဒယ်မှာ 5G ကွန်ရက်ကို ထောက်ပံ့ပေးထားပြီး အဆင့်မြှင့်တင်ထားတဲ့ Display ပါဝင်မယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ ဒါ့အပြင် OnePlus 7 Pro မှာ Triple Camera Setup ကို တပ်ဆင်ထားတယ်ဆိုတာကိုလည်း Teaser ဗီဒီယိုကနေတစ်ဆင့် အရိပ်အမြွက်အနေနဲ့ ထုတ်ဖော်ပြသထားပါသေးတယ်။

အဆိုပါ Teaser ဗီဒီယိုကို OnePlus ရဲ့ တရားဝင် တွစ်တာစာမျက်နှာမှာ “ Bells and whistles make noise. We make phones.” ဆိုတဲ့ စာသားတွေနဲ့အတူ လွှင့်တာခဲ့တာဖြစ်ပြီး #OnePlus7Pro ကို Hashtag အနေနဲ့ ထည့်သွင်းရေးသားထားတာ တွေ့ရပါတယ်။ ကြာမြင့်ချိန် ၁၀စက္ကန့်သာရှိတဲ့ ဗီဒီယိုဟာ Triple Camera Setup တပ်ဆင်ထားတဲ့ ဖုန်းရဲ့ နောက်ကျောဘက်ဒီဇိုင်းကိုသာ အသားပေးဖော်ပြသွားတာ ဖြစ်ပါတယ်။

OnePlus 7 Pro နဲ့ပတ်သတ်ပြီး လက်ရှိအချိန်ထိ ကြားသိခဲ့ရတဲ့ သတင်းတွေအရဆိုရင် အဆိုပါ စမတ်ဖုန်းမှာ Refresh rate 90Hz အထိရှိတဲ့ QuadHD+ Super AMOLED Display အသုံးပြုထားနိုင်ပါတယ်။ ဘက်ထရီသိုလှောင်မှု ပမာဏ 4000mAh ထည့်သွင်းထားနိုင်ပြီး 30W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားနိုင်ပါတယ်။ တချိူ့သော ကျွမ်းကျင်ပညာရှင်များကတော့ OnePlus 7 Pro ဟာ OnePlus 6T ထက် ကန်ဒေါ်လာ ၂၀၀ (မြန်မာငွေ ၃သိန်း ဝန်းကျင်) ပိုမိုကျသင့်နိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။

Ref : Xda-developer