[Zawgyi]

OnePlus 7T Pro နဲ႔ OnePlus 7T Pro McLaren Edition ကို လန္ဒန္မွာ ၿပီးခဲ့တဲ့ ႏွစ္ပတ္ေလာက္က ေၾကညာခဲ့ပါတယ္။ အခုေတာ့ OnePlus 7T Pro ရဲ႕  5G Version ကိုေၾကညာလိုက္ပါၿပီ။ အေမရိကန္မွာ T-Mobile ကေနပဲ ၀ယ္ယူႏုိင္မွာ ျဖစ္ပါတယ္။ OnePlus 7T Pro နဲ႔ OnePlus 7T Pro McLaren Edition ကို အေမရိကန္မွာ မေရာင္းတဲ့အတြက္ 5G ဆက္သြယ္မႈပါတဲ့ OnePlus 7T Pro McLaren Edition ကို ေစာင့္ေမွ်ာ္ေနသူေတြအတြက္ သတင္းေကာင္းပါ။

T-Mobile က OnePlus 7T Pro 5G McLaren ဟာ 600MHz Spectrum သံုးထားတဲ့ သူတို႔ရဲ႕ အလန္းစား 5G ကြန္ရက္ကို အေကာင္းဆံုး အသံုးခ်ႏုိင္မယ္လို႔ ေျပာပါတယ္။ အေမရိကန္မွာ 5G ကြန္ရက္ကို ဒီႏွစ္ကုန္မွာ လူေပါင္း သန္း ၂၀၀ ေလာက္ အသံုးျပဳႏုိင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။

OnePlus 7T Pro 5G McLaren Edition မွာ Snapdragon X55 5G Modem ပါတာကလြဲရင္ တျခား Specs ေတြက Standard McLaren Edition နဲ႔ တူညီပါတယ္။ OnePlus 7T Pro 5G McLaren Edition မွာ ၆.၆၇ လက္မ Curved AMOLED QHD+ Display ထည့္သြင္းထားပါတယ္။ Snapdragon 855 Plus Chipset ေမာင္းႏွင္ထားပါတယ္။

12GB RAM နဲ႔ 256GB UFS 3.0 Storage ေတြ ထည့္သြင္းထားပါတယ္။ အေနာက္ဘက္မွာ 48MP + 16MP + 8MP Triple Camera နဲ႔ အေရွ႕ဘက္မွာ 16MP Pop-up Camera ပါလာပါတယ္။ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ျမွပ္ႏွံထားၿပီး Android 10 နဲ႔ Warp Charge 30T ေထာက္ပံ့တဲ့ 4,085mAh Battery ထည့္ထားပါတယ္။ ေစ်းႏႈန္း မသိရေသးေပမယ့္ ႀကိဳတင္ စာရင္းေပးထားႏုိင္ပါၿပီ။

Ref : gizmochina

[Unicode]

OnePlus 7T Pro 5G McLaren ကို ကြေညာပြီ

OnePlus 7T Pro နဲ့ OnePlus 7T Pro McLaren Edition ကို လန်ဒန်မှာ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ကြေညာခဲ့ပါတယ်။ အခုတော့ OnePlus 7T Pro ရဲ့ 5G Version ကိုကြေညာလိုက်ပါပြီ။ အမေရိကန်မှာ T-Mobile ကနေပဲ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ OnePlus 7T Pro နဲ့ OnePlus 7T Pro McLaren Edition ကို အမေရိကန်မှာ မရောင်းတဲ့အတွက် 5G ဆက်သွယ်မှုပါတဲ့ OnePlus 7T Pro McLaren Edition ကို စောင့်မျှော်နေသူတွေအတွက် သတင်းကောင်းပါ။

T-Mobile က OnePlus 7T Pro 5G McLaren ဟာ 600MHz Spectrum သုံးထားတဲ့ သူတို့ရဲ့ အလန်းစား 5G ကွန်ရက်ကို အကောင်းဆုံး အသုံးချနိုင်မယ်လို့ ပြောပါတယ်။ အမေရိကန်မှာ 5G ကွန်ရက်ကို ဒီနှစ်ကုန်မှာ လူပေါင်း သန်း ၂၀၀ လောက် အသုံးပြုနိုင်ဖို့ မျှော်လင့်ထားပါတယ်။

OnePlus 7T Pro 5G McLaren Edition မှာ Snapdragon X55 5G Modem ပါတာကလွဲရင် တခြား Specs တွေက Standard McLaren Edition နဲ့ တူညီပါတယ်။ OnePlus 7T Pro 5G McLaren Edition မှာ ၆.၆၇ လက်မ Curved AMOLED QHD+ Display ထည့်သွင်းထားပါတယ်။ Snapdragon 855 Plus Chipset မောင်းနှင်ထားပါတယ်။

12GB RAM နဲ့ 256GB UFS 3.0 Storage တွေ ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 48MP + 16MP + 8MP Triple Camera နဲ့ အရှေ့ဘက်မှာ 16MP Pop-up Camera ပါလာပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး Android 10 နဲ့ Warp Charge 30T ထောက်ပံ့တဲ့ 4,085mAh Battery ထည့်ထားပါတယ်။ ဈေးနှုန်း မသိရသေးပေမယ့် ကြိုတင် စာရင်းပေးထားနိုင်ပါပြီ။

Ref : gizmochina