မတ်လဆန်းက ထွက်ခဲ့တဲ့ OnePlus 8 စီးရီးကို ဧပြီလထဲမှာမိတ်ဆက်မယ်ဆိုတဲ့သတင်းက အမှန်ပါပဲ။ ကုမ္ပဏီရဲ့ အစီအစဉ်အရ ဧပြီလ ၁၅ ရက်နေ့မှာ ပွဲထုတ်သွားမှာဖြစ်တယ်လို့ အတွင်းသတင်းတွေအရ သိရပါတယ်။ ဒါပေမယ့် OnePlus 8 နဲ့ OnePlus 8 Pro flagship မော်ဒယ်နှစ်မျိုးပဲ မိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။

OnePlus 8 စီးရီးထဲက နောက်ထပ်မျိုးကွဲဖြစ်တဲ့ OnePlus 8 Lite ကတော့ ပွဲထွက်လာဖို့ရာ နည်းနည်းတော့ နှောင့်နှေးနေတာပါ။ ကနဦးတုန်းက မတ်လလယ်မှာ မိတ်ဆက်ဖို့ စီစဉ်ထားပေမယ့် COVID-19 ဂယက်ကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး၊ အခုလည်း OnePlus 8 စီးရီးမိတ်ဆက်မှုကို Online event အဖြစ်ပဲ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

OnePlus 8 Lite ဟာ 8 နဲ့ 8 Pro တို့လို Qualcomm Processor အသုံးပြုမှာမဟုတ်ဘဲ MediaTek Dimensity chip ကို အသုံးပြုထားမှာလည်း ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ (မြန်မာငွေ ၆သိန်း ၈သောင်း ဝန်းကျင်) ကျသင့်မယ်လို့ သတင်းထွက်ထားပြီး OnePlus 8 စီးရီးထဲမှာ ဈေးအသက်သာဆုံး ဖြစ်မှာပါ။ OnePlus 8 Lite ကို ဘယ်အချိန်မှာ မိတ်ဆက်မယ် မသိရသေးပေမယ့် လအနည်းငယ်ကြာ ရွှေ့ဆိုင်းလိုက်ဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။

Online Event နဲ့ မိတ်ဆက်သွားမယ်ဆိုတဲ့ OnePlus 8 နဲ့ 8 Pro တွေကို ဘယ်အချိန် ဈေးကွက်ထဲမှာ ဝယ်လို့ရမယ်ဆိုတဲ့ သတင်းအတိအကျ သိရတာ မရှိသေးပါဘူး။ အခြေအနေကတော့ COVIC-19 ကို တရုတ်နိုင်ငံက ဘယ်လောက် ထိန်းချုပ်နိုင်ပြီလဲဆိုတာနဲ့ ကုမ္ပဏီရဲ့ ထုတ်လုပ်မှုဘယ်လောက်ထိ ပြန်ကောင်းလာသလဲဆိုတာတွေပေါ် မူတည်နေတာ ဖြစ်ပါတယ်။

Ref: GSM Arena