OnePlus 8 နဲ့ 8 Pro ကိ မကြာခင်မှာ ရောင်းချပေးတော့မှာ ဖြစ်ပြီး ဝယ်ယူသူတွေဟာ ဘူးထဲက ထုတ်ပြီးတာနဲ့ ပထမဆုံး Software Update ကို တင်နိုင်မှာ ဖြစ်ပါတယ်။ Android 10 အခြေပြု OxygenOS 10.5.4 ကို  ဖြန့်ချိပေးလိုက်တာ ဖြစ်ပြီး Update မှာ ပြဿနာများစွာကို ဖြေရှင်းပေးထားသလို System Features တွေ ပိုကောင်းအောင် ပြုလုပ်ပေးထားပါတယ်။ ဖုန်း ၂ လုံးစလုံးရဲ့ Changelog တွေက တူပြီး အောက်ကပုံမှာ လေ့လာနိုင်ပါတယ်။

Update မှာ ၂၀၂၀ ခုနှစ် မတ်လအတွက် Security Patch ပဲပါလာတဲ့အတွက် ၁ လ နောက်ကျနေပါတယ်။ OnePlus ဟာ နောက်ပိုင်းမှာ Security Updates တွေကို အချိန်နဲ့တစ်ပြေးညီ ဖြန့်ချိရာမှာ ပိုကောင်းလာမယ်လို့ ထင်ပါတယ်။

Software Update အသစ်ကြောင့် OnePlus 8 Series နဲ့အတူ ကြေညာခဲ့တဲ့ OnePlus Bullets Wireless Z ဟာ အသံအရည်အသွေး ပိုကောင်းအောင် Dolby Atmos နဲ့ ပူးပေါင်းလာနိုင်ပါတယ်။

Ref : gsmarena