OnePlus က စွမ်းရည်မြင့် 8 နဲ့ 8 Pro ကို အိန္ဒိယမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က ကြေညာခဲ့ပေမယ့် ကိုရိုနာဗိုင်းရက်စ်ကြောင့် မရောင်းချပေးခဲ့သေးပါဘူး။ Amazon က မေလ ၁၁ ရက်နေ့မှာ ရောင်းဖို့ စီစဉ်ခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး။ အခုတော့ OnePlus India က 8 နဲ့ 8 Pro ကို မေလ ၂၉ ရက်နေ့မှာ ရောင်းမယ်လို့ ကြေညာလိုက်ပါတယ်။ Amazon ၊ OnePlus Website နဲ့ စတိုးဆိုင်တွေကနေ   ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဖုန်း ၂ လုံးစလုံးအတွက် Limited Edition Pop Up Bundle ကို ထုတ်လုပ်ပေးထားပြီး ဖုန်းနဲ့အတူ Bullets Wireless Z Headphones , Cyan Bumper Case  နဲ့ Karbon Bumper Case တွေပါပါတယ်။ Bundle ကို စမတ်ဖုန်း ဈေး အပြင်  ရူပီး  ၁,၀၀၀ နဲ့ ရောင်းပေးမှာ ဖြစ်ပြီး မြန်မာငွေ ၁၈,၀၀၀ ပဲ အပိုပေးရမှာပါ။

OnePlus 8 ရဲ့ 6/128GB ကို ၄၁,၉၉၉ ရူပီး၊ 8/128GB ကို ၄၄,၉၉၉ ရူပီးနဲ့ 12/256GB ကို ၄၉,၉၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၇ သိန်း ၉ သောင်း၊ ၈ သိန်း ၄ သောင်းနဲ့ ၉ သိန်း ၄ သောင်း အသီးသီး ကျသင့်မှာပါ။ OnePlus 8 Pro ရဲ့ 8/128GB ကို ၅၄,၉၉၉ ရူပီးနဲ့ 12/256GB ကို ၅၉,၉၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၁၀ သိန်းနဲ့ ၁၁ သိန်းလောက် အသီးသီး ကျသင့်မှာပါ။  အစောဆုံး ဝယ်မယ့်သူတွေဟာ 8 Pro အတွက် ရူပီး ၃,၀၀၀ ၊ 8 အတွက် ရူပီး ၂,၀၀၀ လျှော့ဈေးရမှာပါ။

Ref : gsmarena