OnePlus 8 နဲ့ OnePlus 8 Pro ကို ကုမ္ပဏီရဲ့ အိန္ဒိယ ဝက်ဘ်ဆိုက်မှာ စာရင်းတင်ထားပါတယ်။ ဒါပေမယ့် ရောင်းချမယ့် အချိန်ကို မဖော်ပြထားပါဘူး။ အခုတော့ Amazon India က မေလ ၁၁ ရက်နေ့မှာ ရောင်းချပေးမယ်လို့ ကြေညာလိုက်ပြီး ကြိုတင်မှာယူခွင့်ပြုလိုက်ပါတယ်။ Amazon Pay အကောင့်ကနေ ဝယ်ယူရင် ရူပီး ၁,၀၀၀ ပြန်ရမှာပါ။

အနည်းဆုံး ရူပီး ၁,၀၀၀ တန်တဲ့ Gift Card ကို ဝယ်ယူရမှာ ဖြစ်ပြီး မေလ ၁၁ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့အတွင်း OnePlus 8 Series စမတ်ဖုန်းကို ဝယ်ရင် ရက် ၃၀ အတွင်းမှာ သင့် Amazon Pay အကောင့်ထဲကို ရူပီး ၁,၀၀၀ ပြန်ထည့်ပေးမှာ ဖြစ်ပါတယ်။

OnePlus က ကုမ္ပဏီရဲ့ ကိုယ်ပိုင် ဝက်ဘ်ဆိုက် ကနေ ဖုန်းတွေ ရောင်းချပေးနေပါတယ်။ မော်ဒယ်နဲ့ မန်မိုရီ ဗားရှင်းပေါ် မူတည်ပြီး ဈေးက ရူပီး ၄၄,၉၉၉ ကနေ ၅၉,၉၉၉ အထိ အစားစား ရှိပါတယ်။ မြန်မာငွေ ၈ သိန်း ၄ သောင်း ကနေ ၁၁ သိန်း ၂ သောင်းအထိ ကျသင့်မှာပါ။ ဒါပေမယ့် OnePlus Store မှာ ကြိုတင်မှာယူခွင့် မပြုသေးဘဲ စားရင်းပေးသွင်းထားသူတွေကို ဖုန်း ရောင်းရင် အကြောင်းကြားပေးမှာပါ၊။

Ref : gsmarena