[Zawgyi]

OnePlus က  7T ရဲ႕ လုပ္ေဆာင္ခ်က္ေတြကို မိတ္ဆက္ပြဲမွာ ေၾကညာခဲ့ေပမယ့္ အားလံုးကို မထည့္သြင္းေပးရေသးပါဘူး။ အဲဒီ အထဲမွာ Super Slow-Motion Video Recording လည္း ပါပါတယ္။ အခုေတာ့ ဒီလုပ္ေဆာင္ခ်က္ကို ေနာက္ထုတ္မယ့္ Update မွာ ထည့္သြင္းေပးေတာ့မွာ ျဖစ္ပါတယ္။ အလန္းစား အေႏွး ဗီဒီယိုေတြ ရိုက္ကူးခ်င္သူေတြအတြက္ ရွယ္ပါပဲ။

ကုမၸဏီက ဒီသတင္းကို အတည္ျပဳလိုက္တာ ျဖစ္ၿပီး 720p 960fps Super Slow-Motion Video ေတြကို ဖမ္းယူေပးႏုိင္ပါတယ္။ 720p 480fps Video Recording ပါတဲ့ အရင္ OnePlus Phones ေတြထက္ တစ္ဆင့္ျမင့္သြားတာျဖစ္ပါတယ္။ ဒါေပမယ့္ OnePlus 7T ရဲ႕ ဆန္ဆာက တစ္စကၠန္႔မွာ ၉၆၀ ဖရိမ္ကို ဖမ္းယူေပးႏုိင္ျခင္း မရွိပါဘူး။ အဲဒီအတြက္ ေဆာ့ဖ္၀ဲ လုပ္ေဆာင္ခ်က္နဲ႔ ပံ့ပိုးေပးထားႏုိင္ပါတယ္။

OnePlus 7T မွာ Ultra-wide Camera ကို သံုးၿပီး 4K Video ေတြကို ဖမ္းယူေပးႏုိင္တဲ့ စြမ္းရည္လည္း ပါပါတယ္။ 2160p Video Recording ဟာ ပင္မ ကင္မရာနဲ႔ Telephoto တို႔အတြက္သာ ျဖစ္ၿပီး Ultra-wide ကေတာ့ 1080p သာ ဖမ္းယူေပးႏုိင္ပါတယ္။ ဘာ့ေၾကာင့္လဲ ဆိုတာေတာ့ အေျဖရွာမရေသးပါဘူး။ OnePlus 7 Pro မွာလည္း အစပိုင္းမွာ အဲဒီ Option မပါလာခဲ့ပါဘူး။ ၿပီးခဲ့တဲ့ တစ္ပတ္က ျဖန္႔ခ်ိေပးခဲ့တဲ့ Android 10 Update နဲ႔ ပါလာတာ ျဖစ္ပါတယ္။

OnePlus 7T ကို ၿပီးခဲ့တဲ့ ရက္ပိုင္းကမွ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ 128GB Storage ကို ရူပီး ၃၈,၀၀၀ နဲ႔ 256GB Storage ကို ရူပီး ၄၀,၀၀၀ သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၈၂၀,၀၀၀ နဲ႔ ၈၆၀,၀၀၀ ေလာက္ရွိပါတယ္။

Ref : gsmarena

[Unicode]

OnePlus 7T ရဲ့ Update မှာ 960fps Super Slow-Motion Recording ပါလာမယ်

OnePlus က 7T ရဲ့ လုပ်ဆောင်ချက်တွေကို မိတ်ဆက်ပွဲမှာ ကြေညာခဲ့ပေမယ့် အားလုံးကို မထည့်သွင်းပေးရသေးပါဘူး။ အဲဒီ အထဲမှာ Super Slow-Motion Video Recording လည်း ပါပါတယ်။ အခုတော့ ဒီလုပ်ဆောင်ချက်ကို နောက်ထုတ်မယ့် Update မှာ ထည့်သွင်းပေးတော့မှာ ဖြစ်ပါတယ်။ အလန်းစား အနှေး ဗီဒီယိုတွေ ရိုက်ကူးချင်သူတွေအတွက် ရှယ်ပါပဲ။

ကုမ္ပဏီက ဒီသတင်းကို အတည်ပြုလိုက်တာ ဖြစ်ပြီး 720p 960fps Super Slow-Motion Video တွေကို ဖမ်းယူပေးနိုင်ပါတယ်။ 720p 480fps Video Recording ပါတဲ့ အရင် OnePlus Phones တွေထက် တစ်ဆင့်မြင့်သွားတာဖြစ်ပါတယ်။ ဒါပေမယ့် OnePlus 7T ရဲ့ ဆန်ဆာက တစ်စက္ကန့်မှာ ၉၆၀ ဖရိမ်ကို ဖမ်းယူပေးနိုင်ခြင်း မရှိပါဘူး။ အဲဒီအတွက် ဆော့ဖ်ဝဲ လုပ်ဆောင်ချက်နဲ့ ပံ့ပိုးပေးထားနိုင်ပါတယ်။

OnePlus 7T မှာ Ultra-wide Camera ကို သုံးပြီး 4K Video တွေကို ဖမ်းယူပေးနိုင်တဲ့ စွမ်းရည်လည်း ပါပါတယ်။ 2160p Video Recording ဟာ ပင်မ ကင်မရာနဲ့ Telephoto တို့အတွက်သာ ဖြစ်ပြီး Ultra-wide ကတော့ 1080p သာ ဖမ်းယူပေးနိုင်ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတာတော့ အဖြေရှာမရသေးပါဘူး။ OnePlus 7 Pro မှာလည်း အစပိုင်းမှာ အဲဒီ Option မပါလာခဲ့ပါဘူး။ ပြီးခဲ့တဲ့ တစ်ပတ်က ဖြန့်ချိပေးခဲ့တဲ့ Android 10 Update နဲ့ ပါလာတာ ဖြစ်ပါတယ်။

OnePlus 7T ကို ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ကြေညာခဲ့တာ ဖြစ်ပါတယ်။ 128GB Storage ကို ရူပီး ၃၈,၀၀၀ နဲ့ 256GB Storage ကို ရူပီး ၄၀,၀၀၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၈၂၀,၀၀၀ နဲ့ ၈၆၀,၀၀၀ လောက်ရှိပါတယ်။

Ref : gsmarena