[Zawgyi]

လေပါင္းမ်ားစြာ သတင္းေတြထြက္ေနတဲ့ OnePlus 7T ကို တရား၀င္ေၾကညာလိုက္ပါၿပီ။ အရင္မ်ိဳးဆက္ထက္ Camera နဲ႔ Display ကို အဓိက အဆင့္ျမွင့္ထားပါတယ္။ အေနာက္ကင္မရာ ၃ လံုးနဲ႔ စလိုက္ခ်င္ပါတယ္။ 48MP Main Sensor အေနနဲ႔ Sony IMX586 Sensor ကိုပဲ သံုးထားေပမယ့္ ပိုေတာက္ပတဲ့ အလင္း၀င္ေပါက္ (f/1.6) ကို အစားထိုးထားတဲ့ အတြက္ OnePlus 7 Pro နဲ႔ တူသြားပါတယ္။

2x Optical Zoom ပါတဲ့ 12MP Telephoto နဲ႔ 16MP 117° Ultrawide Camera ေတြကို အေနာက္ဘက္မွာ အားျဖည့္ထားပါတယ္။ အလင္းေရာင္နည္းပါးခ်ိန္မွာ အလန္းစား ဓါတ္ပုံေတြ ဖမ္းယူေပးႏိုင္တဲ့ Nightscape အျပင္ ၂.၅ စင္တီမီတာ အကြာအေဝးကေန အနီးကပ္ဓာတ္ပုံေတြ ႐ိုက္ကူးႏိုင္မယ့္ Macro Mode နဲ႔အတူ 720p မွာ 960fps နဲ႔႐ိုက္ကူးႏိုင္မယ့္ Slow-motion Mode ေတြ ပါဝင္လာခဲ့ပါတယ္။

၆.၅၅ လက္မ Full HD+ Fulid AMOLED Display ကို သံုးထားၿပီး 90Hz Refresh Rate က ဂိမ္းေတြ ေဆာ့ရင္ ဖလန္းဖလန္းထေနမွာပါ။ အရြယ္ေသး Notch မွာ 16MP Camera တပ္ထားပါတယ္။ HDR10+ ကို ေထာက္ပံ့တဲ့အတြက္ ရုပ္ရွင္၊ ဗီဒီယိုေတြ ၾကည့္ရင္ အေရာင္အေသြး အရမ္းကို စံုလင္မွာပါ။ Warp Charge 30T က နာရီ၀က္အတြင္းမွာ 3,800mAh Battery ကို ၇၀ ရာခုိင္ႏႈန္း အားသြင္းေပးပါတယ္။ Wireless Charging မပါတာကေတာ့ စြမ္းရည္ျမင့္ ဖုန္းအတြက္ အားနည္းခ်က္လို႔ ထင္ပါတယ္။

Glacier Blue နဲ႔ Frosted Silver အေရာင္ေတြ ထုတ္လုပ္ထားၿပီး အေနာက္ဘက္ဟာ အေရာင္ေျပာင္းဒီဇိုင္းဆိုေတာ့ ေနာက္ဆံုးေပၚ Trend ပါ။ Chipset ကို Snapdragon 855+ နဲ႔ အဆင့္ျမွင့္ထားၿပီး 8GB RAM ပါပါတယ္။ ေနာက္ဆံုးထုတ္ Android 10 ထည့္ထားတာက မိုက္ပါတယ္။ စက္တင္ဘာလ ၂၈ ရက္မွာ Prime Members ေတြအတြက္ အိႏၵိယမွာ အေစာဆံုး ေရာင္းမွာပါ။ 128GB Storage ကို ရူပီး ၃၈,၀၀၀ နဲ႔ 256GB Storage ကို ရူပီး ၄၀,၀၀၀ သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၈၂၀,၀၀၀ နဲ႔ ၈၆၀,၀၀၀ ေလာက္ရွိပါတယ္။

Ref : gsmarena

[Unicode]

Snapdragon 855+ နဲ့ 90Hz Display ပါတဲ့ OnePlus 7T ကို ကြေညာပြီ

လပေါင်းများစွာ သတင်းတွေထွက်နေတဲ့ OnePlus 7T ကို တရားဝင်ကြေညာလိုက်ပါပြီ။ အရင်မျိုးဆက်ထက် Camera နဲ့ Display ကို အဓိက အဆင့်မြှင့်ထားပါတယ်။ အနောက်ကင်မရာ ၃ လုံးနဲ့ စလိုက်ချင်ပါတယ်။ 48MP Main Sensor အနေနဲ့ Sony IMX586 Sensor ကိုပဲ သုံးထားပေမယ့် ပိုတောက်ပတဲ့ အလင်းဝင်ပေါက် (f/1.6) ကို အစားထိုးထားတဲ့ အတွက် OnePlus 7 Pro နဲ့ တူသွားပါတယ်။

2x Optical Zoom ပါတဲ့ 12MP Telephoto နဲ့ 16MP 117° Ultrawide Camera တွေကို အနောက်ဘက်မှာ အားဖြည့်ထားပါတယ်။ အလင်းရောင်နည်းပါးချိန်မှာ အလန်းစား ဓါတ်ပုံတွေ ဖမ်းယူပေးနိုင်တဲ့ Nightscape အပြင် ၂.၅ စင်တီမီတာ အကွာအဝေးကနေ အနီးကပ်ဓာတ်ပုံတွေ ရိုက်ကူးနိုင်မယ့် Macro Mode နဲ့အတူ 720p မှာ 960fps နဲ့ရိုက်ကူးနိုင်မယ့် Slow-motion Mode တွေ ပါဝင်လာခဲ့ပါတယ်။

၆.၅၅ လက်မ Full HD+ Fulid AMOLED Display ကို သုံးထားပြီး 90Hz Refresh Rate က ဂိမ်းတွေ ဆော့ရင် ဖလန်းဖလန်းထနေမှာပါ။ အရွယ်သေး Notch မှာ 16MP Camera တပ်ထားပါတယ်။ HDR10+ ကို ထောက်ပံ့တဲ့အတွက် ရုပ်ရှင်၊ ဗီဒီယိုတွေ ကြည့်ရင် အရောင်အသွေး အရမ်းကို စုံလင်မှာပါ။ Warp Charge 30T က နာရီဝက်အတွင်းမှာ 3,800mAh Battery ကို ၇၀ ရာခိုင်နှုန်း အားသွင်းပေးပါတယ်။ Wireless Charging မပါတာကတော့ စွမ်းရည်မြင့် ဖုန်းအတွက် အားနည်းချက်လို့ ထင်ပါတယ်။

Glacier Blue နဲ့ Frosted Silver အရောင်တွေ ထုတ်လုပ်ထားပြီး အနောက်ဘက်ဟာ အရောင်ပြောင်းဒီဇိုင်းဆိုတော့ နောက်ဆုံးပေါ် Trend ပါ။ Chipset ကို Snapdragon 855+ နဲ့ အဆင့်မြှင့်ထားပြီး 8GB RAM ပါပါတယ်။ နောက်ဆုံးထုတ် Android 10 ထည့်ထားတာက မိုက်ပါတယ်။ စက်တင်ဘာလ ၂၈ ရက်မှာ Prime Members တွေအတွက် အိန္ဒိယမှာ အစောဆုံး ရောင်းမှာပါ။ 128GB Storage ကို ရူပီး ၃၈,၀၀၀ နဲ့ 256GB Storage ကို ရူပီး ၄၀,၀၀၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၈၂၀,၀၀၀ နဲ့ ၈၆၀,၀၀၀ လောက်ရှိပါတယ်။

Ref : gsmarena