OnePlus ကနေ လာမယ့် ဧပြီလ ၁၄ ရက်နေ့မှာ OnePlus 8 Series ဖုန်းသစ်တွေကို မိတ်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။ မိတ်ဆက်ဖို့အချိန်လိုနေသေးတယ်ဆိုပေမယ့် Display ပိုင်းစမ်းသပ်တဲ့ Website တစ်ခုဖြစ်တဲ့ DisplayMate ကတော့ OnePlus 8 Series ဖုန်းတွေကို စမ်းသပ်ပြီးသွားတဲ့ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် DisplayMate ကနေပြီး OnePlus 8 Series ဖုန်းတွေဟာ Display Performance ပိုင်းမှာ Record ၁၀ ခုကျော်ကို ချိုးဖြတ်နိုင်ခဲ့ပြီး လက်ရှိ DisplayMate ရဲ့ A+ Rating ကို ရရှိခဲ့သလို အကောင်းဆုံး Best Smartphone Display Award ကိုပါ ရရှိခဲ့တယ်လို့ ကြေညာလိုက်တာကြောင့်ဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ OnePlus ရဲ့ CEO ဖြစ်တဲ့ Pete Lau ကနေ OnePlus 8 Pro ဖုန်းက Display Performance Record ၁၃ ခုကို ချိုးဖြတ်နိုင်ခဲ့တယ်လို့ပါ ပြောကြားခဲ့ပါတယ်။ အဲ့ဒီအတွက် သာမန် OnePlus 8 ဖုန်းက OnePlus 8 Pro ထက် အနည်းငယ်တော့ အားနည်းနိုင်ပါတယ်။

လောလောဆယ်သိရှိထားတဲ့သတင်းတွေအရတော့ OnePlus 8 Series စမတ်ဖုန်းတွေဟာ QHD+ OLED Display တွေကို အသုံးပြုလာမှာဖြစ်ပြီး OnePlus 8 Pro မှာ 120Hz Refresh Rate Support နဲ့ ပုံမှန် OnePlus 8 ဖုန်းမှာတော့ 90Hz Refresh Rate ကို Support ပေးလာမှာဖြစ်ပါတယ်။

Ref – GSM Arena