OnePlus က 7T နဲ့ 7T Pro အတွက် Oxygen OS Open Beta နောက်ဆုံးထုတ် ဗားရှင်းကို ဖြန့်ချိပေးလိုက်ပြီး Video Recording Modes အသစ်တွေ ပါလာပါတယ်။ တရားဝင် Changelog ကို OnePlus Forums မှာ တင်ထားပေမယ့် Video Modes အသစ်တွေကို မဖော်ပြထားပါဘူး။

အဲဒီလုပ်ဆောင်ချက်ကို Reddit User Sneakerspark က တွေ့ရှိခဲ့တာ ဖြစ်ပြီး Screenshot ကို မျှဝေလိုက်တာပါ။ Ultrawide ကင်မရာမှာ 4K Recording Option ပါလာပါတယ်။ ဒါ့အပြင် 7T နဲ့ 7T Pro အတွက် Oxygen OS Open Beta 3 မှာ 960fps Slo-mo 720p Resolution ထည့်ထားပါတယ်။ 7T ရဲ့ Ultrawide နဲ့ Main 48MP ကင်မရာတွေဟာ 960fps ဖမ်းယူဖို့ Hardware တွေ ပါပါတယ်။

OnePlus က ဒီလုပ်ဆောင်ချက်တွေကို Official Oxygen OS မှာ ထည့်သွင်းပေးမယ့် အချိန်ကို မပြောသေးပါဘူး။ Changelog မှာလည်း မဖော်ပြထားသေးပါဘူး။

Ref : gsmarena